ချင်းပြည်နယ် မှာ ၂၀၁၈ ခုနှစ်အတွင်း  မိခင်သေဆုံးမှုဦးရေမှာ ပလက်ဝမြို့နယ်က အများဆုံးဖြစ်နေ

ကလေး မတ် ၁၀ မိုင်ချယ်(VOM) ၂၀၁၈ ခုနှစ် တစ်နှစ်တာကာလ အတွင်း ချင်းပြည်နယ်နယ်မှာ ကလေးမွေးဖွားချိန် မိခင်သေဆုံးမှု (၁၆) ဦးအထိ ရှိခဲ့တာဖြစ်ပြီး အဲ့ဒီထဲက အများစုက ပလက်ဝမြို့နယ်က ဖြစ်တယ်လို့ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးကနေ သိရပါတယ်။ မိခင်သေဆုံးမှု စာရင်းကိုစစ်တမ်းကောက်ယူတဲ့အခါမှာ ကိုယ်ဝန်စရှိတဲ့အချိန်ကနေ  ကလေးမွေးဖွားပြီး ၄၂ ရက် ကြာ ကာလကို သတ်မှတ်ကောက်ယူခဲ့တာဖြစ်ပြီး ဒီလိုကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ ပလက်ဝမြို့နယ် မှာ (၇) ဦး ဟားခါးမြို့နယ် မှာ (၃) ဦး တီးတိန်မြို့နယ်မှာ (၄) ဦး ထန်တလန်မြို့နယ်မှာ ၁ ဦးနဲ့ တွန်းဇံမြို့နယ်မှာ ၁ ဦး စုစုပေါင်း ၁၆ ဦး ရှိပါတယ်။ ဒီလိုသေဆုံးခဲ့သူတွေထဲမှာ ကျေးလက်နေ မိခင်တွေက အများဆုံးဖြစ်ပြီး ဆေးရုံဆေးခန်းနဲ့ ဝေးတာတွေ…

Read More

ပြည်မြို့မှာပထမဦးဆုံး လမ်းဘေးမှာဖွင့်လှစ်တဲ့ ကုသိုလ်တော် အခမဲ့စာကြည့်တိုက်ကိုလူငယ်တွေဦးစီးဖွင့်လှစ်

မတ် ၉ ။ လမင်း (VOM) ကုသိုလ်တော် စာကြည့်တိုက် ကို ကုသိုလ်တော် ပရဟိတအသင်းက လူငယ်တွေဦးဆောင်ဖွင့်လှစ်တာဖြစ်ပြီး လူငယ်တွေအလွယ်တကူငှားရမ်းနိုင်ဖို့  ပြည်မြို့မှာရှိတဲ့ ကိုးသောင်းရပ်ကွက် ၊ ရွှေတချောင်းလမ်းဘေးက ကိုးသောင်းကျောင်းတိုက်အနီးနားမှာ  ဖွင့်လှစ်ခဲ့ တာဖြစ်ပါတယ်။   ” နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်တွေမှာကလေးသူငယ်တွေအနေနဲ့ စာဖတ်အားကောင်းလာအောင်စာဖတ်တဲ့အလေ့အကျင့်တွေဖြစ်လာအောင်နဲ့အသိပညာဗဟုသုတတွေရလာအောင်ဆိုပြီး ဖွင့်ဖြစ်ခဲ့တာပါဒီစာကြည့်တိုက်လေးကြောင့်ကလေးတွေစာဖတ်အားကောင်းပြီးအသိပညာတိုးတက်လာမယ်လို့ယုံကြည်တယ် ” ဟု စာကြည့်တိုက်ကိုဦးဆောင်ဖွင့်လှစ်ခဲ့သူ ကိုပိုးပိုးကဟြေပါတယ် ။   အဲ့ဒီ အခမဲ့စာကြည့်တိုက်လေးမှာ သုတ၊ရသ မျိုးစုံပါဝင်တဲ့ စာအုပ်များ မြန်မာ့သမိုင်းတလျောက်လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ အကြောင်းအရာများပါဝင်သောစာအုပ်များ ၊ ရယ်ရွှင်မြူး ၊ ဘိုဘို ကာတွန်းစာအုပ်များအပြင် အခြားဝထ္တုတိုစာအုပ်တွေကိုလည်း အခမဲ့ဖတ်ရှု့နိုင်သလို အခမဲ့ငှါးရမ်းနိုင်မှာလည်းဖြစ်ပါတယ် လမ်းဘေးအခမဲ့စာကြည့်တိုက်လေးကို မတ်လ ၃ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကလေးလူငယ်တွေ လာရောက်ငှါးရမ်းဖတ်ရှု့နေကြတယ်လို့ သိရပါတယ်။ #voiceofmyanmar #ပြည်မြို့ #စာကြည့်တိုက် #ကုသိုလ်တော်

