တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော် အစိုးရက ထိန်းသိမ်းကြပ်မတ်ပေးဖို့ ကသာမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြ

၂၀၁၉ မတ် ၈-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော် အစိုးရက ထိန်းသိမ်းကြပ်မတ်စေရေး အတွက် စစ်ကိုင်းတိုင်း ကသာမြို့မှာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်တာကို မတ် လ (၈)ရက်နေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ကသာမြို့ ကမ်းနားလမ်း View Point နေရာကနေ စတင်ပြီး ကသာခရိုင် တရားရုံးရှေ့ နဲ့ မြို့တွင်းလမ်းတွေကို လမ်းလျောက်ဟောပြော ဆန္ဒဖော်ထုတ်ခဲ့ပါတယ် ။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနန္ဒ ဆိုသူဟာ တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော်အစိုးရက ထိရောက်စွာ ထိန်းသိမ်းကြပ်မတ်ပေးဖို့ ၊ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဥပဒေထက်ကျော်လွန် လုပ်ကိုင်နေတဲ့ တရားရေးဝန်ထမ်းတွေကို အရေးယူပေးဖို့ ၊ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ် ရရှိခံစားစေဖို့ ၊ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်တာကို ကသာမြို့ကနေ စတင်ပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်း က မြို့ကြီးတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိတယ် လို့ သိရပါတယ် ။

#voiceofmyanmar #တကိုယ်တောင်ဆန္ဒပြ #တရားစီရင်ရေးမဏ္ဍိုင်

Related posts

Leave a Comment

VOM News

FREE
VIEW