အစိုးရကစီမံကိန်းတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်ချက်မချခင်ပြည်သူလူထုကိုဘာကြောင့်လုပ်တယ်ဆိုတာအသိပေးရမယ်လို့ ပဲခူးတိုင်းအစိုးရကိုနိုင်ငံတော်အတိုင်ပင်ခံသတိပေး

မတ်လ ၁၅

လမင်း (VOM)

မြို့သစ်စီမံကိန်းများနှင့်ပတ်သက်ပြီး စီမံကိန်းတစ်ခုကိုလုပ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ ပြည်သူလူထုကို ဘာကြောင့်လုပ်ရတယ်ဆိုတာအသိပေးရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို သတိပေးခဲ့တာဖြစ်ပါတယ် ။

” ကျွန်မတိုင်းအစိုးရကိုသတိပေးပါရစေ အစိုးရများဟာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ် လုပ်ဖို့ဆုံးဖြတ်တယ်ဆိုလို့ရှိရင်ပြည်သူလူထုကိုအသိပေးရုံတင်မကဘူး ဘာကြောင့်လုပ်တယ်ဆိုတာကိုအသိပေးရမယ် ဒါလုပ်တော့ပါမယ်လို့အသိပေးရုံနဲ့လုံလောက်ဘူး ဒီဟာကိုဘာကြောင့်လုပ်တာဖြစ်ပါတယ်ဆိုတာကိုအသိပေးရမယ် ဥပမာဆိုရင်မြို့သစ်စီမံကိန်း လုပ်ဖို့စဉ်းစားတယ်ဆိုရင်အများပြည်သူသိအောင်လို့ရှင်းပြရမယ်။ မြို့သစ်စီမံကိန်းဆိုတာဘယ်လိုပုံစံနဲ့ဖြစ်ဖို့ ရှိသလဲ။ ဘာကြောင့်မြို့သစ်စီမံကိန်းလိုအပ်သလဲ။ဒီဟာတွေကိုရှင်းပြရမယ် ဒါဟာနိုင်ငံရေးမှာတာဝန်ယူထားတဲ့လူတိုင်းရဲ့လုပ်ရမယ့်ဝတ္တရားတခုဖြစ်ပါတယ် ” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဟြေကြားခဲ့တာပါ ။

ပြည်မြို့ မြို့တော်ခန်းမမှာ  ကျင်းပပြုလုပ်တဲ့ လူထု့တွေ့ဆုံပွဲမှာ ပြည်မြို့ ဒေသခံတစ်ဦးက မြို့သစ်စီမံကိန်းတွေ ၊ စီမံကိန်းအသစ်တွေ ပြုလုပ်နေကြတာနဲ့ ပတ်သက်ပြီး မြို့ဟောင်းတွေပျက်စီးယို့ယွင်းနေတာကိုပြန်လည်ပြုပြင်တာမျိုး မရှိပဲ စီမံကိန်းအသစ်တွေကို ပိုမို စိတ်ဝင်စားနေတယ်လို့  တိုင်ကြားဟြေဆိုခဲ့အတဲ့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နိုင်ငံတော်အတိုင်ပင်ခံ #ဒေါ်အောင်ဆန်းစုကြည် #ပဲခူးတိုင်းအစိုးရ

#မြို့သစ်စီမံကိန်း

Related posts

Leave a Comment

VOM News

FREE
VIEW