ပေါက်တောမြို့နယ်က ချောင်းထဲမှာ လူသေအလောင်းတစ်လောင်းတွေ့ရှိ

ပေါက်တော၊ ဧပြီ ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ တန်းမျက်ချောင်းဝအနီးမှာ သေဆုံးနေတဲ့အမျိုးသမီးတစ်ဦးရဲ့လောင်းကို ဒီကနေ့မနက်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီသေဆုံးနေသူအမျိုးသမီးမှာ ငပြီတက်ကျေးရွာမှ မအေးဝင်းနိုင် ၂၂ နှစ်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ညနေပိုင်းကနေ ပျောက်ဆုံးနေတာဖြစ်ကြောင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ အလောင်းကိုချောင်းအတွင်း သေဆုံးလျက်တွေ့ရတာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

 

“သူက မနေ့ကညနေပိုင်းကနေ အိမ်ကပျောက်သွားတယ်လို့သိရတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ သူ့အလောင်းကို တန်းမျက်ချောင်းရွာ ချောင်းဝအနီးမှာ တွေ့ရတာဖြစ်ပါတယ်။ လူသတ်သွားတာလည်းဖြစ်နိုင်ပါတယ်။ အခုတော့ ဆေးရုံကိုပို့ဆောင်ထားပါတယ်။”လို့ ငပြီတက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

 

သေဆုံးသူအမျိုးသမီးမှာ ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကိုမတွေ့ရတော့ဘဲ လက်ပါတ်နာရီတစ်လုံးတည်းကိုသာ တွေ့ရကြောင်းနဲ့ လက်ဝတ်ရတနာတွေကိုယူပြီး သတ်ဖြတ်ခဲ့တာဖြစ်နိုင်ကြောင်း ကျေးရွာသားတွေက ပြောပါတယ်။

 

“သူ့မှာ လက်စွပ်၊ နားဋောင်း၊ လက်ကောက်တွေပါတယ်။ ကာလတန်ဖိုး ကျပ်သိန်း ၂၀ ကျော်လောက်ရှိမယ်လို့ပြောတယ်။ အခုအလောင်းမှာက လက်ပါတ်နာရီတစ်လည်းတည်းပဲ ပါတာတွေ့ရတယ်။ ဘယ်သူတွေသတ်သွားခဲ့တာလဲ ဆိုတာကို တော့ မသိရသေးဘူး။”လို့ အုပ်ချုပ်ရေးမှူးကပြောသည်။

 

လက်ဝတ်ရတနာတွေလုယက် သတ်ဖြတ်ခံလိုက်ရတဲ့ ငပြီတက်ကျေးရွာမှ မအေးဝင်းနိုင်သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

 

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ပေါက်တော #လူသေအလောင်းတွေ့

 

Related posts

Leave a Comment

VOM News

FREE
VIEW