တိုင်းရင်းသားကိစ္စတွေမှာ ဗြိတိန်အနေနဲ့ကူညီခဲ့ရင် တိုင်ပြည်ပိုမိုငြိမ်းချမ်းမယ်လို့ ဗြိတိန်သံအမတ်နဲ့တွေ့ချိန်မှာ သူရဦးရွှေမန်းပြော

နေပြည်တော် မတ် ၈-၂၀၁၉
ကိုထွန်း(နေပြည်တော်)

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ဗြိတိန်နိုင်ငံက ကူညီခဲ့ပါက တိုင်းပြည်ပိုမိုတည်ငြိမ် အေးချမ်းလာနိုင်မယ်လို့ မြန်​မာနိုင်​ငံဆိုင်​ရာ ဗြိတိန်​သံအမတ်​ကြီး H.E. Mr. Dan Chuggနဲ့ တွေ့ဆုံချိန်မှာ သူရဦးရွှေမန်းကပြောဆိုခဲ့ပါတယ်။

နေပြည်တော် ရှိ သူရဦးရွှေမန်းရဲ့ နေအိမ်မှာ မတ်လ၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

လက်ရှိအစိုးရအနေနဲ့ မျှော်လင့်မထားတဲ့ ကိစ္စရပ်တွေကို ကြုံတွေ့ဖြေရှင်းနေရတဲ့အပေါ် ဗြိတိန်နိုင်ငံ အနေနဲ့ နားလည်ပေးဖို့နဲ့ ဒီမိုကရေစီအရေးအတွက် ဗြိတိန်ရဲ့ အားပေးမှုတွေကအရေးပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သူရဦး​ရွှေမန်းအ​နေနဲ့ ပြည်​​ထောင်​စု​ကောင်းကျိုး ဆောင်​ပါတီကိုတည်​​ထောင်​ဖို့အတွက်​ကြိုးစားနေချိန်မှာ အခုလိုလာရောက် တွေ့ဆုံတဲ့အပေါ် နိုင်ငံရေးအသိုင်းဝိုင်းက စိတ်ဝင်စားမှုတွေရှိနေကြပါတယ်။

#voiceofmyanmar #သူရဦးရွှေမန်း #ဗြိတိန်သံအမတ်

Related posts

✕
VOM News

FREE
VIEW