တစ်ဒေါ်လာနူန်းနဲ့ ၁၅ ကြိမ် ထည့်ဝင်ပြီး ဧရာဝတီကိုပြန်ရွေးယူမယ့် နည်းလမ်းထက် ပိုကောင်းတဲ့နည်းလမ်းရှိရင် ပြောနိုင်ဟု စာရေးဆရာမဂျူးပြော

ရန်ကုန်၊ ဧပြီ ၂၂-၂၀၁၉

သိဂီ င်္ထွန်း(VOM)

 

ပြည်သူတစ်ယောက်ကို တစ်ဒေါ်လာနူန်းနဲ့ ၁၅ ကြိမ် ထည့်ဝင်ပြီး ဧရာဝတီကိုပြန်ရွေးယူမယ့် နည်းလမ်းထက် ပိုကောင်းတဲ့နည်းလမ်းရှိရင် အကြံပြုပြောဆိုနိုင်တယ်လို့ ဧရာဝတီကိုပြန်ရွေးယူကြမယ် စကားဝိုင်းမှာ ဦးဆောင်ဆွေးနွေးခဲ့သူ စာရေးဆရာမဂျူးက ပြောဆိုလိုက်ပါတယ်။

” ကွဲလွဲမှုတွေ ဝေဖန်မှုတွေအများကြီးပေါ်နေတာသိတယ်၊ဘယ်လိုပဲ ဘယ်သူတွေဝေဖန်ပါစေ မူရင်းရည်ရွယ်ချက်ကတော့ ဧရာဝတီ ကိုပြန်ရဖို့မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဖို့  အဲ့ဒီရည်ရွယ်ချက်ကတော့ ဝေဖန်နေသူရော ကျမတို့ရော အားလုံးအတူတူပဲလို့ထင်ပါတယ်။နောက်ပြီး ဒီ တစ်ဒေါ်လာ ကိစ္စက ဖြေရှင်းလို့ရမယ့်အကောင်းဆုံးနည်းလမ်းလို့ပြောတာမဟုတ်ဘူး၊လောလောဆယ်စဉ်းစားလို့ရတဲ့အထဲက အကောင်းဆုံးအနေနဲ့ပြောတာဖြစ်တယ်။တခြားသူတွေအနေနဲ့ ဒီထက်ကောင်းတဲ့ ဧရာဝတီကိုပြန်ရနိုင်မယ့်နည်းလမ်းရှိရင်ပြောလို့ရတယ်”လို့ ပြောပါတယ်။

စကားဝိုင်းအပြီး  ထွက်ပေါ်လာခဲ့တဲ့ တစ်ဒေါ်လာစီစုပြီး ဧရာဝတီကို လျော်ကြေးပေးပြန်ရွေးယူမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ လူမှုကွန်ယက် စာမျက်နှာမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ဒီလိုဝေဖန်မှု ကွဲလွဲမှုတွေနဲ့ပတ်သက်ပြီး ဆရာမဂျူးက ခုလိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ အများဆုံးဝေဖန်ပြောဆိုချက်တွေက “ဧရာဝတီကို ဘယ်သူကပေါင်ခဲ့တာလဲ ၊ ဘာလို့ပြည်သူကရွေးရမှာလဲ ၊ပေါင်လို့ရတဲ့ငွေတွေကရော ဘယ်ရောက်သွားလဲ ၊”စသဖြင့် များစွာရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းဌေးက “ပြည်သူတွေက တစ်ဒေါ်လာနဲ့ ၁၅ ကြိမ်ထည့်ရမယ်။ ဒါကိုရော တရုတ်အစိုးရကလက်ခံမှာတဲ့လား။ ရောင်းစားတဲ့သူတွေက ကောင်းစားကုန်ပြီ။ဒီဒုက္ခကို ပြည်သူကစိုက်ရွေးရမယ်တဲ့လား။ အစိုးရကရော ဒီတိုင်းငြိမ်နေလား ” ဝေဖန်ပြောဆိုခဲ့ပါတယ်။

အဲဒီလို ဒေါ်လာကောက်ခံစုပေါင်းပြီး တရုတ်ဘက်ကို အလျော်ပေးမယ့်ကိစ္စရပ်ဟာ ချက်ခြင်းစတင်အကောင်ထည်ဖော်မယ့်အရာမဟုတ်ကြောင်း၊ အစိုးအရအချင်းချင်း ဆွေးနွေးညှိနိုင်းမှုတွေပြုလုပ်ပြီးချိန် တရုပ်သမ္မတဘက်ကလည်း အလျော်ပေးဖို့လက်ခံမှသာ one dollar campaign ကစတင်မှာဖြစ်ပါတယ်။

တကယ်လို့ ဆွေးနွေးဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောဆိုရခက်တဲ့ကိစ္စရပ်တွေဖြစ်လာနိုင်တာကိုကို စိုးရိမ်တာကြောင့် အားပေးတဲ့အနေနဲ့ ဧရာဝတီကိုပြန်ရွေးယူမယ်ဆိုတဲ့စကားဝိုင်းကိုပြုလုပ်ခဲ့တာဖြစ်သလို ပြည်သူတွေစုပေါင်းပြီး ဒေါ်လာထည့်ဝင် ပြန်လျော်မယ်လို့ ပြောဆိုခဲ့တာဖြစ်ကြောင်း တရာမဂျူးကပြောပါတယ်။

#voiceofmyanmar #မြစ်ဆုံ #ဂျုး #ဧရာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW