သင်္ကြန်နောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးရှောင်တစ်သောင်းကျော်ထိရှိလာ

ဘူးသီးတောင်၊ ဧပြီ ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့  စစ်ဘေးရှောင်အရေအတွက်ဟာ သင်္ကြန်ကာလနောက်ပိုင်းမှာ တစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။   ဘူးသီးတောင်မြို့နယ်မှာ သင်္ကြန်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့တွေမှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့တဲ့ ကျေးရွာပေါင်း ၁၀ ကျော်ထိရှိခဲ့တာဖြစ်ပါတယ်။   “စစ်ဘေးရှောင်အရေအတွက်က ခန့်မှန်းခြေအားဖြင့်ဆိုရင် ကျေးရွာပေါင်း ၁၀ ကျော်မှာ အနည်းဆုံး တစ်သောင်းကျော်ရှိနိုင်ပါတယ်။ သူတို့ကတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်။ တချို့နေမကောင်းသူတွေ၊ အသက်ကြီးပိုင်းတွေကိုတော့ မြို့ပေါ်မှာ ထားတယ်။ တခြားလူတွေကတော့ သူတို့နီးစပ်ရာစခန်းတွေမှာနေကြပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။   ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်တွေဟာ မြို့ပေါ်ကယ်ဆယ်ရေးခစန်းဖြစ်တဲ့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းမှာ အသက်ကြီးပိုင်းတွေကိုထားရှိပြီး စေတီတောင်ကယ်ဆယ်ရေးစခန်းမှာ ၂၀၀၀ ကျော်၊ ဆင်ခုန်းတိုင်ကယ်ဆယ်ရေးစခန်းမှာ ၂၀၀၀…

Read More

အိုင်ဗရီကို့စ်မှာ မြန်မာ့ဆန်လို့ပြောပြီးဖျက်တဲ့ကိစ္စ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လက်မခံ

ရန်ကုန် ၊ဧပြီ ၂၂ -၂၀၁၉ TGH (VOM)   မြန်မာ့ဆန်တွေ အာဖရိက အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ကိစ္စဟာ သမရိုးကျဟုတ်ရဲ့လား ၊လုပ်ထုံးလုပ်နည်းတွေနဲ့မှန်ရဲ့လားဆိုတာကို လေ့လာဆန်းစစ်ပြီး သံတမန်နည်းလမ်းအရတုံ့ပြန်သွားမှာဖြစ်သလို မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ UMFCI နဲ့ မြန်မာနိုင်ငံဆန်စပါစအသင်းချုပ် ရဲ့ တာဝန်ရှိသူတွေက ဒီကနေ့မှာ တရားဝင်ဖြေရှင်းပြောဆိုလိုက်ပါတယ်။   “အဲ့ဒီနိုင်ငံက တာဝန်ရှိတဲ့သူတွေ ၊ မြန်မာဆန်စားသုံးရန်မသင့်ဆိုပြီး ဖျက်ဆီးလိုက်တဲ့ အဖွဲ့အစည်းအနေနဲ့ မြန်မာ့ဆန်သေချာရင်ဘာကြောင့် မြန်မာနိုင်ငံကိုအကြောင်းမကြားခဲ့တာလဲ၊ မြန်မာနိုင်ငံရဲ့သံရုံးကို ဘာကြောင့်မဆက်သွယ်ခဲ့တာလဲ။ ခုလိုအကြောင်းမကြားဘဲ မျက်ကွယ်မှာ မြန်မာဆန်လို့ပြောတာကို တရားဝင်ကန့်ကွက်တယ်။ ရှုံ့ချပါတယ်။”လို့ UMFCI ရဲ့ဗဟိုအလုပ်မှုဆောင် ဦးအေးလွင်က ပြောပါတယ်။   ဒါကြောင့် မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ကိစ္စရပ်ဟာ မြန်မာနိုင်ငံရဲ့အားနည်းချက်မဟုတ်သလို မြန်မာ့ဆန်အရည်အသွေးညံ့တာကြောင့်မဟုတ်တဲ့အတွက် ဆန်ရောင်းချသူတွေအနေနဲ့ မြန်မာနိုင်ငံမှာတာဝန်မရှိဘဲ ၊ ဆန်ဝယ်ယူသွားတဲ့ Buyer မှာသာ တာဝန်အရှိဆုံး ၊ အသက်ဆိုင်ဆုံးဖြစ်တယ်လို့…

Read More

ပေါက်တောမြို့နယ်က ချောင်းထဲမှာ လူသေအလောင်းတစ်လောင်းတွေ့ရှိ

ပေါက်တော၊ ဧပြီ ၂၂-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ တန်းမျက်ချောင်းဝအနီးမှာ သေဆုံးနေတဲ့အမျိုးသမီးတစ်ဦးရဲ့လောင်းကို ဒီကနေ့မနက်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။   အဲ့ဒီသေဆုံးနေသူအမျိုးသမီးမှာ ငပြီတက်ကျေးရွာမှ မအေးဝင်းနိုင် ၂၂ နှစ်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ညနေပိုင်းကနေ ပျောက်ဆုံးနေတာဖြစ်ကြောင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ အလောင်းကိုချောင်းအတွင်း သေဆုံးလျက်တွေ့ရတာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။   “သူက မနေ့ကညနေပိုင်းကနေ အိမ်ကပျောက်သွားတယ်လို့သိရတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ သူ့အလောင်းကို တန်းမျက်ချောင်းရွာ ချောင်းဝအနီးမှာ တွေ့ရတာဖြစ်ပါတယ်။ လူသတ်သွားတာလည်းဖြစ်နိုင်ပါတယ်။ အခုတော့ ဆေးရုံကိုပို့ဆောင်ထားပါတယ်။”လို့ ငပြီတက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။   သေဆုံးသူအမျိုးသမီးမှာ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကိုမတွေ့ရတော့ဘဲ လက်ပါတ်နာရီတစ်လုံးတည်းကိုသာ တွေ့ရကြောင်းနဲ့ လက်ဝတ်ရတနာတွေကိုယူပြီး သတ်ဖြတ်ခဲ့တာဖြစ်နိုင်ကြောင်း ကျေးရွာသားတွေက ပြောပါတယ်။   “သူ့မှာ လက်စွပ်၊ နားဋောင်း၊ လက်ကောက်တွေပါတယ်။ ကာလတန်ဖိုး ကျပ်သိန်း ၂၀ ကျော်လောက်ရှိမယ်လို့ပြောတယ်။ အခုအလောင်းမှာက လက်ပါတ်နာရီတစ်လည်းတည်းပဲ…

Read More

ဆုံးရှုံးသွားတဲ့ သစ်ပင်သစ်တောတွေအစား ပြန်လည်ကုစားဖို့ သစ်ပင်စိုက်ပျိုးရေး ရန်ကုန်တိုင်းက စမယ်

နေပြည်တော် ဧပြီ ၂၂-၂၀၁၉ ဒီပ(နေပြည်တော်)   မြန်မာနိုင်ငံအတွင်း ဆုံးရှုံးသွားခဲ့တဲ့ သစ်ပင်သစ်တောများအစား ပြန်လည်ကုစားရန်အတွက် သစ်ပင်များစိုက်ပျိုးရေး ရန်ကုန်တိုင်းဒေသကြီးကနေ စတင်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်အခြေစိုက် အနာဂတ်အတွက် သစ်ပင်စိုက်သူများ(ယာယီ)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မျိုးသူက ပြောပါတယ်။ “အခုလိုစိုက်ပျိုးဖို့ ရည်ရွယ်ချက်ဖြစ်လာတာက ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲ့တဲ့လူတန်းစားက (၉၅)ရာခိုင်နှုန်းလောက်ရှိတယ် အဲယားကွန်းနဲ့မနေနိုင်တဲ့သူ အဲ့ဒီလိုလူတွေက အပူဒဏ်ကို ခံစားနေရတယ် ပြောရရင် အရိပ်အောက်မှာ အနားယူနိုင်တဲ့ အခြေအနေမရှိတဲ့သူတွေပေါ့ အဲ့ဒီလို အပူဒဏ်ခံစားနေရတဲ့ သူတွေရယ် ဆုံးရှုံးသွားတဲ့ သစ်တောတွေနေရာမှာ ပြန်ပြီးတော့ အစားထိုးနိုင်ဖို့နဲ့ စိုက်တဲ့သူဘက်က အင်အားများလာရင် ခုတ်တဲ့သူတွေဘက်က အလိုလိုရပ်တန့်သွားမယ်လို့ ခံယူချက်လည်း ရှိပါတယ်  ရန်ကုန်ကနေစမယ် ပြီးရင် အသင်းအဖွဲ့တစ်ခုရအောင်လျှောက်မယ် တစ်နိုင်ငံလုံးမှာ ဒီလိုအစုအဖွဲ့တွေ ထပ်ပြီးပေါ်လာဖို့ ရည်ရွယ်ချက်ရှိတယ် လူတန်းစားမျိုးစုံပါဝင်တယ် လာမယ့်တနင်္ဂနွေမှာ အစည်းအဝေးရှိတယ် အဖွဲ့အမည်ကတော့ အနာဂတ်အတွက် သစ်ပင်စိုက်ကြမယ်ဆိုတာ ယာယီရွေးထားတယ် စိုက်ပျိုးရေးပညာရှင် သစ်တောနဲ့လျှပ်စစ်…

