မင်းတုန်း ဧပြီ ၁၉ -၂၀၁၉
ဂျန်ကိုးလ် (VOM)
အရှိုချင်းစာပေ သင်ကြားမယ့် ဆရာ ဆရာမတွေကို အရိုချင်းစာပေသင်ကြားရေး မွမ်းမံသင်တန်းဖွင့်ပွဲနဲ့ အရှိုချင်းအမျိုသား စာပေနှင့် ယဉ်ကျေးမှုကြီးကြပ်ရေးကော်မတီတို့ ၄ နှစ်ပြည့် တွေ့ဆုံပွဲကို မင်းတုန်းမြို့အောင်ဆန်းခန်းမမှာ ဧပြီ ၁၉ ဒီကနေ့မနက် ၉နာရီကကျင်းပခဲ့တာပါ။
ဒီပွဲကို တက်ရောက်လာတဲ့ မကွေးတိုင်းအစိုးရ အဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း က
“မနှစ်ကတော့အစိုးရအနေနဲ့ထောက်ပံပေးနိုင်ပါတယ် တစ်ယောက်ကို သောင်းဂဏန်း တော်တော်များများပေးနိုင်ပါတယ်။ ဒီနှစ်ဘတ်ဂျက်အရ ဘယ်လောက်ပေးနိုင်မလဲ တင်ထားတုန်းပါ။ ရံပုံငွေအနေနဲ့မရှိပါဘူး ဒီနှစ်တော့ နာရီ၅၀ပဲ သင်ခွင့်ရတယ်ကြားတယ်။ ကျနော်အတိအကျမသိသေးဘူး စာပေဌာကိုစာဝင်တယ်လို့ပြောတယ်မကြည့်ရသေးဘူး”လို့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းကပြောပါတယ်။
ချင်းစာပေနဲ့ယဉ်ကျေးမှု့ကော်မတီ ၄နှစ်ပြည့် တွေ့ဆုံပွဲကိုပါတွဲဘက်ကျင်းပခဲ့တာဖြစ်ပြီး စာပေသင်တန်းကိုတော့ အင်းလည်ကုန်းကျေးရွာမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးရွှေလှိုင်ကပြောပါတယ်။
“သင်တန်းကာလက၁၅ရက်ကြာမှာပါ ဆရာဆရာမလုပ်မယ့်သူနဲ့ ချင်းစာပေမတတ်သေးတဲ့ လူငယ်တွေအားလုံးပေါင်းရင် ၈၅ယောက်ရွေးချယ်ထားပါတယ်”လို့ သူကပြောပါတယ်။
အဲဒီ အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနု မြို့နယ်အုပ်ချုပ်ရေးမှူး ဌာနဆိုင်ရာများ ယဉ်ကျေးမှု့ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
မင်းတုန်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၂၆ရွာ ရှိတဲ့ အနက် ချင်းတိုင်းရင်းသားကျေးရွာပေါင်း ၄၀ရှိတယ်လို့သိရပါတယ်။
#voiceofmyanmar. #မင်းတုန်း #အရှိုချင်းစာပေ