ဇမ္ဗူထိန်လင်းစေတီတော်ပိုင်မြေနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ်က အဓမ္မပြုလုပ်ခဲ့တယ်လို့ သတင်းစာရှင်း

ရန်ကုန် ၊မတ် ၂၉

TGH (VOM)

နိုင်ငံတော်အစိုးရနဲ့  နိုင်ငံတော်သံဃာ့နာယကအဖွဲ့က အတည်ပြုသတ်မှတ်ထားပြီးဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး ဇမ္ဗူထိန်လင်းစေတီတော်ရဲ့သာသနာ့မြေ ၂.၅ ဧကကို  ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက  စွယ်တော်တိုက်သာသနာမြေအဖြစ် အဓမ္မကြေငြာတာ  ၊ဂေါပကအဖွဲ့ကို ဖျက်သိမ်းဖို့ တစ်ဖက်သတ်လုပ်ဆောင်တာတွေနဲ့ပတ်သက်ပြီး မတ်လ ၂၉ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို တစ်ဖက်သတ်ပြုလုပ်ခံရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို တိုင်ကြားစာပေးပို့ ထားတယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။

“သူရဦးအောင်ကိုနဲ့လည်း တွေ့ဆုံပြီး ပြောသွားဖို့ရှိမယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံကိုစာတင်ပြထားတယ်။နိုင်ငံတော်အကြီးကဲတွေသိစေချင်တယ်။နိုင်ငံတော်အစိုးရက အတည်ပြုပြီးသားဟာကို ပြင်ဆင်ခွင့်မရှိပါဘူး။ဒါကိုဝန်ကြီးချုပ်က ဦးဆောင်လုပ်တယ်။လုံခြုံရေးအင်အား နဲ့လာလုပ်တယ်ဆိုကတည်းက ဒီမြေကမတရားယူထားတာမို့လို့ဆိုတာရှင်းနေတာပဲ။သူတိုမြေအပိုင်ဆို ရဲတွေခေါ်လာစရာကိုမလိုဘူးလေ၊ဒီမြေကိုဂရံအမည်ပေါက်ရတဲ့အထိလုပ်သွားမှာဖြစ်တယ်”လို့ ဂေါပကအဖွဲ့ရဲ့ အတွင်းရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့လုံခြုံရေးအင်အား ၈၀ ၀န်းကျင်လောက်နဲ့ လုံခြုံရေးရယူပြီး သာသနာ့နယ်မြေပေါ်မှာ စိုက်ထူထားတဲ့ သာသနာ့အလံတိုင်တွေကိုဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလိုလုပ်ရပ် ဟာ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့တို့က ဦးဆောင်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ပွားခဲ့ပြီး စွယ်တော်ဖွင့်ပွဲဖြစ်တဲ့ မတ်လ ၂၇ ရက်နေ့မှာတော့ ၀န်ကြီးချုပ်က ဇမ္ဗူထိန်းလင်းသာသနာ့နယ်မြေကို စွယ်တော်မြေအဖြစ်ကြေငြာခြင်း ၊ဂေါပအကဖွဲ့ကိုလည်းဖျက်သိမ်းပြီး ဂေါပကအဖွဲ့အသစ်ကိုပြန်လည်ဖွဲ့စည်းမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလို လုပ်ရပ်တွေမလုပ်ဆောင်ခင် ကြားကာလမှာ ၀န်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးမှုတွေလည်းလုပ်ဆောင်ခဲ့တယ် လို့သိရပါတယ်။တွေ့ဆုံစဉ်ကာလမှာ ၀န်ကြီးချုပ်က ‘ ကျွန်တော်ရွာကိုဆင်းခဲ့မယ် ။ခင်ဗျားတို့ သာသနာ့အလံကိုစုဆောင်းထားပေးပါ။နှစ်ဖက်သာသနာမြေကို အငြင်းပွားမှုမဖြစ်ရန် ခြံစည်းရိုးကာရံပေးမယ်၊နှစ်ဖက်ပိုင်ဆိုင်မှုကို အပြီးဖြေရှင်းပေးမယ်’လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

” ဇမ္ဗူထိန်းလင်းသာသနာမြေနဲ့ပတ်သက်လို့ နိုင်ငံတော်သံဃာ့နာယကအဖွဲ့က ၇/၉၆ နဲ့ ၃ကြိမ်အတည်ပြုပြီးဖြစ် တယ်။၂ ကြိမ်အတည်ပြုပြီးရင်တောင်မှ ဒါက ဘယ်သူမှ ပြင်ဆင်ခွင့်မရှိပါဘူး။၇/၉၆ ပြီးငြိမ်းပြီး မှုခင်းအဖြစ် ၃ ကြိမ်သတ်မှတ်ပြီးပြီ။နောက်ပြီး ၂၀၁၇ မှာလည်း နိုင်ငံတော်ကနေ စာပြန်ကြားတာက ၁၉၉၆ ခုနှစ်မှာ နိုင်ငံတော်သံဃာ့နာယကအဖွဲ့က သတ်မှတ်ခဲ့တဲ့အတိုင်း အတည်ပြုဖို့ အမိန့်စာပြန်လာတယ်။ဒါကို ၀န်ကြီးချုပ်က သူ့ရဲ့အာဏာကိုသုံးပြီးတော့ ဇမူထိန်းလင်းသာသနာ့မြေ ၂.၅ ကို စွယ်တော်တိုက်သာသနာ့မြေ အဖြစ်အတင်းသတ်မှတ်တယ်၊ပွဲတော်ကျင်းပမယ်ဆိုပြီးလည်း လုံခြုံရေးအင်အားတွေနဲ့ လာတယ်။ ခုဆို ဒီမြေကို သူတို့ပိုင်သလိုလုပ်ထားတယ်။ဂေါပကတွေအနေနဲ့ဒီသာသနာမြေပေါ်မှာ ဘာမှလုပ်ဆောင်ခွင့်မရှိဘူးဖြစ်နေတယ်။နိုင်ငံတော်ကအတည်ပြုပြီးသားဟာကို အာဏာသုံးပြီးလုပ်လို့မရပါဘူး။”လို့ ဂေါပက အဖွဲ့ဝင် ကိုရဲမင်းကပြောပါတယ်။

#voiceofmyanmar #၀န်ကြီးချုပ်ဦးဝင်းသိန်း #ဇမ္ဗထိန်လင်းစေတီ

Related posts

Leave a Comment

VOM News

FREE
VIEW