Read More

စစ်ကိုင်းမြို့မှာ အပူချိန်ကျဆင်းခဲ့သလို ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်း

စစ်ကိုင်း ဧပြီ ၂၂-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းမြို့မှာ ပြီးခဲ့သော ရက်ပိုင်းတွေက ပူခဲ့သော ပုံမှန်နေ့အပူချိန်ထက် လက်ရှိမှာ အပူချိန်တွေ ကျဆင်းလျက်ရှိပြီး ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့ (ဒီနေ)အထိ စစ်ကိုင်းမြို့မှာ အမြင့်ဆုံးအပူချိန်ဟာ ၄၂ ဒီဂရီစင်တီဂရိတ် ထိ ရောက်ရှိခဲပြီး လက်ရှိမှာ ပတ်ဝန်းကျင်ဒေသတွေ မိုးရွာသွန်းမှုများရှိတဲ့ အတွက် ၎င်းအပူချိန်ထက် ကျဆင်းသွားပြီး ဆက်လက်၍ အပူချိန် ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဦးစီးမှူး ဦးကိုကိုနိုင်ကပြောပါတယ်။ #voiceofmyanmar #စစ်ကိုင်း #အပူချိန် #မိုးလေ၀သ

Read More

တစ်ဒေါ်လာနူန်းနဲ့ ၁၅ ကြိမ် ထည့်ဝင်ပြီး ဧရာဝတီကိုပြန်ရွေးယူမယ့် နည်းလမ်းထက် ပိုကောင်းတဲ့နည်းလမ်းရှိရင် ပြောနိုင်ဟု စာရေးဆရာမဂျူးပြော

