တမူး မတ် ၇-၂၀၁၉
သစ်တော် (VOM)
မတ်လ ၆ရက်နေ့ မနေ့ညနေ ၄ နာရီကျော်က စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အားကစားခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဟုမ္မလင်းဒေခံတွေတွေ့ဆုံပွဲဟာ လုပ်ပွဲသဏ္ဍာန်ဖန်တီးပြီး အတိုင်ပင်ခံကို ဝိုင်းလိမ်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတချို့က ယူဆနေပါတယ်။ ဟုမ္မလင်းဒေသခံ NLDပါတီဝင်တစ်ဦးဖြစ်တဲ့ မရင်ရင်မွန်ကပြောပြတာက
” လုံခြုံရေးအကြောင်းပြပြီး တွေ့ဆုံပွဲကို လုပ်ပွဲသဏ္ဍာန်ဖန်တီးပြီး အတိုင်ပင်ခံကို ဝိုင်းလိမ်ဖို့ ကြိုးစားနေတယ်လို့ ဟုမ္မလင်းဒေသခံတွေက ခံစားနေရပါတယ် ဝင်ခွင့်ကဒ်မရတဲ့သူတွေ အပြင်ကကြိုနေသူတွေကတေှာ့ အမေစုအလိမ်ခံနေရပြီလို့ ဝိုင်းအော်ခဲ့ကြတယ် ။
နိုင်ငံတော်အတိုင်ပင်ခံဟာ ဟုမ္မလင်းမြို့ကို လာရောက်ခြင်းဟာ ပြည်သူအများ၏ အခက်အခဲ အခြေအနေအမှန်ကို သိလိုပြင်လိုလို့လာတာလို့ယူဆကြောင်းနဲ့ ပြောတတ်ဆိုတတ်သူတွေကို လုံခြုံရေးအကြောင်းပြပြီး ကန့်သတ်တာဟာ အတိုင်ပင်ခံမသိစေချင်လို့ ယူဆတယ်လို့လည်း ဆိုပါတယ်။ တွေ့ဆုံခွင့်ရဖို့ဝင်ခွင့်ကဒ်တွေကိုတော့ ရပ်ကွက်ရာအိမ်မှူးအိမ်မှာ ထုတ်ပေးခဲ့ပြီး အတိုင်ပင်ခံနဲ့တွေ့ဆုံခွင့်မရတဲ့ဒေသခံတွေက အမေစုအလိမ်ခံနေရပြီလို့ ဝိုင်းအော်ခဲ့ကြတယ်လို့သိရပါတယ်။
”တစ်ရပ်ကွက်ကို တွေ့ဆုံခွင့်ကဒ်၁၀၀ ချပေးပါတယ် တွေ့ဆုံပွဲအတွက် ဝင်ခွင်ကဒ်ထုတ်ပေးတာကို မိမိတို့ဘက်က အတိုင်ပင်ခံရဲ့လုံခြုံရေးကြောင့်သာ ကြန့်ကြာခဲ့ရတာပါ အခုဝင်ခွင့်ကဒ်မရသူတွေလည်း ဝင်ခွင့်ရခဲ့ပါတယ် ”လို့ ဟုမ္မလင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဖိုးငယ်ကပြောပါတယ်။
ဒါပေမယ့် တင်ပြစရာရှိတဲ့သူတွေက ဝင်ခွင့်ကဒ်ကိုသွားထုတ်တော့ ကဒ်ကုန်သွားပြီလို့ပြောပြီး ကဒ်ရတဲ့သူတွေက ကဒ်ကိုကိုင်ပြီးဓာတ်ပုံမရိုက်ရ အတိုင်ပင်ခံကိုလည်းဘာမှထမပြောရဘူး ကဒ်ကိုအခြားသူမပေးရ ပွဲပြီးတာနဲ့ပြန်အပ်ရမယ်ဆိုတဲ့ သက်မှတ်ချက်တွေလုပ်ထားတယ်လို့ဒေသခံတချို့ကပြောပါတယ်
”ဟုမ္မလင်းနယ်အတွင်းက ကျေးရွာအချို့ဆိုရင် အတိုင်ပင်ခံလာမှာကို ဖေ့ဘုတ်ကသိလို့လာရောက်တာပါ ဘယ်သူမှပြောတာမျိုးမရှိပါဘူး အုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်းမသိပါဘူး”လို့လောင်မင်းကျေးရွာမှ ဦးလူခင်ကပြောပါတယ်
နိုင်ငံတော်အတိုင်ပင်ခံဟာ ဟုမ္မလင်းမှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး ဒီနေ့ မနက် တမူးမြို့မှာရှိတဲ့ ဒေသခံတွေ့ဆုံမှာဖြစ်ပြီး မြို့ခံပြည်သူတွေကတော့ စောင့်ကြိုနေကြောင်းလည်း တမူးမြို့ဒေသခံတွေကပြောပါတယ်။
#voiceofmyanmar#နိုင်ငံတော်အတိုင်ပင်ခံ#ဟုမ္မလင်း