မြန်မာနိုင်ငံက မူးယစ်ဆေးတွေ တားဆီးဖို့ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီတွေ ဘင်္ဂလားဒေ့ရှ် တပ်မည်

ဒါကာ၊ မတ် ၈-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံက စိတ်ကြွရူးသွပ်ဆေးပြားတွေ နိုင်ငံအတွင်း မှောင်ခိုဝင်ရောက်နေတာကိုတားဆီးဖို့ရည်ရွယ်ပြီး မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကော့ဘဇားခရိုင် အရှေ့တောင်ဘက်ရှိ နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီကင်မရာတွေ တပ်ဆင်သွားဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မတ် ၇ ရက်မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနက နတ်မြစ်တစ်လျှောက်မှာ စီစီတီဗီ ကင်မရာတွေ တပ်ဆင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းတာတွေကို တားဆီးဖို့အတွက် နောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး ရှာဖွေရေးစက်တွေ ၊ စကန်နာတွေနဲ့ ခေတ်မီစက်ကိရိယာတွေ တပ်ဆင်သွားဖို့ အစီအစဉ်တစ်ရပ်ရှိတယ်လို့ အောက်လွှတ်တော်အမတ်ဖြစ်သူ Md Mujibul Haque ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြား ရာမှာ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း ရာဘ မူးယစ်ဆေးဝါးတွေ မ၀င်ရောက်နိုင်ဖို့…

Read More

မင်းသွေးပါဝင်သီဆိုခဲ့တဲ့ သီချင်းခွေရဲ့ အကျိုးအမြတ်တွေကို လှူဒါန်းသွားမယ်

ရန်ကုန် မတ် ၈-၂၀၁၉ သင်းသဒ္ဒါ(VOM)   မင်းသွေးပါဝင်သီဆိုခဲ့တဲ့ ” ပထမသုံး “သီချင်းခွေရဲ့ ရောင်းရတဲ့အကျိုးအမြတ်တွေကို လှူဒါန်းပေးသွားမယ်လို့ မင်းသွေးရဲ့အကိုဖြစ်သူ ကိုနေတိုးက ပြောပါတယ်။ ”ဒီခွေနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်အနေနဲ့ မင်းသွေးကို ရည်စူးပြီးတော့ပရဟိတလုပ်ငန်းတွေ လုပ်သွားဖို့ရှိပါတယ်။ဒီခွေရာင်းရတဲ့ ပိုက်ဆံတွေနဲ့ ပါဝင်ထားတဲ့ ညီမင်းခိုင်ရော သားငယ်တို့ရော ရည်ရွယ်ချက်လေးတွေရှိ ကြတော့ အလှူအတန်းတွေလုပ်သွားမှာပါ”လို့ ဆိုပါတယ်။ ” ပထမသုံး ” တေးအယ်လ်ဘမ်မှာတော့ မင်းသွေး ၊ သားငယ် နဲ့ ညီမင်းခိုင်တို့  သုံးဦး ပူးပေါင်းဖန်တီးထားတာဖြစ်ပြီးတော့ မတ် ၁၀ ရက်မှာ မြန်မာတစ်ပြည်လုံးကို ဖြန့်ချိမှာဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသွေးရဲ့ အစ်ကိုတော်စပ်သူ သရုပ်ဆောင် နေတိုးကလည်း ညီဖြစ် သူ မင်းသွေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာလို့ သိရပါတယ် ။ မင်းသွေးရဲ့ ကိုယ်စားပွဲတက်လာတာဖြစ်သလို ကျွန်တော်ကတော့…

Read More

တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော် အစိုးရက ထိန်းသိမ်းကြပ်မတ်ပေးဖို့ ကသာမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြ

၂၀၁၉ မတ် ၈-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော် အစိုးရက ထိန်းသိမ်းကြပ်မတ်စေရေး အတွက် စစ်ကိုင်းတိုင်း ကသာမြို့မှာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်တာကို မတ် လ (၈)ရက်နေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ကသာမြို့ ကမ်းနားလမ်း View Point နေရာကနေ စတင်ပြီး ကသာခရိုင် တရားရုံးရှေ့ နဲ့ မြို့တွင်းလမ်းတွေကို လမ်းလျောက်ဟောပြော ဆန္ဒဖော်ထုတ်ခဲ့ပါတယ် ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနန္ဒ ဆိုသူဟာ တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံတော်အစိုးရက ထိရောက်စွာ ထိန်းသိမ်းကြပ်မတ်ပေးဖို့ ၊ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဥပဒေထက်ကျော်လွန် လုပ်ကိုင်နေတဲ့ တရားရေးဝန်ထမ်းတွေကို အရေးယူပေးဖို့ ၊ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ် ရရှိခံစားစေဖို့ ၊ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ကိုယ်တော်…

Read More

တိုင်းရင်းသားကိစ္စတွေမှာ ဗြိတိန်အနေနဲ့ကူညီခဲ့ရင် တိုင်ပြည်ပိုမိုငြိမ်းချမ်းမယ်လို့ ဗြိတိန်သံအမတ်နဲ့တွေ့ချိန်မှာ သူရဦးရွှေမန်းပြော နေပြည်တော် မတ် ၈-၂၀၁၉ ကိုထွန်း(နေပြည်တော်) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ဗြိတိန်နိုင်ငံက ကူညီခဲ့ပါက တိုင်းပြည်ပိုမိုတည်ငြိမ် အေးချမ်းလာနိုင်မယ်လို့ မြန်​မာနိုင်​ငံဆိုင်​ရာ ဗြိတိန်​သံအမတ်​ကြီး H.E. Mr. Dan Chuggနဲ့ တွေ့ဆုံချိန်မှာ သူရဦးရွှေမန်းကပြောဆိုခဲ့ပါတယ်။ နေပြည်တော် ရှိ သူရဦးရွှေမန်းရဲ့ နေအိမ်မှာ မတ်လ၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ လက်ရှိအစိုးရအနေနဲ့ မျှော်လင့်မထားတဲ့ ကိစ္စရပ်တွေကို ကြုံတွေ့ဖြေရှင်းနေရတဲ့အပေါ် ဗြိတိန်နိုင်ငံ အနေနဲ့ နားလည်ပေးဖို့နဲ့ ဒီမိုကရေစီအရေးအတွက် ဗြိတိန်ရဲ့ အားပေးမှုတွေကအရေးပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ သူရဦး​ရွှေမန်းအ​နေနဲ့ ပြည်​​ထောင်​စု​ကောင်းကျိုး ဆောင်​ပါတီကိုတည်​​ထောင်​ဖို့အတွက်​ကြိုးစားနေချိန်မှာ အခုလိုလာရောက် တွေ့ဆုံတဲ့အပေါ် နိုင်ငံရေးအသိုင်းဝိုင်းက စိတ်ဝင်စားမှုတွေရှိနေကြပါတယ်။ #voiceofmyanmar #သူရဦးရွှေမန်း #ဗြိတိန်သံအမတ်

Read More

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖြစ် ဦးညွှန့်စိန်အပါအဝင် ရှစ်ဦးကို ခန့်အပ်

နေပြည်တော် မတ် ၈ -၂၀၁၃ ကိုထွန်း(နေပြည်တော်) ဖေ​ဖော်​ဝါရီလ ရှစ်ရက်နေ့မှာ ပြုလုပ်တဲ့ ​ဒုတိယအကြိမ်​ပြည်​​ထောင်​စုလွှတ်​​တော်​(၁၁)ကြိမ်​​မြောက်​ပုံမှန်​အစည်းအ​ဝေး(၁၃) ရက်မြောက်​​နေ့မှာ ​ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖြစ် ဦးညွှန့်စိန်ပါ ရှစ်ဦး ကို တာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖြစ် ဦးညွှန့်စိန် ဦးသက်ထွန်း ဦးမြင့်အောင် ဦးစောဒယ်နီရယ်ကြည် ဦးအောင်စိုးဝင်း ဦးသန်းအောင် ဦးမင်းဆွေနဲ့ ဦးဆွေတင့်လွင် တို့ ရှစ်ဦးကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါတယ်။ အဆိုပါရှစ်ဦးကို ရွေးချယ်ခန့်အပ်လိုတယ်လို့ နိုင်ငံတော် သမ္မတရဲ့ တင်ပြထားချက်အပေါ် ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုခန့်အပ်လိုက်တာဖြစ်ပါတယ်။ #voiceofmyanmar #ပြည်ထောင်စုလွှတ်တော် #ရွေးကောက်ပွဲကော်မရှင်

Read More

ထိုင်းဘုရင်ရဲ့အစ်မတော်ကို ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းတင်တဲ့ ပါတီ ဖျက်သိမ်းခံရ

ဘန်ကောက်၊ မတ်-၈-၂၀၁၉ မျိုးဆက်(VOM) မတ်လ ၂၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ထိုင်းဘုရင်ရဲ့ အစ်မတော် ဥဘောရတနာကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက မတ် ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ဖျက်သိမ်းလိုက်ပါတယ်။   အဆိုပါ ပါတီဟာ ဘုရင်ရဲ့အစ်မတော်ကို ကို ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းပြီး ထိုင်းတော်ဝင်မိသားစုရဲ့ ပုံရိပ်နဲ့ နိုင်ငံရေးအားသာချက်ရရှိအောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တရားသူကြီးတစ်ဦးက ပြောပါတယ်။   Thai Raksa Chart ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ယင်လပ်တို့ရဲ့ ပါတီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားပြီး ယခုလိုအရေးယူခံရတာကြောင့် ပါတီရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်တွေကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပြီး ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်လို့မရတော့ပါဘူး။…

Read More

ဒ်ါအောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ်မှာ တိုင်ကြားစာပေါင်း သုံးရာနီးပါး ရရှိခဲ့သလို လက်ပံတောင်း ဒေသခံတွေကလည်း ဆန္ဒထုတ်ဖော်ခဲ့

ိ

မုံရွာ မတ် ၈-၂၀၁၉ မောင်တာရာ(VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ်မှာ တိုင်ကြားစာပေါင်း သုံးရာနီးပါး ရရှိခဲ့သလို လက်ပံတောင်းဒေသခံတွေအနေနဲ့လည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဆုံးမပေးဖို့  မုံရွာမြို့တော်ခန်းမရှေ့မှာ ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တိုင်ကြားစာတွေနဲ့ ပတ်သတ်လို့ ”လောလောဆယ် အစောင် ၃၀၀ လက်ခံရရှိထားတယ်။ ဘယ်လို တိုင်စာတွေများလဲဆိုတာကတော့ ကျွန်တော်တို့လည်း ဖောက်ဖွင့်မကြည့်ရတဲ့ အတွက် မသိရသေးပါဘူး။တိုင်ကြာစာတွေ ကိုစနစ်တကျစာရင်းပြုလုပ်ပြီး အတိုင်ပင်ခံရုံး ကိုလွှဲပြောင်းပေးသွားမှာပါ “လို့ တိုင်စာဌာနမှာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းတစ်ဦးကပြောပါတယ်။   လာရောက်တိုင်းကြားတဲ့ တိုင်ကြားစာတွေထဲမှာ မုံရွာမြို့ခံတွေအပြင် အခြားနယ်က လာရောက် တိုင်ကြားတဲ့ တိုင်ကြားစာတွေလည်း ရှိပါတယ်။ အဲဒီ တိုင်ကြားစာ ၃၀၀ ကျော်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးကို ချက်ချင်းလွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။ မုံရွာမြို့တော် ခန်းမမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲ အပြီးမှာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့…

Read More
VOM News

FREE
VIEW