Read More

ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမှာ ဒုက္ခသည် ၃၀၀၀ ခန့်ထိတိုးလာ

မြောက်ဦး၊ မတ် ၉-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေး လာခဲ့သူအရေအတွက်ဟာ ၃၀၀၀ ဝန်းကျင်အထိ တိုးလာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ကယ်ဆယ်ရေးစခန်း ၃ ခုသာရှိခဲ့ရာကနေ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူတွေ များပြား လာနေတဲ့အတွက် မတ်လ ၅ ရက်နေ့ကစတင်ပြီး ကယ်ဆယ်ရေး စခန်းပေါင်း ၁၀ ခုကိုတိုးချဲ့ဖွင့်လှစ်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ပထမကတော့ အောက်သကန်စခန်း၊ တိန်ညိုစခန်းနဲ့ စေတီတောင်စခန်းသုံးခုပဲရှိတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ လေးမြို့ဒေသမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့သူတွေများပြားနေတာကြောင့် စခန်းတွေကိုတိုးချဲ့ပြီးတော့ ဖွင့်လှစ်ပေးထားရပါတယ်။”လို့ ကယ်ဆယ်ရေးစန်းတွေကို ထောက်ပံ့ကူညီပေးနေသူတွေကပြောပါတယ်။ ဖေဖော်ဝါရီလအတွင်းက ရမ်းချောင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူ အရေအတွက်ဟာ ၄၀၀ ကျော်သာရှိခဲ့ပေမယ့် လေးမြို့မြစ်ကြောင်းအတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၂၆၀၀ ကျော်ထိ တိုးလာခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်။ ချေင်းတစ်ဖက်ကဘုရားကြီးရွာမှာ ရှိနေတဲ့စစ်တပ်နဲ့ ပစ်ခတ်ကြတယ်။ ရွာကိုလက်နက်ကြီးကျည်တွေကျတယ်။…

Read More

ချင်းပြည်နယ်မှာ ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက် လူတစ်ဦးသေဆုံး

တီးတိန် မတ် ၉-၂၀၁၉ မိုင်ချယ်ရီ(VOM)   ချင်းပြည်နယ် တီတိန်းမြို့နယ် သိုင်းငင်းကျေးရွာအနီးမှာ ကုန်တင်ထားတဲ့ ယာဉ်တစ်စီး စက်မသပ် ပဲ ရပ်ထားချိန်မှာ နောက်ပြန်လိမ့်ကျပြီး ချောက်ထဲကျ တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ သိုင်းငင်းရဲကင်းစခန်း ကနေ သိရပါတယ်။   မတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီကားဟာ ကလေးမြို့ကနေ တီးတိန်မြို့ကို စက်သုံးဆီတွေ တင်ဆောင်မောင်းနှင်လာရာကနေ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၂၆ မိုင် ၄ ဖာလုံ နဲ့ ၅ ဖာလုံ ကြား အရောက်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ဟာ ကားကို လမ်းဘေးမှာ စက်မသတ်ပဲ ရပ်ထားပြီး အပေါ့စွန့်ဖို့ ဆင်းတဲ့အချိန်မှာ ကားက နောက်ပြန်လိမ့်ကျခဲ့တာဖြစ်ပါတယ်။ ဒီလို…

