အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး၊ ဦးမျိုးအောင်နဲ့ ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်

နေပြည်တော် ဧပြီ ၃-၂၀၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသက အကြီးစားရွှေလုပ်ကွက်တွေမှာ တရားမဝင် ရွှေသတ္ထုတူးဖော်သူတွေနဲ့ အဂတိလိုက်စားပြီး ရွှေခိုးထုတ်ရာရာမှာ ပူးပေါင်းပါဝင်တဲ့ တာဝန်ကျဝန်ထမ်းတွေကို  စုံစမ်းဖော်ထုတ်အရေးယူပေးဖို့  ဦးထွန်းအောင်စိုး (အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ) က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တိုင်ကြားစာအရ စစ်ဆေုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မမှန်မကန်ပြောဆိုဖို့ သင်ကြားပေးတာတွေအပါအ၀င် နိုင်ငံဝန်ထမ်းတွေကို နစ်နာစေဖို့ရည်ရွယ်ပြီး မမှန်မကန် တိုင်ကြားတဲ့ ဦးထွန်းအောင်စိုးကို အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၉နဲ့ အမှုဖွင့်လှစ်ထားသလို ကူညီပေးခဲ့ကြတဲ့ ဦးမျိုးအောင်နဲ့ ဦးစိုးအောင်တို့ ကို ၅၉/၆၃နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“သုံးယောက် ကိုဖွင့်ထားတယ်။ဒါမေယ့် လောလောဆယ် တစ်ယောက်ကိုပဲ မိသေးတယ်၊ဖမ်းဆီးပြီးတော့ ရမန်တောင်းးထားတယ်”လို့ နေပြည်တော်က အမှတ်(၁)ရဲစခန်းရဲ့ စခန်းမှူး ဦးတင်မိုးထွန်းကပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပေးပို့လာတဲ့ တိုင်ကြားစာတွေအနက် ရာခိုင်နှုန်း တစ်ခုသည် သဘောရိုးနဲ့ မှားယွင်းတိုင်ကြားတဲ့ တိုင်ကြားစာများဖြစ်တဲ့အတွက်   တိုင်ကြားသူတွေ အပေါ် ကော်မရှင်က အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့ပါဘူး ။

ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နစ်နာစေဖို့  ဒါမှမဟုတ် ဂုဏ်သရေပျက်စေဖို့  တင် ရည်ရွယ်ချက်ပြီး အဂတိလိုက်စားမှု ကျူးလွန်တယ်လို့  မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်ပါက မမှန်မကန်တိုင်ကြားသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ #ရွှေတူးဖော် #အဂတိတိုက်ဖျက်ရေးဥပဒေ

Related posts

Leave a Comment

VOM News

FREE
VIEW