မန္တလေး ၊ဧပြီ ၁၉-၂၀၁၉ Pen(VOM) နှစ်ပေါင်း ၁၀၀ သက်တမ်းရှိတဲ့ ကင်မရာတွေအပါအဝင် ခေတ်ဟောင်းကင်မရာတွေ ကိုပြသမယ့် မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲကို မန္တလေးမြို့တော်ခန်းမမှာ ပြုလုပ်သွားမယ်လို့  သိရပါတယ်။ အဲ့ဒီပြပွဲကို အခုလ ၂၃ ရက်နေ့ကနေ ၂၅ ရက် အထိ ပြသ သွားမှာဖြစ်ပါတယ်။ မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲမှာ ၁၉၀၈ ခုနှစ်ထုတ် ကင်မရာတွေကနေ ဒီနေ့ခေတ်အထိ ကင်မရာတွေ ပါဝင်မှာဖြစ်ပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုင်ဆောင်ခဲ့တဲ့ကင်မရာလည်း ပြသသွားမှာပါ။ “မန္တလေးကို ထင်ဟပ်စေတဲ့ ဓာတ်ပုံဟောင်းတွေနဲ့တွဲပြသွားဖို့ရှိတယ်”လို့ ခေတ်ဟောင်းကင်မရာတွေကို စုဆောင်းခဲ့သူကို ကျော်သက်မင်းကပြောပါတယ်။ မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲမှာ စုဆောင်းထားတဲ့ ခေတ်ဟောင်း ကင်မရာပေါင်း ၆၀၀ ကျော်ထဲက ၂၀၀ကျော်ကို ပြသသွားမှာပါ။ ရှေးဟောင်း ကင်မရာတွေကို ပြတိုက်ဖွင့်လှစ်ပြီး ပြသနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၀၄ ခုနှစ်ကစပြီး စုဆောင်းခဲ့တာဖြစ်ပါတယ်…
Read MoreMonth: April 2019
ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေး
ဘူးသီးတောင်၊ ဧပြီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းက နွားရုံတောင်ကျေးရွာသားတွေဟာ မနေ့ကစတင်ပြီး တော့ ကျေးရွာအနီးလက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားနေတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ နွားရုံတောင်ကျေးရွာဟာ စံဂိုးထောင်ကျေးရွာအုပ်စုအတွင်းတည်ရှိနေပြီး မနေ့ညနေပိုင်းကနေ ဖုံညိုလိပ်ကျေးရွာ ဘက်ကနေပြီးတော့ ထိပ်ထူးပေါက်တောင်တန်းဘက်သို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေပြီး ညနေပိုင်းမှာ နွားရုံတောင်ကျေးရွာဘက်သို့ တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တဲ့အတွက် ကျေးရွာသားတွေ ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ “မနေ့ကညနေပိုင်းမှာ ဖုံညိုလိပ်ဘက်ကနေပြီးတော့ စံဂိုးထောင်တို့ နွားရုံတောင်တို့ဘက်ကို စစ်ကြောင်းတွေဝင်လာတယ်။ အဲ့ဒီမှာ ပစ်ခတ်မှုတွေပြုလုပ်တယ်။ တစ်ညလုံးပစ်တယ်။ ဒါကြောင့် ရွာသားတွေကြောက်ပြီးတော့ ထွက်ပြေးလာခဲ့ကြ တာပါ။”လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။ ဒါ့အပြင် ကျေးရွာသားတွေထွက်ပြေးလာခဲ့ကြတဲ့အချိန်မှာ ကျေးရွာတွင်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး ကျန်းမာရေး မကောင်းတဲ့ အဘိုးအိုလင်မယားနှစ်ယောက် သာကျန်နေခဲ့တာဖြစ်ပါတယ်။ “တစ်ရွာလုံးထွက်ပြေးလာခဲ့တဲ့အချိန်မှာတော့ ရွာမှာ အသက်ကြီးပိုင်း…
Read Moreအာဖရိကမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာ့ဆန်တွေဟာ တပ်မတော်ပိုင်လုပ်ငန်းဖြစ်တဲ့ ဧရာဟင်္သာကုမ္ပဏီ နဲ့ မြန်မာကုမ္ပဏီ ၂ခု ကရောင်းချခဲ့ခြင်းဖြစ်
ရန်ကုန် ၊ဧပြီ ၁၉-၂၀၁၉ TGH (vom) အာဖရိက အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာဆန်တွေဟာ တပ်မတော်ပိုင်လုပ်ငန်းဖြစ်တဲ့ ဧရာဟင်္သာကုမ္ပဏီနဲ့ ရွှေဝါရောင် (မက်ထရစ် တန် ၁၃၅၀၀) ၊ MEC (မက်ထရစ်တန် ၈၀၀၀) ကုမ္ပဏီ တွေက ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီ ဖြစ်တဲ့ Olam International Co. Ltd. ကိုရောင်းချခဲ့တဲ့ဆန်တွေဖြစ်တယ်လို့ ဒုတိယ၀န်ကြီး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဦးအောင်ထူးက ဒီကနေ့မှာ သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နာကနေ ဖြေရှင်းပြောကြားလိုက်တာဖြစ်ပါတယ်။ ” ဒီကိစ္စ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်(MRF)၊ ဆန်တင်ပို့သူတွေနဲ့ inspection agency တွေ သက်ဆိုင်သူတွေပါတဲ့ အစည်းအဝေးတစ်ခုကို မကြာမီပြုလုပ် သွား ဖို့ရှိတယ်။ ဖြစ်ရပ်အမှန်ကို ဆန်းစစ်ပြီး ဘယ်သူရဲ့ အားနည်းချက်လဲ၊ သက်ဆိုင်ရာတင်ပို့တဲ့ ကုမ္ပဏီတွေလား၊ ပွဲစားလုပ်တဲ့ ကုမ္ပဏီလား၊ inspection agency တွေလား၊…
