ရဲဘော်သုံးကျိတ်ပန်းခြံနေရာကို အစိုးရက အထပ်မြင့်အဆောက်အဦးဆောက်တာကို ကန့်ကွက် ဆန္ဒထုတ်ဖေါ်

ရန်ကုန် ၊ဧပြီ ၄-၂၀၁၉

TGH (VOM)

 

ကမာရွတ် ၃ရပ်ကွက်မှာရှိတဲ့  ယခင်ရဲဘော်သုံးကျိတ်ပန်းခြံပေါ်မှာ  ရှစ်ထပ်အမြင့်ရှိတဲ့ အဆောက်အဦးနဲ့အတူ ကားပါကင်တည်ဆောက်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့ကြောင်းအပါအဝင် ရဲဘော်သုံးကျိတ်ပန်းခြံကို ယခင်အတိုင်းပြည်လည်ဖော်ဆောင်ပေးဖို့အတွက်  နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊မြို့တော်ဝန် ဆီကို စာတင်ခဲ့ပေမယ့် ပြန်လည်အကြောင်းကြားမှုတစ်စုံတရာမရှိတာကြောင့် ဒီကနေ့မှာ ရဲဘော်သုံးကျိတ်ပန်းခြံပြန်လည်ရရှိရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲ ကို ဦးရဲဝင်းက ကမာရွတ်မြိုနယ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

“နိုင်ငံပိုင်သတင်းစာမှာပါတာက ခန်းမတွေ ၁၉၅၇ ခုနှစ်မှာ ပန်းခြံစပေါ်တယ်။ ၁၉၇၄ မှာ စည်ပင်ရုံးလာဆောက်တာပေါ့။ ခုတော့စည်ပင်ရုံးတော့မရှိတော့ဘူး။ ဒါပေမယ့်  ကွန်ဒိုဝင်လာတယ်။ ကားပါကင်။ ဒါတွေကျပွင့်လင်းမြင်သာမှုရှိစွာလုပ်လေ၊ ခုကအဲ့လိုမဟုတ်ဘူး၊ ခိုးကြောင်ခိုးဝှက်နဲ့ ၂၄ ရက်နေ့မှာ အရေးပေါ် ပန္နက်ရိုက်သွားတယ်။ ပြည်သူလည်းမသိဘူး။ ပန်းခြံပဲလိုချင်တယ်။ ဒီအဆောက်အဦ ၈ လွှာရဲ့ခေါင်မိုးပေါ်မှာ ပန်းခြံလုပ်မယ်ဒါမဖြစ်နိုင်တာ၊ ဒီမြေဟာဒါဟာပန်းခြံမြေပေါက်ပြီသား။ အဆောက်အအုံမလိုချင်ဘူး။ အစိုးရပိုင်းကို၂၈ ရက်နေ့က တင်တယ်၊မြို့တော်ဝန်ကိုဦးတည် တင်တယ်။ ကျန်တာကတော့ မိတ္တူတင်ထားတယ်။ ခုထိလူကြီမင်းရဲ့စာကို လက်ခံရရှိပါတယ်ဆိုတာလေးတောင်ပြန်မလာပါဘူး။”လို့  တကိုယ်တော်ဆန္ဒထုတ်ဖေါ်တဲ့ ဦးရဲဝင်းက ပြောဆိုခဲ့ပါတယ်။

 

ဒီဆန္ဒပြပွဲကို ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကနေ စတင်ထွက်ခွာပြီး စည်ပင်သာယာရေးကော်မတီရုံးအရှေ့မှာ ဟောပြောခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲကို လူအင်အား ၁၅၀ ဝန်းကျင်လောက်က လိုက်ပါဝန်းရံခဲ့ကြပါတယ်။

 

ဆန္ဒပြပွဲကို ဝန်းရံခဲ့သူတွေထဲကတစ်ဦးဖြစ်တဲ့ ဦးစန်းမော်က ” ငယ်ငယ်တည်းက လှည်းတန်းမှာပဲနေတယ်။ ဒီပန်းခြံဆိုတာ ပန်းခြံပဲဖြစ်သင့်တယ်။ အဆောက်အဦးဆောက်လည်း ရပ်ကွက်ကလူတွေအတွက် ဘာအကျိုးရှိမှာလဲ။ ပြည်သူကိုလည်း ဘာမှမချပြဘူး။ သူတို့ဘာသာလုပ်ကြတယ်။ ကျွန်တော်တို့ကတော့ ပန်းခြံပဲပြန်လိုချင်တယ်”လို့ဆိုပါတယ်။

 

ယနေ့ ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုခဲ့တဲ့ ရဲဘော်သုံးကျိတ်ပန်းခြံပေါ်မှာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက အဆင်မြင့်ကားပါကင်၊ ရုံးခန်းတွေအပြင် မြို့နယ်တွင်းမှာရှိတဲ့ ပြည်သူတွေနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေဆောင်ရွက်နိုင်မယ့် ဆွေးနွေးပွဲခန်း၊ ဟောပြောပွဲခန်းမ၊ စတဲ့ဘက်စုံသုံးအခန်းပါဝင်မယ့် အထပ် ရှစ်ထပ်အမြင့်ရှိ အဆောက်အဦးကို တည်ဆောက်သွားမယ်လို့ မတ်လ ၃၀ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာဖော်ပြခဲ့ပါတယ်။ ပန္နက်တင်အခမ်းအနားကိုတော့ မတ် လ၂၄ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #ရဲဘော်သုံးကျိတ်ပန်းခြံ #တကိုယ်တော်ဆန္ဒပြ

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW