ဒေလီ၊ ဧပြီ-၁၇ ၊ ၂၀၁၉ မျိုးဆက် (VOM) အက်ပဲနဲ့ ဂူဂဲလ်ကုမ္ပဏီတို့ဟာ အိန္ဒိယနိုင်ငံရှိ ၎င်းတို့ရဲ့ အက်ပလီကေးရှင်းစတိုးတွေက ဗီဒီယိုဖန်တီးဖို့နဲ့ မျှဝေဖို့ သုံးစွဲသူတွေကို ခွင့်ပြုထားတဲ့ TikTok အက်ပလီကေးရှင်းကို ဖယ်ရှားလိုက်ပါတယ်။ TikTok အက်ပလီကေးရှင်းကို ညစ်ညမ်းမှုတွေဖြန့်ဝေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး အက်ပလီကေးရှင်းစတိုးတွေကနေ ဖယ်ရှားဖို့ မဒရက်တရားရုံးချုပ်က အမိန့်ချလိုက်ပြီးနောက် အက်ပဲနဲ့ ဂူဂဲလ်ကုမ္ပဏီတို့က TikTok အက်ပလီကေးရှင်း ကို တားဆီးပိတ်ပင်လိုက်တာဖြစ်ပါတယ်။ TikTok အက်ပလီကေးရှင်းကို ပိုင်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance ရဲ့အယူခံကို အိန္ဒိယတရားရုံးချုပ်က ဧပြီ ၁၆ ရက်မှာ ငြင်းပယ်လိုက်ပြီး အမိန့်ကိုလိုက်နာဖို့ ညွှန်ကြားထားပါတယ်။ အိန္ဒိယနိုင်ငံမှာ TikTok သုံးစွဲသူဦးရေ သန်း ၁၂၀ကျော်အထိရှိနေပါတယ်။ ဒါပေမယ့် မသင့်လျော်တဲ့ အကြောင်းအရာတွေမျှဝေတာနဲ့ပတ်သက်လို့ ဝေဖန်မှုအချို့နဲ့ ရင်ဆိုင်နေရပါတယ်။ TikTok ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ…
Read MoreDay: April 17, 2019
ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရန်ဂမ် သမ္မတလွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်
မန္တလေး၊ ဧပြီ ၁၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရမ်ဂမ် ဟာ နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နေ့လယ်ပိုင်းက လွတ်မြောက်ခဲ့ပါတယ်။ ဦးမရန်ဂမ်နဲ့ ခေါင်းဆောင် ၃ဦးဟာ ၂၀၀၀ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး တဦးကတော့ ထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။ ဒီနေ့ ဦးမရန်ဂမ်လိုပဲ မုံးကိုးဒေသကာကွယ်ရေးတပ်ရဲ့ ဒုဥက္ကဌ ဦးဇော်လဟာလည်း မြင်းခြံထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။ ဦးမရန်ဂမ်ထောင်ကလွတ်အပြီး ဘာပြောသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုဟိန်းကိုက မေးမြန်းတင်ဆက်ထားပါတယ်။ #voiceofmyanmar# မန္တလေး#ဦးမရန်ဂမ် #လွတ်ငြိမ်းချမ်းသာ
Read Moreမင်းလှမှာ လူငယ်တဦး ကြိုးဆွဲချသေဆုံး
မင်းလှ ဧပြီ ၁၈-၂၀၁၉ မိုးယံ (ဇီးကုန်း) သာယာဝတီ ခရိုင် မင်းလှ မြို့နယ်မှာ ဧပြီ ၁၇ မနက် ၁၀နာရီ ဝန်းကျင်က အသက် ၂၇ နှစ် အရွယ်ရှိတဲ့ အမျိုးသား တစ်ဦးဟာ ကြိုးဆွဲချ သေဆုံးသွားတယ်လို့ မင်းလှမြို့ မ ရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့မနက် ၁၀နာရီခန့်က အနောက်ကြို့ကုန်း ရွာက လူတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း ဆယ်အိမ်မှူး ဦးအောင်မျိုးကနေ ရဲစခန်းသို့် ဖုန်းဆက် အကြောင်းကြားလို့ သွားရောက်စစ်ဆေးခဲ့တာမှာ စွပ်ကျယ် အဖြူရောင် ပုဆိုးခရမ်းရောင် အကွက်စိပ် ဝတ်ဆင်ပြီး ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကိုတွေ့ရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေဆုံးသူ ရဲ့အကို ဖြစ်သူ ဦးအောင်မိုးက`ကျွန်တော့ ညီက အရက်အလွန်အကျွံသောက်တတ်တယ် အရက်ကြောင်…