ရန်ကုန်၊ ဧပြီ ၂၂-၂၀၁၉ သိဂီ င်္ထွန်း(VOM)   ပြည်သူတစ်ယောက်ကို တစ်ဒေါ်လာနူန်းနဲ့ ၁၅ ကြိမ် ထည့်ဝင်ပြီး ဧရာဝတီကိုပြန်ရွေးယူမယ့် နည်းလမ်းထက် ပိုကောင်းတဲ့နည်းလမ်းရှိရင် အကြံပြုပြောဆိုနိုင်တယ်လို့ ဧရာဝတီကိုပြန်ရွေးယူကြမယ် စကားဝိုင်းမှာ ဦးဆောင်ဆွေးနွေးခဲ့သူ စာရေးဆရာမဂျူးက ပြောဆိုလိုက်ပါတယ်။ ” ကွဲလွဲမှုတွေ ဝေဖန်မှုတွေအများကြီးပေါ်နေတာသိတယ်၊ဘယ်လိုပဲ ဘယ်သူတွေဝေဖန်ပါစေ မူရင်းရည်ရွယ်ချက်ကတော့ ဧရာဝတီ ကိုပြန်ရဖို့မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဖို့  အဲ့ဒီရည်ရွယ်ချက်ကတော့ ဝေဖန်နေသူရော ကျမတို့ရော အားလုံးအတူတူပဲလို့ထင်ပါတယ်။နောက်ပြီး ဒီ တစ်ဒေါ်လာ ကိစ္စက ဖြေရှင်းလို့ရမယ့်အကောင်းဆုံးနည်းလမ်းလို့ပြောတာမဟုတ်ဘူး၊လောလောဆယ်စဉ်းစားလို့ရတဲ့အထဲက အကောင်းဆုံးအနေနဲ့ပြောတာဖြစ်တယ်။တခြားသူတွေအနေနဲ့ ဒီထက်ကောင်းတဲ့ ဧရာဝတီကိုပြန်ရနိုင်မယ့်နည်းလမ်းရှိရင်ပြောလို့ရတယ်”လို့ ပြောပါတယ်။ စကားဝိုင်းအပြီး  ထွက်ပေါ်လာခဲ့တဲ့ တစ်ဒေါ်လာစီစုပြီး ဧရာဝတီကို လျော်ကြေးပေးပြန်ရွေးယူမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ လူမှုကွန်ယက် စာမျက်နှာမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ဒီလိုဝေဖန်မှု ကွဲလွဲမှုတွေနဲ့ပတ်သက်ပြီး ဆရာမဂျူးက ခုလိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာ အများဆုံးဝေဖန်ပြောဆိုချက်တွေက “ဧရာဝတီကို ဘယ်သူကပေါင်ခဲ့တာလဲ ၊ ဘာလို့ပြည်သူကရွေးရမှာလဲ ၊ပေါင်လို့ရတဲ့ငွေတွေကရော ဘယ်ရောက်သွားလဲ ၊”စသဖြင့်…

Read More

ချပ်သင်းဘေးမဲ့တောရှိ ရွှေသမင်ကောင်ရေ အရင်နှစ်ကထက် ၅၀၀ ကျော် တိုးလာ

ဧပြီ ၂၂ ၊၂၀၁၉ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အတွင်းမှာ တည်ရှိတဲ့ ရွှေသမင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်းမှာ နေထိုင်ကျက်စားကြတဲ့ ရွှေသမင်ကောင်ရေ ဟာဆိုရင် ၂၀၁၈ ခုနှစ် ကထက် အကောင်ရေ ၅၀၀ ကျော် တိုးပွားလာတယ်လို့ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး က လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းဆွေ က ပြောပါတယ်။   ချပ်သင်းဘေးမဲ့တော အတွင်းမှာ နေထိုင်တဲ့ ရွှေသမင်တွေကို စစ်တမ်းကောက်ယူတာတွေကို ဧပြီလ ၄ ရက်နေ့ ကနေ ၃ ရက်အကြာ ကောက်ယူခဲ့ရာမှာ အခင်နှစ်ကထက် အကောင်ရေ ၅၀၀ ကျော် တိုးပွားလာပြီး နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ ဘေးမဲ့တော အတွင်းမှာနေထိုင်ကျက်စားတဲ့ ရွှေသမင်ကောင်ရေ ၁၄၀၉ ကောင်ရှိတယ်လို့ အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ဒီဘေးမဲ့တော့ အတွင်းမှာ ၂၀၁၈ ခုနှစ်…

Read More

မန္တလေးမှာ မြစ်ဆုံဆည် အလိုမရှိကြောင်း စတစ်တာ ကမ်ပိန်းပြုလုပ်

မန္တလေး၊ ဧပြီ ၂၂-၂၀၁၉ ဟိန်းကို(VOM)ြ မစ်ဆုံဆည် အလိုမရှိ၊ ဧရာဝတီကိုကာကွယ်ကြ စာတမ်းပါ စတစ်ကာများကို လိုက်လံကပ်တဲ့ ကမ်ပိန်းကိုဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ ၇၃လမ်း နှင့် လမ်း၄၀ထောင့်ကနေ စပြီး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ #voiceofmyanmar#မြစ်ဆုံ #စတေကာ #ကမ်ပိန်း   Chat conversation end Type a message…

Read More
VOM News

FREE
VIEW