အချိန်အခါမဟုတ်မိုးကြောင့် ရခိုင်ဒေသတွင်း ဒုက္ခသည်စခန်းများ အခက်တွေ့

ကျောက်တော်၊ မတ် ၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်း အခုရက်ပိုင်းအတွင်း ရွာသွန်းနေတဲ့ အချိန်အခါမဟုတ်မိုးကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေမှာရှိနေတဲ့ ကယ်ဆယ်ရေးစခန်းတွေက ဒုက္ခသည်တွေ အခက်အခဲနဲ့ ကြုံတွေ့နေကြပါတယ်။   မတ်လ ၅ ရက်နေ့ညကနေ စတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ မိုးရေတွေပြည့်လျှံနေပြီး နေထိုင်ရေး၊ ချက်ပြုရေးတွေ အဆင်မပြေဖြစ်လာလို့ နီးစပ်ရာကျေးရွာတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။   “ကျွန်တော်တို့စခန်းမှာ ယာယီတဲတွေနဲ့ပဲ နေကြတာဆိုတော့ အခုမိုးရွာလိုက်တာနဲ့ အကုန်လုံး အခက်အခဲဖြစ်တာပေါ့။ မိုးရေတွေက အောက်ကဝင်၊ အပေါ်ကဝင်နဲ့ စိုကုန်တယ်။ အိပ်လို့လည်းမရဘူး။ ချက်ပြုတ်စားသောက်ဖို့လည်း နေရာမရှိဘူး ဖြစ်သွားတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းနဲ့ ရွာထဲကိုဝင်ပြေးနေရတယ်”လို့ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   အခုလိုမျိုး နေရေးထိုင်ရေးတွေ အခက်အခဲဖြစ်နေတဲ့ စခန်းတွေကတော့…

Read More

ဟွာဝေး ထုတ်ကုန်တွေ မသုံးဖို့ ပိတ်ပင်တာကြောင့် အမေရိကန်အစိုးရကို တရားစွဲပြီ

ပေကျင်း၊ မတ်-၇၊ ၂၀၁၉ မျိုးဆက် (VOM)   ဟွာဝေးရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အမေရိကန် အစိုးရဌာနတွေမှာ အသုံးမပြုဖို့ ကန့်သတ်လိုက်တဲ့ တားမြစ်ပိတ်ပင်မှုကြောင့် အမေရိကန်အစိုးရကို ဟွာဝေးကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်။   ဟွာဝေးက အမေရိကန်အစိုးရကို တက္ကဆက်ပြည်နယ်ခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီမဟုတ်ကြောင်း တိုင်ကြားချက်မှာ ဟွာဝေးက ထည့်သွင်းဖော်ပြထားပါတယ်။   ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို  အသုံးမပြုဖို့ တားမြစ်တာနဲ့ ပတ်သက်ပြီး  အမေရိကန်ကွန်ဂရက် က သက်သေအထောက်အထား မပြသနိုင်ဘူးလို့ ဟွာဝေးကုမ္ပဏီရဲ့ ကြေညာချက်တစ်ရပ်မှာဖော်ပြပါတယ်။   အမျိုးသားလုံခြုံရေးကို အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့  စိုးရိမ်ပူပန်မှုတွေကြောင့် ဟွာဝေးထုတ်ကုန်တွေကို အစိုးရဌာနတွေမှာ အသုံးပြုခြင်းကို အမေရိကန်က ပိတ်ပင်ထားတာဖြစ်ပြီး အဆိုပါထုတ်ကုန်တွေကို အသုံးမပြုဖို့ကိုလည်း  ၎င်းရဲ့မဟာမိတ်နိုင်ငံတွေကိုလည်း အမေရိကန်က စည်းရုံးနေပါတယ်။   ဟွာဝေးထုတ်ကုန်တွေကို ကန့်သတ်တာနဲ့  ပတ်သက်ပြီး သက်သေအထောက်အထား တစုံတရာကို ထုတ်ဖော်ပြသဖို့…

Read More

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ တမူးခရီးစဉ် ပျက်

တမူး မတ် ၇-၂၀၁၉ သစ်တော် (VOM)   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နံနက်ပိုင်းမှာ တမူးမြို့ကိုလာရောက်ဖို့ ရှိပေမယ့်ရာသီဥတုကြောင့် ခရီးစဉ် ရပ်ဆိုင်းခဲ့ရတယ်လို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးမြင့်ဇော်က ပြောပါတယ်။   ”ရာသီဥတုမကောင်းလို့ ခရီးစဉ်ကိုရပ်ဆိုင်းခဲ့ပါတယ် ထမံသီကနေ မုံရွာပြန်​သွားတယ်​​” လို့ ဦးမြင့်ဇော်ကပြောပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ဟာ ဟုမ္မလင်းမှာ ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး ဒီနေ့ မနက် တမူးမြို့မှာရှိတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားတာဖြစ်ပါတယ်။   မြို့ခံပြည်သူတွေကတော့ နံနက်အစောပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေးဗီနိုင်းတွေ ကိုင်ဆောင်ပြီး စောင့်ကြိုနေခဲ့ကြတယ်လို့ တမူးမြို့ဒေသခံတွေက ပြောပါတယ်။

Read More

ပလက်ဝမြို့နယ်မှာ တပ်မတော်က လမ်းပြခေါ်သွားတဲ့ ရွာသားတယောက် မိုင်းနင်းမိပြီးသေဆုံး

      ပလက်ဝ မတ် ၇-၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းမဒိန်းကျေးရွာမှာ နေထိုင်တဲ့ ဦးအောင်လွန်းဟာဆိုရင် တပ်မတော်ကနေ လမ်းပြအဖြစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခေါ်ဆောင်ခံခဲ့ရပြီးနောက်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။  ချင်းလူအခွင့်အရေးအဖွဲ့က မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့က ထောင်ထားတယ်လို့ ယူဆရတဲ့ မြေမြုပ်မိုင်းနင်းမိပြီးတော့ သေဆုံးခဲ့တယ်လို့ သေဆုံးခဲ့သူ ဦးအောင်လွန်းရဲ့ ညီဖြစ်သူ ဦးလွန်းဘဲရဲ့ ပြောပြချက်ကို ဖေါ်ပြထားပါတယ်။   သေဆုံးသူ ဦးအောင်လွန်းဟာ  ရှင်းမဒိန်းကျေးရွာနဲ့ ၃ ရက်လောက် သွားရတဲ့ နေရာဖြစ်တဲ့ ပီချောင်းဖျားဖျက် တောတွင်းတစ်နေရာမှာ တပ်မတော်စစ်ကြောင်းနဲ့လိုက်ပါသွားရာမှာ မိုင်းနင်းမိပြီးတော့ ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဦးလွန်းဘဲ က ပြောထားပါတယ်။…

Read More

အတိုင်ပင်ခံနဲ့လူထုတွေ့ဆုံပွဲကို လုပ်​ပွဲသဏ္ဍာန်​ဖန်​တီးတယ်လို့ ဟုမ္မလင်း​ဒေသခံ​တွေယူဆ

