လစ်ဗျားကမ်းလွန်မှာ ကုန်တင်သင်္ဘောတစ်စင်းကို ရွှေ့ပြောင်းနေထိုင်သူတွေ ပြန်ပေးဆွဲ

ထရီပိုလီ ၊ မတ်၂၈-၂၀၁၉

မျိုးဆက်(VOM)

လစ်ဗျားကမ်းလွန်မှာ ရွှေ့ပြောင်းနေထိုင်တွေကို ကယ်ဆယ်လိုက်တဲ့ ကုန်တင်သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲပြီး မော်လ်တာနိုင်ငံသို့ ဦးတည်ခုတ်မောင်းဖို့ သင်္ဘောမှုထမ်းများကို အမိန့်ပေးစေ ခိုင်းလိုက်ကြပါတယ်။

သူတို့ကို ကယ်ဆယ်ပြီး လစ်ဗျားနိုင်ငံကို ပြန်လည်ပို့ဆောင်မယ်လို့ သင်္ဘောအမှုထမ်းတွေက ပြောဆိုပြီးနောက် သင်္ဘောကိုပြန်ပေးဆွဲလိုက်ကြတာလို့ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကပြောပါတယ်။

အဲဒီသင်္ဘောပေါ်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ကျော်လိုက်ပါသွားကြပါတယ်။ မော်လ်တာနိုင်ငံက သူတို့ရဲ့ ရေပိုင်နက်အတွင်း အဲဒီသင်္ဘောကို ၀င်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ မော်လ်တာစစ်ဘက်ကပြောပါတယ်။

သင်္ဘောပြန်ပေးဆွဲသူတွေကို ပင်လယ်ဓါးပြတွေအဖြစ် အီတလီ ဒုတိယ၀န်ကြီးချုပ် မာတီအိုဆယ်ဗီနီ ကဝေဖန်ပြောဆိုလိုက်ပါတယ်။

မြေထဲပင်လယ်အတွင်း ရေတပ်ကင်းလှည့်တာတွေကို ဥရောပသမဂ္ဂက အဆုံးသတ်ဖို့ လုပ်ဆောင် နေချိန်မှာဘဲ ဒီလို ပြန်ပေးဆွဲမှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီလို ရေတပ်ကင်းလှည့်တဲ့ စစ်ဆင်ရေးကို အီတလီနိုင်ငံရဲ့ တောင်းဆိုလို့ စက်တင်ဘာလအတွင်းက ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဥရောပသမဂ္ဂက ဆိုပါတယ်။ ဒီစစ်ဆင်ရေးဟာ လူမှောင်ခိုမှုတွေကို တားဆီးဖို့နဲ့ ဥရောပကို လှေနဲ့သွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကယ်ဆယ်ဖို့ လွန်ခဲ့သည့်လေးနှစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး လူထောင်သောင်းချီ ကယ်တင်နိုင်ခဲ့ပါတယ်။

Ref : BBC Photo :AFP

#voiceofmyanmar #နိုင်ငံတကာသတင်း #လစ်ဗျား #ရွေ့ပြောင်းဒုက္ခသည်

Related posts

Leave a Comment

VOM News

FREE
VIEW