Read More

မန္တလေးမဟာမုနိဘုရားမှာ နိုင်ငံခြားသားတစ်ဦးကို ငွေကျပ်ငါးထောင် ဝင်ကြေးသတ်မှတ်

မတ် ၉ -၂၀၁၉ သွေးသစ်(VOM)   လာမယ့် ဇွန်လ ၁ရက်နေ့ကနေ စတင်ပြီး မန္တလေး မဟာမုနိ ဘုရားကြီးကို လာရောက် ဖူးမျှော်တဲ့ နိုင်ငံခြားသားတွေ ကို ဝင်ကြေးအဖြစ် တစ်ဦးကို ငွေကျပ်ငါးထောင်နူန်း သတ်မှတ်သွားတော့မယ်လို့ မဟာမုနိဘုရားကြီးရဲ့ ဂေါပကအဖွဲ့ဆီက သိရပါတယ်။ အခုလို ဝင်ကြေးသတ်မှတ်ကောက်ခံတဲ့အခါမှာ ဧည့်ခရီးသွားတွေအတွက် ဝန်ဆောင်မှုတွေကိုလည်း ထားရှိပေးသွားမယ်လို့ မဟာမုနိဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။ “ဆရာတော်တွေရဲ့ လမ်းညွှန်မှုနဲ့အခုလို ကောက်ခံရတာပါ။ “နိုင်ငံတကာမှာလည်း အဲ့လိုကောက်ခံနေတာရှိပါတယ်။အခုလိုကောက်ခံတဲ့အတွက်လည်း သန့်ရှင်းသပ်ရပ်မှုတွေလုပ်ပေးသွားမယ်။အဆင်ပြေပြေဖိနပ်ချွတ်နိုင်ဖို့ဖိနပ်စဉ်လေးတွေကနေ ရေသန့်ဗူးတွေအထိလည်းဝန်ဆောင်မှုပေးသွားမှာပါ။အဲ့ဒီအတွက်လည်း နိုင်ငံခြားသားဝင်ပေါက်တွေကို အနည်းဆုံးနှစ်ပေါက်တော့ထားရှိပေးသွားမယ် “လို့ သူက ပြောပါတယ်။   လက်ရှိအချိန်မှာ မဟာမုနိဘုရားကြီးကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာပဲငွေကျပ် တစ်ထောင်ပေးဆောင်နေရတာပါ။ ဒါ့အပြင် လာမယ့် မတ်လ ၁၁ရက်နေ့ကနေစတင်ပြီး ရွှေဆိုင်း ဈေးတွေကိုလည်း ငါးချပ်ပါ ရွှေဆိုင်း တစ်ဆိုင်းကို…

Read More

ချေးငွေ ဘီလီလျှံ ၅၀ ကိစ္စနဲ့ပတ်သတ်ပြီး ဧရာဝတီ ဘက်နဲ့ Omini Focus ကုမ္ပဏီ တို့ ကြေငြာချက် အသီးသီးထုတ်ပြန်

ရန်ကုန် ၊ မတ် ၈ TGH(VOM)   ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ လူမှုကွန်ယက်စာမျက်နှာမှာပြန်နံ့ခဲ့တဲ့ ချေးငွေဘီလီလျှံ ငါးဆယ် ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိသေးပေမယ့် ဧရာဝတီ ဘဏ်နဲ့ Omini Focus ကုမ္ပဏီတို့ က ဒီကနေ့မှာ ရှင်းလင်းချက်အသီးသီးကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။   ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက YBS ကားသစ်များဝယ်ယူဖို့ ဦးကျော်နေ၀င်းတို့အတွက် ဧရာဝတီဘဏ်က တာဝန်ခံချေးပေးထားတဲ့ ဘီလျံ ၅၀ ကို ဦးကျော်နေ၀င်းတို့ဘက်မှ အတိုးရော အရင်းပါ လုံးဝပြန်မဆပ်ဘဲနေတာ ၁ နှစ်ကျော်ကြာပြီဖြစ်တဲ့အတွက် ဧရာဝတီ ဘဏ်အနေနဲ့ တရားစွဲဆိုတော့မယ်ဆိုပြီး လူမှုကွန်ယက်မှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။   ဒီလိုထွက်ပေါ်ခဲ့ပြီးနောက် ဦးကျော်နေ၀င်း ( Omini Focus )ဘက်က အဲ့ဒီသတင်းဟာ ခိုင်မာမှု မရှိတဲ့…

Read More

မြန်မာနိုင်ငံက မူးယစ်ဆေးတွေ တားဆီးဖို့ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီတွေ ဘင်္ဂလားဒေ့ရှ် တပ်မည်

ဒါကာ၊ မတ် ၈-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံက စိတ်ကြွရူးသွပ်ဆေးပြားတွေ နိုင်ငံအတွင်း မှောင်ခိုဝင်ရောက်နေတာကိုတားဆီးဖို့ရည်ရွယ်ပြီး မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကော့ဘဇားခရိုင် အရှေ့တောင်ဘက်ရှိ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီကင်မရာတွေ တပ်ဆင်သွားဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မတ် ၇ ရက်မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနက နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီ ကင်မရာတွေ တပ်ဆင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းတာတွေကို တားဆီးဖို့အတွက် နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး ရှာဖွေရေးစက်တွေ ၊ စကန်နာတွေနဲ့ ခေတ်မီစက်ကိရိယာတွေ တပ်ဆင်သွားဖို့ အစီအစဉ်တစ်ရပ်ရှိတယ်လို့ အောက်လွှတ်တော်အမတ်ဖြစ်သူ Md Mujibul Haque ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြား ရာမှာ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း ရာဘ မူးယစ်ဆေးဝါးတွေ မ၀င်ရောက်နိုင်ဖို့…

Read More

မင်းသွေးပါဝင်သီဆိုခဲ့တဲ့ သီချင်းခွေရဲ့ အကျိုးအမြတ်တွေကို လှူဒါန်းသွားမယ်

ရန်ကုန် မတ် ၈-၂၀၁၉ သင်းသဒ္ဒါ(VOM)   မင်းသွေးပါဝင်သီဆိုခဲ့တဲ့ ” ပထမသုံး “သီချင်းခွေရဲ့ ရောင်းရတဲ့အကျိုးအမြတ်တွေကို လှူဒါန်းပေးသွားမယ်လို့ မင်းသွေးရဲ့အကိုဖြစ်သူ ကိုနေတိုးက ပြောပါတယ်။ ”ဒီခွေနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်အနေနဲ့ မင်းသွေးကို ရည်စူးပြီးတော့ပရဟိတလုပ်ငန်းတွေ လုပ်သွားဖို့ရှိပါတယ်။ဒီခွေရာင်းရတဲ့ ပိုက်ဆံတွေနဲ့ ပါဝင်ထားတဲ့ ညီမင်းခိုင်ရော သားငယ်တို့ရော ရည်ရွယ်ချက်လေးတွေရှိ ကြတော့ အလှူအတန်းတွေလုပ်သွားမှာပါ”လို့ ဆိုပါတယ်။ ” ပထမသုံး ” တေးအယ်လ်ဘမ်မှာတော့ မင်းသွေး ၊ သားငယ် နဲ့ ညီမင်းခိုင်တို့  သုံးဦး ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးတော့ မတ် ၁၀ ရက်မှာ မြန်မာတစ်ပြည်လုံးကို ဖြန့်ချိမှာဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသွေးရဲ့ အစ်ကိုတော်စပ်သူ သရုပ်ဆောင် နေတိုးကလည်း ညီဖြစ် သူ မင်းသွေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာလို့ သိရပါတယ် ။ မင်းသွေးရဲ့ ကိုယ်စားပွဲတက်လာတာဖြစ်သလို ကျွန်တော်ကတော့…

Read More

တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော် အစိုးရက ထိန်းသိမ်းကြပ်မတ်ပေးဖို့ ကသာမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြ

၂၀၁၉ မတ် ၈-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော် အစိုးရက ထိန်းသိမ်းကြပ်မတ်စေရေး အတွက် စစ်ကိုင်းတိုင်း ကသာမြို့မှာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်တာကို မတ် လ (၈)ရက်နေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ကသာမြို့ ကမ်းနားလမ်း View Point နေရာကနေ စတင်ပြီး ကသာခရိုင် တရားရုံးရှေ့ နဲ့ မြို့တွင်းလမ်းတွေကို လမ်းလျောက်ဟောပြော ဆန္ဒဖော်ထုတ်ခဲ့ပါတယ် ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနန္ဒ ဆိုသူဟာ တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော်အစိုးရက ထိရောက်စွာ ထိန်းသိမ်းကြပ်မတ်ပေးဖို့ ၊ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဥပဒေထက်ကျော်လွန် လုပ်ကိုင်နေတဲ့ တရားရေးဝန်ထမ်းတွေကို အရေးယူပေးဖို့ ၊ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ် ရရှိခံစားစေဖို့ ၊ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ကိုယ်တော်…

Read More
VOM News

FREE
VIEW