တမူး မတ် ၇-၂၀၁၉ သစ်တော် (VOM)     မတ်လ ၆ရက်နေ့ မနေ့ညနေ ၄ နာရီကျော်က စစ်ကိုင်းတိုင်း  ဟုမ္မလင်းမြို့နယ်​အားကစားခန်းမမှာ  နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဟုမ္မလင်းဒေခံတွေတွေ့ဆုံပွဲဟာ လုပ်ပွဲသဏ္ဍာန်​ဖန်​တီးပြီး အတိုင်​ပင်​ခံကို ဝိုင်းလိမ်​ဖို့ ကြိုးစား​နေတယ်လို့ ဒေသခံတချို့က ယူဆနေပါတယ်။ ဟုမ္မလင်း​ဒေသခံ​ NLDပါတီဝင်​တစ်​ဦးဖြစ်တဲ့ မရင်ရင်မွန်ကပြောပြတာက   ” လုံခြုံ​ရေးအ​ကြောင်းပြပြီး ​တွေ့ဆုံပွဲကို လုပ်​ပွဲသဏ္ဍာန်​ဖန်​တီးပြီး အတိုင်​ပင်​ခံကို ဝိုင်းလိမ်​ဖို့ ကြိုးစား​နေတယ်​လို့ ဟုမ္မလင်း​ဒေသခံ​တွေက ခံစား​နေရပါတယ်​ ဝင်​ခွင့်​ကဒ်မရတဲ့သူ​တွေ အပြင်​ကကြို​နေသူတွေကတေှာ့  အ​မေစုအလိမ်​ခံ​နေရပြီလို့ ဝိုင်းအော်​ခဲ့ကြတယ် ။   နိုင်ငံတော်အတိုင်ပင်ခံဟာ ဟုမ္မလင်းမြို့ကို လာ​ရောက်​ခြင်းဟာ ပြည်​သူအများ၏ အခက်​အခဲ အ​ခြေအ​နေအမှန်​ကို သိလိုပြင်လိုလို့လာတာလို့ယူဆကြောင်းနဲ့  ပြောတတ်ဆိုတတ်သူတွေကို လုံခြုံရေးအကြောင်းပြပြီး ကန့်သတ်တာဟာ အတိုင်ပင်ခံမသိစေချင်လို့ ယူဆတယ်လို့လည်း ဆိုပါတယ်။  ​တွေ့ဆုံခွင့်​ရဖို့ဝင်ခွင့်ကဒ်တွေကိုတော့ ရပ်​ကွက်​ရာအိမ်မှူးအိမ်မှာ ထုတ်ပေးခဲ့ပြီး အတိုင်ပင်ခံနဲ့တွေ့ဆုံခွင့်မရတဲ့ဒေသခံတွေက အမေစုအလိမ်​ခံ​နေရပြီလို့…

Read More

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တင်သွင်းတဲ့  စစ်ကိုင်းတိုင်းအလံ နဲ့ အမှတ်တံဆိပ် လွှတ်တော်အတည်မပြု

မုံရွာ မတ် ၆-၂၀၁၉ မိုင်ချယ်ရီ (  VOM) မတ်လ ၅ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အမှတ်တံဆိပ်နဲ့ အလံ အတည်ပြုနိုင်ရေး တင်ပြလာတဲ့ အပေါ် မတ်လ ၆ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ  မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အရေးနိမ့်ခဲ့ပါတယ်။   ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စာလှယ် ၇၈ ဦးထဲကနေ ကန့်ကွက်တဲ့မဲ ၄၇ မဲ ထောက်ခံမဲ ၄ မဲ ရှိခဲ့တာကြောင့် အစိုးရအဖွဲ့ကနေ တင်ပြလာတဲ့ အမှတ်တံဆိပ် နဲ့ အလံကို လွှတ်တော်ကနေ အတည်မပြုဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက ပြောပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဟာဆိုရင် ယှဉ်ပြိုင်လာတဲ့ အထဲကနေ အသင့်လျော်ဆုံး ယူဆတဲ့ လိုဂိုကို သဘောထားကြီးမှု ပူးပေါင်းဆောင်ရွက်လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူများနဲ့ အလံနဲ့ လိုဂိုကို ရွေးချယ်တင်ပြရခြင်းဖြစ်ပါတယ်။…

Read More

စပါးတရားမဝင်တင်ပို့မှု တားဆီးရေး အခက်ခဲများ ရှိနေသေး

(ပြည်ပနိုင်ငံတွေကို ဆန်စပါး တရားမဝင် တင်ပို့နေတာတွေကို ဘယ်လိုစီမံမလဲလို့ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။) ရန်ကုန် ၊ မတ် ၆၊ ၂၀၁၉ TGH ( VOM)   နယ်စပ်လမ်းကြောင်းတွေကနေ တရုတ်နိုင်ငံကို စပါး တရားမဝင် တင်ပို့ရောင်းချနေတာတွေကို ထိထိရောက်ရောက် တားဆီးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ စပါးကို ပြည်ပသို့ တိုက်ရိုက်တင်သွင်းခွင့် ပိတ်ထားတဲ့ကြားကနေ တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းကတဆင့်  တရားမ၀င်တင်ပို့မှုတွေ ရှိနေတဲ့အတွက် နစ်နာမှုနဲ့ ဆိုးကျိုးတွေ ရှိနေတာကို ဘယ်လိုစီမံမလဲဆိုတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး  မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး ရဲ့…

Read More

ရိုဟင်ဂျာတွေ ရခိုင်ပြန်ရင် ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ကမ်းလှမ်း

ကော့ဘဇား၊ မတ်-၆ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ပြန်မယ်ဆိုရင် ဒုက္ခသည်တိုင်းကို အမေရိကန်ဒေါ်လာ ၆၀၀၀ ပေးမယ်လို့ ရိုဟင်ဂျာမူဆလင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ကမ်းလှမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးနဲ့ ဒုက္ခသည်ခေါင်းဆောင်တွေက မတ် ၅ ရက်မှာ ပြောပါတယ်။   တရုတ်နိုင်ငံရဲ့  အာရှရေးရာ အထူးသံတမန် Sun Gouxiang ဟာ မတ်လ ၃ ရက်နေ့က ကော့ဘဇားက ကူတူပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၄ ဦးတို့ကို တွေ့ဆုံခဲ့တယ်လို့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာ လူ့အဖွဲ့အစည်း (ARSPH) ရဲ့ အတွင်းရေးမှူး Syed Ullah…

Read More

ဖျက်သိမ်းမယ်လို့ အာမခံထားတဲ့ ဒုံးပျံစခန်းကို မြောက်ကိုရီးယား ပြန်လည်ပြုပြင်နေ

ဝါရှင်တန်၊ မတ်-၆ -၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားနိုင်ငံက ဖျက်သိမ်းမယ်လို့ အာမခံထားတဲ့ ဒုံးပျံပစ်လွှတ်စင်တစ်ခုကို ပြန်လည်ပြုပြင် နေတာကို ဂြိုဟ်တုပုံရိပ်တွေအရ တွေ့ရှိထားတယ်လို့ အမေရိကန် စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့နှစ်ဖွဲ့နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက ပြောပါတယ်။   နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်တစ်ရပ်မရရှိဘဲ ပြီးဆုံးသွားခဲ့တဲ့ အမေရိကန် နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာမှာ ဒုံးပျံပစ်လွှတ်စင်ကို ပြန်လည်ပြုပြင်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ဂြိုဟ်တုကနေဖမ်းယူရရှိခဲ့တာဖြစ်ပါတယ်။   မြောက်ကိုရီးယားနိုင်ငံ တောင်ချန်ရီ ဒေသမှာရှိတဲ့ စမ်းသပ်စခန်းကို ဂြိုဟ်တုလွှတ်တင်တာတွေနဲ့ ဒုံးပျံအင်ဂျင်စမ်းသပ်ခြင်းတို့ အတွက်အသုံးပြုခဲ့ပြီး တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်စမ်းသပ်တာတွေတော့ ပြုလုပ်ခဲ့တာမရှိပါဘူး။   အဆိုပါ ဒုံးပျံစမ်းသပ်စခန်းကို လွန်ခဲ့တဲ့နှစ်က စတင်ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲတွေရပ်ဆိုင်းနေခဲ့တာကြောင့် ဖျက်သိမ်းရေးလုပ်ငန်း ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ဤအတောအတွင်း မြောက်ကိုရီးယားက နျူကလီးယားစွန့်လွှတ်ရေး လုပ်ဆောင်တာမရှိဘူးဆိုရင်…

Read More
VOM News

FREE
VIEW