တိုင်းရင်းသားကိစ္စတွေမှာ ဗြိတိန်အနေနဲ့ကူညီခဲ့ရင် တိုင်ပြည်ပိုမိုငြိမ်းချမ်းမယ်လို့ ဗြိတိန်သံအမတ်နဲ့တွေ့ချိန်မှာ သူရဦးရွှေမန်းပြော နေပြည်တော် မတ် ၈-၂၀၁၉ ကိုထွန်း(နေပြည်တော်) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် ဗြိတိန်နိုင်ငံက ကူညီခဲ့ပါက တိုင်းပြည်ပိုမိုတည်ငြိမ် အေးချမ်းလာနိုင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Dan Chuggနဲ့ တွေ့ဆုံချိန်မှာ သူရဦးရွှေမန်းကပြောဆိုခဲ့ပါတယ်။ နေပြည်တော် ရှိ သူရဦးရွှေမန်းရဲ့ နေအိမ်မှာ မတ်လ၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ လက်ရှိအစိုးရအနေနဲ့ မျှော်လင့်မထားတဲ့ ကိစ္စရပ်တွေကို ကြုံတွေ့ဖြေရှင်းနေရတဲ့အပေါ် ဗြိတိန်နိုင်ငံ အနေနဲ့ နားလည်ပေးဖို့နဲ့ ဒီမိုကရေစီအရေးအတွက် ဗြိတိန်ရဲ့ အားပေးမှုတွေကအရေးပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီကိုတည်ထောင်ဖို့အတွက်ကြိုးစားနေချိန်မှာ အခုလိုလာရောက် တွေ့ဆုံတဲ့အပေါ် နိုင်ငံရေးအသိုင်းဝိုင်းက စိတ်ဝင်စားမှုတွေရှိနေကြပါတယ်။ #voiceofmyanmar #သူရဦးရွှေမန်း #ဗြိတိန်သံအမတ်
Read MoreMonth: March 2019
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖြစ် ဦးညွှန့်စိန်အပါအဝင် ရှစ်ဦးကို ခန့်အပ်
နေပြည်တော် မတ် ၈ -၂၀၁၃ ကိုထွန်း(နေပြည်တော်) ဖေဖော်ဝါရီလ ရှစ်ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၃) ရက်မြောက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖြစ် ဦးညွှန့်စိန်ပါ ရှစ်ဦး ကို တာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖြစ် ဦးညွှန့်စိန် ဦးသက်ထွန်း ဦးမြင့်အောင် ဦးစောဒယ်နီရယ်ကြည် ဦးအောင်စိုးဝင်း ဦးသန်းအောင် ဦးမင်းဆွေနဲ့ ဦးဆွေတင့်လွင် တို့ ရှစ်ဦးကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါတယ်။ အဆိုပါရှစ်ဦးကို ရွေးချယ်ခန့်အပ်လိုတယ်လို့ နိုင်ငံတော် သမ္မတရဲ့ တင်ပြထားချက်အပေါ် ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုခန့်အပ်လိုက်တာဖြစ်ပါတယ်။ #voiceofmyanmar #ပြည်ထောင်စုလွှတ်တော် #ရွေးကောက်ပွဲကော်မရှင်
Read Moreထိုင်းဘုရင်ရဲ့အစ်မတော်ကို ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းတင်တဲ့ ပါတီ ဖျက်သိမ်းခံရ
ဘန်ကောက်၊ မတ်-၈-၂၀၁၉ မျိုးဆက်(VOM) မတ်လ ၂၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ထိုင်းဘုရင်ရဲ့ အစ်မတော် ဥဘောရတနာကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက မတ် ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဆိုပါ ပါတီဟာ ဘုရင်ရဲ့အစ်မတော်ကို ကို ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းသွင်းပြီး ထိုင်းတော်ဝင်မိသားစုရဲ့ ပုံရိပ်နဲ့ နိုင်ငံရေးအားသာချက်ရရှိအောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တရားသူကြီးတစ်ဦးက ပြောပါတယ်။ Thai Raksa Chart ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ယင်လပ်တို့ရဲ့ ပါတီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားပြီး ယခုလိုအရေးယူခံရတာကြောင့် ပါတီရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်တွေကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပြီး ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်လို့မရတော့ပါဘူး။…
Read Moreဒ်ါအောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ်မှာ တိုင်ကြားစာပေါင်း သုံးရာနီးပါး ရရှိခဲ့သလို လက်ပံတောင်း ဒေသခံတွေကလည်း ဆန္ဒထုတ်ဖော်ခဲ့
မုံရွာ မတ် ၈-၂၀၁၉ မောင်တာရာ(VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မုံရွာခရီးစဉ်မှာ တိုင်ကြားစာပေါင်း သုံးရာနီးပါး ရရှိခဲ့သလို လက်ပံတောင်းဒေသခံတွေအနေနဲ့လည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို ဆုံးမပေးဖို့  မုံရွာမြို့တော်ခန်းမရှေ့မှာ ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တိုင်ကြားစာတွေနဲ့ ပတ်သတ်လို့ ”လောလောဆယ် အစောင် ၃၀၀ လက်ခံရရှိထားတယ်။ ဘယ်လို တိုင်စာတွေများလဲဆိုတာကတော့ ကျွန်တော်တို့လည်း ဖောက်ဖွင့်မကြည့်ရတဲ့ အတွက် မသိရသေးပါဘူး။တိုင်ကြာစာတွေ ကိုစနစ်တကျစာရင်းပြုလုပ်ပြီး အတိုင်ပင်ခံရုံး ကိုလွှဲပြောင်းပေးသွားမှာပါ “လို့ တိုင်စာဌာနမှာ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းတစ်ဦးကပြောပါတယ်။ လာရောက်တိုင်းကြားတဲ့ တိုင်ကြားစာတွေထဲမှာ မုံရွာမြို့ခံတွေအပြင် အခြားနယ်က လာရောက် တိုင်ကြားတဲ့ တိုင်ကြားစာတွေလည်း ရှိပါတယ်။ အဲဒီ တိုင်ကြားစာ ၃၀၀ ကျော်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးကို ချက်ချင်းလွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။ မုံရွာမြို့တော် ခန်းမမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲ အပြီးမှာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့…
Read Moreမြန်မာတာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ရိုဟင်ဂျာတွေနဲ့ အိုင်စီစီကိုယ်စားလှယ်အဖွဲ့ တွေ့မည်
ကော့ဘဇား၊ မတ်-၇-၂၀၁၉ မျိုးဆက် (VOM) မြန်မာတပ်မတော်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့အတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) မှ ရှေ့နေတွေပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။ အဖွဲ့ဝင် ခုနှစ်ဦးပါဝင်တဲ့ အိုင်စီစီ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်က သက်ဆိုင်ရာ ၀န်ကြီးတွေ၊ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်အပြင် ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ကော့ဘဇားကိုလည်း သွားရောက်ကြမှာဖြစ်ပါတယ်။ ဒီလိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အတွက် အိုင်စီစီရှေ့နေချုပ် Fatou Bensouda က ၂၀၁၈ခုနှစ် ဧပြီလမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး လူနည်းစုရိုဟင်ဂျာတွေအပေါ် မြန်မာတာဝန်ရှိသူတွေက သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ အတင်းအကြမ်းမောင်းထုတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုတစ်ရပ်က လွန်ခဲ့တဲ့ စက်တင်ဘာလက စတင်ခဲ့ပါတယ်။ ကနဦးစုံးစမ်းစစ်ဆေးတာတွေရဲ့ ရလဒ်ကတော့ အဆိုပါဖြစ်စဉ်အပေါ် အိုင်စီစီက တရားဝင်…
Read Moreနည်းပညာတက္ကသိုလ်(မန္တလေး) ရဲ့ ကျောင်းတွင်းသင်္ကြန်
မန္တလေး၊ မတ် ၇-၂၀၁၉ ဟိန်းကို(VOM) နည်ပညာတက္ကသိုလ်(မန္တလေး) TUM ရဲ့ တတိယအကြိမ်မြောက် ကျောင်းတွင်းသင်္ကြန်ကျင်းပတာကို ယနေ့နေ့လယ်ပိုင်းက TUMကျောင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခြားသောမြို့တွေက တက္ကသိုလ်တွေမှာ ခုလို ကျောင်းတွင်းသင်္ကြန်ကျင်းပရင်း ခိုက်ရန်ဖြစ်ပွားတာတွေဖြစ်ခဲ့တာကြောင့် နည်းပညာတက္ကသိုလ်(မန္တလေး)ရဲ့ ကျောင်းတွင်းသင်္ကြန်ကျင်းပရာမှာလည်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေဖို့ လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရပါတယ်။ ဟိန်းကိုရိုက်ကူးတင်ဆက်ထားပါတယ်။ #voiceofmyanmar# နည်ပညာတက္ကသိုလ်(မန္တလေး)# TUM
Read Moreယူကရိန်းကုမ္ပဏီက မြန်မာနိုင်ငံမှာ သံချပ်ကာယာဉ်စက်ရုံ တည်ဆောက်မည်
ကိဗ်ယက်၊ မတ်-၇- 2019 မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ သံချပ်ကာယာဉ် တပ်ဆင်ထုတ်လုပ်တဲ့စက်ရုံတစ်ရုံတည်ဆောက်ဖို့အတွက် ယူကရိန်းနိုင်ငံအခြေစိုက် စစ်ဘက် သွင်းကုန် ပို့ကုန်အေဂျင်စီ Ukrspecexport ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ အကျိုးတူ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ အွန်လိုင်း မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Defence Blog က ဖော်ပြပါတယ်။ လက်ရှိရရှိထားတဲ့ သတင်းအချက်အလက်များအရ အဆိုပါကုမ္ပဏီဟာ စက်ရုံအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ၊ အထူးစက်ပစ္စည်းတွေကို ပေးပို့ထားပြီး တည်ဆောက်မှုလုပ်ငန်းတွေ စတင်နေပြီလို့ အဆိုပါ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါစက်ရုံမှာတော့ စစ်သည်တွေကို တင်ဆောင်နိုင်တဲ့ BTR-4U သံချပ်ကာယာဉ်နဲ့ MT-LBu ယာဉ်ကို အခြေခံပြီးတည်ဆောက်မယ့် ဟောင်ဝစ်ဇာအမြောက်တပ်ဆင်ထားတဲ့ 2S1U သံချပ်ကာယာဉ်တွေကို ထုတ်လုပ်သွားမယ်လို့ ယင်းကိစ္စနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။ စက်ရုံကို ၂၀၂၀…
Read Moreတာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးဆိုတဲ့ နေတိုး
ရန်ကုန် မတ် ၇-၂၀၁၉ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အကယ်ဒမီနေတိုးကတော့ တာတူးရုပ်ရှင်ကားက LGBT တွေကိုလှောင်ပြောင်ရှုတ်ချတာမရှိဘူးလို့ဆိုပါ တယ်။ LGBT တွေကလည်း ဝေဖန်ထောက်ပြမှုတွေရှိလာချိန်မှာ တာတူးကာရိုက်တာနဲ့ သရုပ်ဆောင်ထားနဲ့ပတ်သက်ပြီးတော့ ”တာတူးကတော့ သူတို့တွေကို လှောင်ပြောင် ရှုတ်ချတာတွေလည်း မရှိပါဘူး။ မိန်းကလေး တယောက်ရဲ့အသွင်အပြင် တစ်ခုပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ ဇာတ်မှာအကြောင်း အရာတစ်ခုအနေနဲ့ပါတာပါ။ ဒီကာရိုက်တာကို main တည်ရိုက်တာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။ တာတူး ရုပ်ရှင်ကားကိုတော့ မတ် ၁၅ ရက်မှာ ရုံတင်ပြတော့မှာလည်း ဖြစ်သလို Box No.88 ရုပ်ရှင်ကားကို လက်ခံရိုက်ကူး နေတယ်လို့ သိရပါတယ်။ ဟာသကားတွေမှာ LGBT ဇာတ်ရုပ်တွေသုံးစွဲလာတဲ့အတွက် ရိုက်တဲ့သူတွေဘက်ကရော အနုပညာဘက်ကရော အကုန်လုံးကတော့ ဆင်ခြင်သုံးသပ်ဖို့တော့ လိုအပ်ပါတယ်။ ဈေးကွက်တစ်ခုကို အောင်မြင်တယ်ဆိုတိုင်း လုပ်လို့မရပါဘူး။ ဒီဇာတ်ရုပ်မှ မဟုတ်ပါဘူး။ ဘယ်ဇာတ်…
Read Moreအင်ဒိုအစိုးရက ဆန်စပါးတင်ဒါခေါ်ယူရာမှာ မြန်မာကုမ္ပဏီတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကမ်းလှမ်း
ရန်ကုန် မတ် ၇-၂၀၁၉ သစ်တော် (VOM) အင်ဒိုနီးရှားနိုင်ငံက ဆန်စပါးဝယ်ယူဖို့်အတွက် တင်ဒါခေါ်ယူရာမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်တင်ပို့မယ့် ကုမ္ပဏီတွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးပြောပြတာကတော့ ” အင်ဒိုနီးရှားနိုင်ငံဘက်ကနေ နောင်တင်ဒါ ခေါ်တဲ့အချိန်မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အောက်မှာရှိနေတဲ့ Exporter ကုမ္ပဏီတွေအနေနဲ့ တင်ဒါမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ကိုလည်း အင်ဒိုနီးရှားအစိုးရက ကမ်းလှမ်းထားတွေရှိတယ်။ တင်ဒါက ဘယ်အချိန်ခေါ်မယ်ဆိုတာ အတိအကျမသိသေးပါဘူး’ လို့ပြောပါတယ် ။ အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံကြား တစ်နှစ်မှာ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်း ကျင်ရှိပေမယ့် မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့နိုင်သည့် ပမာဏနည်းပါးနေတယ်လို့လည်း သိရပါတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့တဲ့ အမယ်တွေထဲက ဆန်စပါးကို တိုးချဲ့တင်ပို့နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက…
Read Moreမြောက်ဦးအောက်သကန်ကျေးရွာသားသုံးဦး မိုင်းထိ တယောက်သေဆုံး
မြောက်ဦး၊ မတ် ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက အောက်သကန်ကျေးရွာမှာ မတ်လ၆ရက် မနေ့နေ့လယ် ၁ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ကျေးရွာသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့အတွက် ဦးထွန်းစိန်ဦး (၆၈) နှစ်မှာ ခြေတစ်ဖက်ပြတ်သွားသွားကြောင်းနဲ့ ကိုမောင်ပြား ၃၂ နှစ်မှာ ခြေထောက်နဲ့ လက်တို့မှာ ထိရှဒဏ်ရာရရှိခဲ့ပြီး ဦးကျော်ထွန်းဦး ၅၅ မှာ ကျောကုန်းတစ်ခုလုံး မိုင်းစများကျရောက်တဲ့ ဒဏ်ရာတွေကိုရရှိခဲ့တာဖြစ်ပါတယ်။ “သူတို့က ထင်းခုတ်ဖို့အတွက် အဲ့ဒီနေရာကိုသွားတာပါ။ သူတို့ ယာလုပ်တဲ့နေရာပေါ့။ ဥယျာဉ်လည်းရှိပါတယ်။ အောက်သကန်-ငှက်ပျောတောလမ်း။ ကြပ်စင်ကျော်လမ်းပေါ့။ အဲ့ဒီနေရာမှာ မိုင်းနင်းမိပြီးတော့ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။”လို့ ကျေးရွာသားတစ်ဦကပြောပါတယ်။ အဲ့ဒီနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲဖြစ်ပွား စဉ်မှာ ကျန်ရှိခဲ့တဲ့မိုင်းဗုံးပေါက်ကွဲတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။ …
Read More