ဗဟိုဘဏ်အနေနဲ့  ခေတ်နှင့်မလျော်ညီတော့တဲ့ ငွေအကြွေတချို့ကို တရားဝင်သုံးစွဲခွင့် ရုပ်သိမ်းသင့်

ရန်ကုန် ၊ မတ် ၁၃

TGH (VOM)

 

အခုခေတ်  လူမှုအသိုင်းအဝိုင်း ပြည်သူတွေအကြားမှာ ငွေကြေးသုံးစွဲတဲ့အခါ   ခေတ်နဲ့လျော်ညီမှုမရှိတော့တဲ့ ငွေစက္ကူအကြွေတွေကို ဗဟိုဘဏ်အနေနဲ့  တရားဝင်ဖျက်သိမ်းသင့်တယ်လို့ ပြည်သူတချို့က ဝေဖန်အကြံပြုပြောဆိုခဲ့တယ်။

ဒါနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ သတင်းနဲ့လုံခြုံရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဘဏ်အနေနဲ့ တရားဝင်သုံးစွဲခွင့်ဖျက်သိမ်းထားတဲ့ငွေအကြွေ ၇၅ ကျပ်တန် ၂၅ကျပ်တန် ၃၅ ကျပ်တန်တွေသာရှိကြောင်း၊ ကျန်တဲ့ ၁ ကျပ်တန်ကအစ အကြွေတွေဟာ ဗဟိုဘဏ်ရဲ့ တရားဝင်သုံးစွဲလျက်ရှိတဲ့ငွေစက္ကူထဲမှာပါဝင်တာကြောင့် နေရာတိုင်းမှာသုံးစွဲခွင့်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုတဲ့အပေါ် ပြည်သူတစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်က “တရားဝင် သုံးစွဲခွင့်ရှိတယ်ဆိုတာ မှန်ပါတယ်။တကယ်တမ်းသုံးစွဲတဲ့အခါမှာကျ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ငွေနှစ်ရာပြည့်ဖို့တောင် ၅ကျပ်တန်ကို အရွက် ၄၀ ကိုင်ရမယ်။ ဒီနေ့ခေတ်အနေနဲ့ ဘယ်လိုမှ အဆင်မပြေတဲ့အနေထားဖြစ်တယ်။ဒီတော့ ဒါတွေကို ဗဟိုဘဏ်အနေနဲ့ သုံးစွဲခွင့် ရပ်လိုက်သင့်တယ်။ပြီးရင် ငွေအကြွေလဲချင်တဲ့သူတွေကို ဘဏ်မှာ ရက်တခုသတ်မှတ်ပြီးပြန်လဲလှယ်ပေး၊ ဘယ်သူမှလည်း လဲမယ်မထင်ပါဘူး၊အားလုံးက ကိုယ်ငယ်ငယ်ထဲကသုံးတာ အမှတ်တရ သိမ်းထားမှာပါ။သုံးဖို့အဆင်မပြေတော့တဲ့ အကြွေတွေကို သုံးစွဲခွင့်ပိတ်လိုက်တာက အကောင်းဆုံးပဲ။မဟုတ်ရင် ပြီးခဲ့တဲ့ရက်ပိုင်းကကြည့် ၅ ကျပ်တန်ကိစ္စဖြစ်တာ၊ဒါအလုပ်သမားကိုအလုပ်ထုတ်စရာမရှိဘူး။နစ်နာတယ် ။”လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့ရက်က ဖြစ်ပွားခဲ့တဲ့ ငါးကျပ်တန်နဲ့ ဂိတ်ကြေးပေးဆောင်ခဲ့ရာမှ ဂိတ်တာဝန်ကျဝန်ထမ်းက လက်မခံကြောင်းပြောဆိုခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုပျံ့နှံ့ခဲ့ပြီး ဝန်ထမ်းကိုအလုပ်ထုပ်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ လူမှုကွန်ယက်စာမျက်နာသာမက ပြင်ပလူအသိုင်းဝိုင်းမှာပါ နှစ်ဖက်စလုံးကို ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ပါတယ်။

ဒီလို ဗဟိုဘဏ်ရဲ့ တရားဝင်သုံးစွဲခွင့်ပြုထားတဲ့ တဲ့ငွေစက္ကူတွေကို လက်မခံတာ၊ သုံးလို့မရဘူး ၊ ငွေပေးချေမှုလက်မခံတာတွေရှိလာရင်ဗဟိုဘဏ်ဥပဒေအရ ရဲစခန်းမှာတိုင်ချက်ဖွင့်လှစ်အရေးယူနိုင်တယ်လို့ ဗဟိုဘဏ်ရဲ သတင်းနဲ့လုံခြုံရေးဌာနက တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။

” ငါးကျပ်တန်အပါအဝင် တခြားငွေအကြွေ တစ်ကျပ်ကစ သုံးစွဲခွင့် ရပ်စဲထားတာမရှိဘူး၊၃၅ ၊၇၅၊၂၅ပဲဖျက်သိမ်းထားတယ်။ကျန်တာတရားဝင်ငွေစက္ကူဖြစ်တယ်။တရားမဝင်ဘူးလို့အပြင်မှာပြောနေတဲ့ကိစ္စတွေကတော့ ဗဟိုဘဏ်နဲ့ မသက်ဆိုင်ဘူး၊အပြင်မှာသုံးတဲ့အခါ ပုဂ္ဂိုလ်ရေးခံစားချက်အရ ယူတာမယူတာ သူတို့အပိုင်းပေါ့၊တကယ်လို့ သုံးတာကိုလက်မခံဘူးဆိုရင် ရဲအမှုကနေဆက်လုပ်လိမ့်မယ်၊ဗဟိုဘဏ်နဲ့ သက်ဆိုင်ရင်ဗဟိုဘဏ်ကလုပ်ပေးသွားမယ်”လို့ ပြောပါတယ်။

ငွေစက္ကူအကြွေဖြစ်တဲ့ ၂၀ တန်နဲ့ ၅ ကျပ်တန် တွေကိုတော့  ဘဏ်အနည်းစုက တခါတရံမှာ ပြန်အမ်းငွေအဖြစ် ပေးေ ချလေ့ရှိပြီး အစိုးရရုံးအနည်းစုမှာလည်း တခါတရံအသုံးပြုလေ့ရှိပါတယ်။ဒါပေမယ့် အများစုကတော့ ပေးချေရမယ်ငွေပမာဏရဲ့ အစွန်း ထွက် ၈၀ ဖြစ်နေရင် ၁၀၀ကျပ်အဖြစ်အပြည့်ယူကြသလို၊ ၂၀ ကျပ်ဖြစ်နေရင်သော်လည်း ၅၀ ကျပ်အဖြစ် စားသုံးသူဘက်ကနေ ဆောင်နေရပါတယ်။

#voiceofmyanmar #ငါးကျပ်တန် #ငွေစက္ကူ #ဗဟိုဘဏ်

Related posts

Leave a Comment

VOM News

FREE
VIEW