အမေရိကန်နဲ့ ဆွေးနွေးပွဲတွေရပ်ပြီး နျူကလီးယားဒုံးပျံတွေပြန်စမ်းသပ်ဖို့ မြောက်ကိုရီးယား စဉ်းစားနေ

ဆိုးလ်၊ မတ် ၁၅-၂၀၁၉

မျိုးဆက်(VOM)

မြောက်ကိုရီးယာနိုင်ငံဟာ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေကို ရပ်ဆိုင်းဖို့ စဉ်းစားနေသလို နျူကလီယားဒုံးပျံစမ်းသပ်တာတွေ ရပ်ဆိုင်းထားတာကိုလည်း ကင်ဂျုံအန်က ပြန်လည်သုံးသပ် သွားဖွယ်ရှိတယ်လို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဝေက မတ် ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

နျူကလီးယားအရေး ညှိနှိုင်းဆွေးနွေးမှုတွေမှာ အမေရိကန်ရဲ့ တောင်းဆိုချက် ဒါမှမဟုတ် ထိတွေ့ဆက်ဆံမှုတွေကို လိုက်လျောဖို့ မြောက်ကိုရီးယားက ရည်ရွယ်မထားဘူးလို့ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ သူ ကပြောပါတယ်။

လွန်ခဲ့တဲ့လက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကျင်းပတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သူရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေကို တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိမ့်မယ်လို့ ချိုဆန်ဝေက ပြောပါတယ်။

မြောက်ကိုရီးယားက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးတိုက်တွန်းခဲ့ပြီး အမေရိကန်က နျူကလီးယားစွန့်လွှတ်ရေးတောင်းဆိုချက်တွေ အကြား အကြပ်အတည်းတွေဖြစ်ပေါ်ခဲ့ပြီး ဒေါ်နယ်ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ နျူကလီးယားထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

သဘောတူညီချက်မရရှိဘဲ ဆွေးနွေးပွဲအဆုံးသတ်ခဲ့သည့်အတွက် မြောက်ကိုရီးယားကို ဒေါ်နယ်ထရန့်က အဲ့ဒီဆွေးနွေးပွဲအပြီး မကြာခင်အချိန်မှာပဲ ပြစ်တင်ပြောဆိုခဲ့ပြီး အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၁၆ -၂၀၁၇ ခုနှစ်အကြား မြောက်ကိုရီးယားအပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှု ၁၁ ခုထဲက ၅ ခုကိုသာ ရုပ်သိမ်းပေးဖို့ ကင်ဂျုံအန်က တောင်းဆိုခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယား ထိပ်တန်းသံတမန် ရီယောင်ဟိုက တုံ့ပြန်ပြောဆိုထားခဲ့ပါတယ်။ Ref : Reuters/KBS Photo : Reuters

#voiceofmyanmar #ဒေါ်နယ်ထရန့် #နျူကလီးယား #ကင်ဂျုံအန်

Related posts

Leave a Comment

VOM News

FREE
VIEW