Read Moreလွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ နိုင်ကျဉ်းတချို့ပါပေမယ့် လွှတ်ပေးဖို့လိုသေး ရန်ကုန်၊ဧပြီ ၁၇ -၂၀၁၉ TGH (VOM) ယနေ့ သမ္မတ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ လူသတ်မှု ၊မုဒိမ်းမှု နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မပါဝင်ဘူးလို့ အကျဉ်းဦးစီးပြောရေးဆိုခွင့်ရှိသူ ဦးမင်းစိုးထွန်းက ပြောပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေကို ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အကျဉ်ထောင်ကနေ စတင်လွှတ်နေတာဖြစ်ပေမယ့် အသေးစိတ်အခြေနေ အချက်အလက်တွေကိုတော့ ညနေပိုင်းမှသာ အတိကျသိရှိနိုင်မယ်လို့လည်း ပြောပါမယ်။ ” လူသတ်မှု ၊မုဒိမ်း ၊နိုင်ကျဉ်းတွေ တော့မပါဘူးလို့သိရတယ်။ အစောဆုံး ၅ယောက် ၆ ယောက်လောက်ကိုတော့ စလွှတ်နေပြီ။ ခုလည်းလွှတ်ဖို့ ဆက်လုပ်နေတယ်။ဘယ်သူ ၊ဘယ်လိုအမှုဆိုတာကိုတော့ သေချာပြောလို့မရသေးဘူး။”လို့ “ဦးမင်းစိုးထွန်းက ပြောပါတယ်။ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံရဲ့…
Read Moreအတက်နေ့ကရေနစ်တဲ့အမျိုးသမီးသုံးဦးအလောင်းယခုထိရှာဖွေမရ
ဧပြီလ ၁၇ ရက် -၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ၊ ပြည်မြို့ ၊ ကမ်းနားလမ်းမှာရှိတဲ့ ခေတ္တရာဧရာပန်းခြံနောက်က ဧရာဝတီမြစ်မှာ ရေဆင်းချိုးတဲ့ အမျိုးသမီးငယ်သုံးဦး ဧပြီလ ၁၇ ရက်နေ့ သင်္ကြန်အတက်နေ့မနက် ၁၀ နာရီခန့်ကရေနစ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိအခြေအနေထိ အလောင်းအားရှာဖွေတွေ့ရှိသေးခြင်းမရှိကြောင်းသိရပါတယ် ။ ” မနက်ကျွန်တော် ၁၀ နာရီလောက်ကကြားတော့ ကျွန်တော်ချက်ချင်းရောက်လာတယ်ဗျာ့ မြတ်စေတနာပရဟိတ သူရိန်ကျော်စိုးဝင်း ရေယာဉ်အုပ်စုက ရေယာဉ်မှူးနဲ့အပေါင်းအပါတွေ ကျွန်တော်တို့အတိုင်းအတာတစ်ခုထိပေါ့ နောက်ပြီးတော့ဗဟိုမီးသတ်က ကယ်ဆယ်ရေးအဖွဲ့တွေနှစ်ချက်ထိုးလောက်ထိကြိုးစားပမ်းစားရှာပေးတယ်ဗျာ့ အဲ့ဒီ့အချိန်ထိပိုင်ရှင်မသိရဘူး ” ဟု ကျောင်းကြီးအိုးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကဟြေပါတယ် ။ မိန်းကလေးငယ်သုံးဦးသည် ပြည်မြို့ သံန္ဒေပင်ရပ်မှာနေထိုင်သူ သုံးဦးဖြစ်ကြောင်းသိရပါတယ် ။ ကမ်းစပ်တွင်ရေမကူးခင်ထားခဲ့သော အမျိုးသမီးစီးဖိနပ်သုံးရံ ၊ အမျိုးသမီးဝတ်အင်္ကျီတစ်ထည်နဲ့ အိတ်နှစ်လုံးတွေ့ရှိခဲ့ပြီး ရဲသက်သေအဖြစ်သိမ်းယူသွားခဲ့ကြောင်းသိရပါတယ် ။ အလားတူ သင်္ကြန်အတက်နေ့ နေ့လည်…
Read More