ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်း ကျခံနေရသူ နှစ်ဦးဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ကလေး မတ် ၂၈-၂၀၁၉

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မှာ ရှိတဲ့ ကလေး အကျဉ်းထောင်မှာ  မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျနေသူ တစ်ဦးနဲ့ မူးယစ်ဆေးဝါးမှုကြောင့် ဖမ်းဆီးအကျဉ်းချခံနေရပြီး တရားရင်ဆိုင်နေရသူ နှစ်ဦး ဆီ ကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။

မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ကလေးမြို့ အကျဉ်းဦးစီးဌာနမှာ မူးယစ်ဆေးဝါးမှု နဲ့ တရားရင်ဆိုင်နေရသူ ကို ထွမ်ထွန်ကပ် (၁၉) နှစ်(ဘ) ဦးနန်ကျင့်ကိမ် ကို ထောင်ဝင်စာလာတွေ့တဲ့ မဆွတ်လော့ကျန် (၃၈) နှစ်(ဘ) ဦးပေါင်ခပ်ဝုမ်း ကနေ ထောင်ဝင်စာ လာတွေ့ခဲ့ပါတယ်။

ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးကနေပြီးတော့ ခရမ်းခါးသီးအတွင်းမှာ(BUPRENARPHINE) စာတမ်းပါ မူးယစ်ဆေးဝါး အပြား(၅၀) ကို ထည့်သွင်း ပေးခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ဒီလို တွေ့ရှိ ခဲ့တာကြောင့် သူတို့ နှစ်ဦးကို ကလေးမြို့မ ရဲစခန်းကနေ ပြီးတော့ မယ(ပ) ၅၁/၂၀၁၉ ၊ မူးစိတ် ပုဒ်မ-၁၉(က)/၂၁ နဲ့ အမှုဖွင့်ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
“တစ်ဦးကတော့ မူးယစ်ဆေးဝါးမှု နဲ့ တရားရင်ဆိုင်နေရသူပါ။ကျန်တစ်ဦးကတော့ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျနေသူ ဖြစ်ပါတယ်” လို့ ကလေးမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
အဲ့ဒီနေ့မှာပဲ ကလေးအကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ကျနေတဲ့ ကိုလွှမ်းမိုး(၃၁) နှစ်(ဘ) ဦးဘစိန် ဆီကနေ မတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော် အချိန်ခန့်မှာ သူဝတ်ဆင်ထားတဲ့ အပြာရောင် အင်္ကျီလက်ခေါက်ဝတ်ထဲကနေ (BUPRENARPHINE) စာတမ်းပါ  မူးယစ်ဆေးဝါး အပြား(၈၀) ထပ်မံ ဖမ်ဆီးမိခဲ့တာကြောင့် သူ့ကိုလည်း ကလေးမြို့မရဲစခန်းကနေ မယ(ပ)၅၀/၂၀၁၉၊မူး/စိတ် ပုဒ်မ -၁၉(က) နဲ့ အမှုဖွင့် အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။

 

#voiceofmyanmar #မှုခင်း #ကလေးအကျဉ်းထောင် #မူးယစ်ဆေးဝါး

Related posts

Leave a Comment

VOM News

FREE
VIEW