လွတ်​ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ နိုင်ကျဉ်းတချို့ပါပေမယ့် လွှတ်ပေးဖို့လိုသေး

 

ရန်​ကုန်​၊ဧပြီ ၁၇ -၂၀၁၉
TGH (VOM)

 

ယနေ့ သမ္မတ ပေးခဲ့တဲ့ လွတ်​ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေထဲမှာ လူသတ်​မှု ၊မုဒိမ်းမှု နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မပါဝင်ဘူးလို့ အကျဉ်းဦးစီး​ပြော​ရေးဆိုခွင့်​ရှိသူ ဦးမင်းစိုးထွန်းက ပြောပါတယ်။

 

လွတ်​ငြိမ်းချမ်းသာခွင့်​ရ အကျဉ်းသားတွေကို ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အကျဉ်ထောင်ကနေ စတင်လွှတ်နေတာဖြစ်ပေမယ့် အသေးစိတ်အခြေနေ အချက်အလက်တွေကိုတော့ ညနေပိုင်းမှသာ အတိကျသိရှိနိုင်မယ်လို့လည်း ပြောပါမယ်။

 

” လူသတ်မှု ၊မုဒိမ်း ၊နိုင်ကျဉ်းတွေ တော့မပါဘူးလို့သိရတယ်။ အစောဆုံး ၅ယောက် ၆ ယောက်လောက်ကိုတော့ စလွှတ်နေပြီ။ ခုလည်းလွှတ်ဖို့ ဆက်လုပ်နေတယ်။ဘယ်သူ ၊ဘယ်လိုအမှုဆိုတာကိုတော့ သေချာပြောလို့မရသေးဘူး။”လို့ “ဦးမင်းစိုးထွန်းက ပြောပါတယ်။

 

ဒီကနေ့ နှစ်​ဆန်းတစ်​ရက်​​နေ့မှာ နိုင်ငံတော်သမ္မတက မြန်​မာနိုင်​ငံရဲ့ အကျဉ်းထောင်တွေမှာ ပြစ်​ဒဏ်​ကျခံ​နေရတဲ့ အကျဉ်းသားတွေထဲကနေ နိုင်ငံသား အကျဉ်းသား ၉၅၃၅ကို ​ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်​ငြိမ်းချမ်းသာခွင့်​ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ​​နိုင်​ငံခြားသား အကျဉ်းသား ၁၆ ဦးကိုလည်း လွှတ်​ငြိမ်းချမ်းသာခွင့်​ပြု ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ အစိုးရက နိုင်ငံရေးအကျဥ်းသားလို့ အသိမှတ်မပြုပေမယ့် နိုင်ကျဉ်းတချို့လည်း လွတ်မြောက်တယ်လို့ သိရပါတယ်။

 

ဒီထဲမှာ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က  ဒုဥက္ကဌ ဦးဇော်လနဲ့  အတွင်းရေးမှူး ဦးမရမ်ဂမ်တို့ ပါခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ နိုင်ကျဉ်း ၈ ဦး လွတ်မြောက်တယ်လို့ ဗီအိုအမ်က စုံစမ်းသိရပါတယ်။ အေအေပီပီ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ရဲ့ မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်ပြောပြတာက

 

“ နိုင်ငံရေးအကျဉ်းသား ၄၆ ဦးကျန်သေးတယ်၊ ခု လွှတ်ငြိမ်းချမ်းသာထဲမှာ ပါတာနည်းတဲ့အတွက်  အရမ်းစိတ်မကောင်းဖြစ်မိတယ်၊ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မကောင်းတာလုပ်နေသူတွေမဟုတ်သလို ခိုးဆိုး လုယက်နေပြီး လူသတ်နေတဲ့သူတွေလည်းမဟုတ်ဘူး၊ ဒါကြောင့် စိစစ်ပြီး လွတ်ပေးသင့်တယ်၊ လွှတ်ပေးဖို့လည်း အစိုးရကို တောင်းဆို ပါတယ်။ နိုင်ကျဉ်းတွေကိုလွှတ်ပေးပြီး နိုင်ငံအတွက် အကျိုးရှိမယ့်နေရာတွေမှာ သုံးသင့်ပါတယ်။ဒါကြောင့်  လွှတ်ပေးဖိုတောင်းဆိုပါတယ်’    လို့ ဆိုပါတယ်။

 

ခု အကျဉ်းသား ၉ ထောင်ကျော်လွှတ်တဲ့ထဲမှာ တဝက်နီးပါးဟာ မူးယစ်ဆေးပြစ်မှုတွေနဲ့ ထောင်ကျသူတွေ ဖြစ်တယ်လို့ အကျဉ်းဦးစီးအသိုင်းအဝိုင်းက သိရပါတယ်။

 

#voiceofmyanmar  #လွတ်ငြိမ်းချမ်းသား   #အကျဉ်းသားတွေလွတ်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW