အင်းတော်မြို့မှာ ကျပ်သိန်းပေါင်း(၉၆၀၀)တန်ဘိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

 

ဧပြီ ၁၈-၂၀၁၉

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဧပြီလ (၁၇)ရက်နေ့ည (၉း၃၀)မှာ ပိတ်ဆို့စစ်ဆေးရှာဖွေနေချိန် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ ကျပ်သိန်းပေါင်း (၉၀၀၀)ကျော်ဘိုး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အင်းတော်မြို့နယ် နဘားရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးသက်နိုင် နဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့စစ်ဆေးရှာဖွေနေချိန် ကသာမြို့နယ်ဘက်ကနေမိုးညှင်းမြို့နယ်ဘက်ကို ယာဉ်မောင်း ဇော်မင်းဦး (ခ) ဇော်မင်း မောင်းနင်လာတဲ့ YGN-5J/1815 VIGO အမျိုးအစား နှစ်ခန်းတွဲယာဉ် (ယာဉ်မှတ်ပုံတင် စိစစ်ဆဲ) ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ယာဉ်ရှေ့ခန်းနဲ့ နောက်ခန်းက ကြမ်းခင်းအံဝှက်အတွင်းက အနက်ရောင် ကြွပ်ကြွပ်အိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ ဘိန်းဖြူပါဆပ်ပြာခွက် (၆၆၀)ခွက် ဘိန်းဖြူအလေးချိန်(၆၆၀၀)ဂရမ် ကာလတန်ဘိုး ကျပ်သိန်း(၆၆၀၀) နဲ့အတူ 88/1 စာတမ်းပါ ပန်းရောင်မူးယစ်ဆေးပြား အထုပ်(၃၀၀) မှ ဆေးပြား(၆၀၀၀၀)ပြား ကာလတန်ဘိုး ကျပ်သိန်း(၃၀၀၀) ဘိန်းဖြူနှင့်မူးယစ်ဆေးပြား စုစုပေါင်း ကာလတန်ဘိုး ကျပ်သိန်း(၉၆၀၀) ၊ မှတ်ပုံတင်တစ်ခု ငွေကျပ်နှစ်သိန်း တို့ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ပါတယ် ။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူ ဇော်မင်းဦး(ခ)ဇော်မင်း (၂၉ နှစ်) ဒဂုံအရှေ့ပိုင်းရပ်ကွက် ဒဂုံမြို့နယ် ရန်ကုန်တိုင်း နေထိုင်သူကို အင်းတော်မြို့မရဲစခန်း က မယ(ပ)၄၂/၂၀၁၉ မူးစိတ်ပုဒ်မ- ၁၉(က)/၂၀(က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ အင်းတော်မြို့မရဲစခန်းကနေ သိရပါတယ် ။

#voiceofmyanmar # အင်းတော် #ကသာ #မူးယစ်ဆေးဝါး

Related posts

Leave a Comment

VOM News

FREE
VIEW