Read Moreပခုက္ကူခရိုင် ပေါက်မြို့နယ်တွင်း လေဘေးသင့် အိမ်ထောင်စု ၁၀၀ ကျော်ခဲ့
ပေါက်. ဧပြီ ၁၈ ၊ ၂၀၁၉ အောင်မြင့် ( ပခုက္ကူ ) ဧပြီလ ၁၇ ရက်နေ့က ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ လင်တောင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ဆပန်ကျေးရွာအုပ်စု၊ ကူကားကျေးရွာအုပ်စုနှင့် ပလောင်းကျေးရွာအုပ်စုတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ လေဘေးကြောင့် ပြိုကျနေအိမ်(၄)လုံး၊ တစိတ်တပိုင်းပြိုကျနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၉၈)လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အိမ်ထောင်စု(၁၀၃)စု၊ လူဦးရေ(၅၀၈)ဦးလေဘေးသင့်ခဲ့ပါတယ်။ ခုလိုလေဘေးသင့်ပျက်စီးသွားတဲ့ ကျောင်း/အိမ် ဆောက်ပစ္စည်းဖိုး(၄၅၀၀၀၀၀ိ/-)ကျပ်၊ဆန်ရိက္ခာဖိုး(၁၀၆၆၈၀၀ိ/-)ကျပ်၊ စုစုပေါင်း(၅၅၆၆၈၀၀ိ/) (ကျပ်ငါးဆယ့် ငါးသိန်းခြောက်သောင်းခြောက်ထောင့်ရှစ်ရာကျပ်တိတိ)တို့အပြင် ၊ ပြိုကျနေအိမ်(၄)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၄)ပုံး၊ အမိုးလန်နေအိမ်(၉၉)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၉၉)စုံတို့ကို (၁၈-၄-၂၀၁၉)ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့ပါတယ်။ ဒီကနေ့ ဧပြီ ၁၈ ရက်ပမှာလည်း ပခုက္ကခရိုင်ပေါက်မြို့နယ်မှာ လေပြင်းတိုက်ခက်ခဲ့တာကြောင့် နေအိမ် ခြောက်လုံးအမိုးလန်ပျက်စီးပြီး ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလဲ…
Read Moreပစ်ခတ်မှုတွေအကြား အရပ်သားတွေထိခိုက်မှုများလာတဲ့အတွက် ဘောင်းဒွတ် ရွာလုံးကျွတ်ထွက်ပြေး
မြောက်ဦး၊ ဧပြီ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုများပြားလာနေတဲ့ အတွက် ဘောင်းဒွတ်ကျေးရွာသားတွေ ကျေးရွာအတွင်းဆက်လက်မနေရဲတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေး နေကြရကြောင်း အောင်တပ်ရက်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ ဘောင်းဒွတ်ကျေးရွာနဲ့ အနီးဝန်းကျင်မှာ ခမရ ၃၇၇ နဲ့ ခမရ ၃၇၈ တပ်ရင်းတွေရှိနေပြီး ပစ်ခတ်မှုတွေပြင်းပြင်းထန်ထန် ပြုလုပ်နေတဲ့အတွက် ကျေးရွာသားနှစ်ဦးကို မနေ့ညက ကျည်ထိဒဏ်ရာရရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေရှိနေသလို ပစ်ခတ်မှုတွေဆက်လက်ရှိနေဆဲဖြစ်တဲ့အတွက် ကျေးရွာအတွင်း ညအချိန်မနေရဲကြဘဲ အခုလိုထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ “အစကတော့ တစ်အိမ်ထောင် နှစ်အိမ်ထောင်လောက်ပဲ ထွက်ပြေးတာပါ။ မနေ့က ရွာသားနှစ်ယောက် ထိခိုက်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ပိုဆိုးလာတယ်။ ဒါကြောင့် ဆက်မနေရဲတော့လို့ တစ်ရွာလုံး ထွက်ပြေးလာတာပါ။ အခုအောင်တပ်ရပ်ကွက်က ကယ်ဆယ်ရေးစခန်းကိုရောက်နေပါတယ်။”လို့ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲ့ဒီရွက်ပြေးလာခဲ့ကြတဲ့ ဘောင်းဒွတ်ကျေးရွာသားတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်ဒပ်၊ မြို့သစ်၊…
Read Moreမိုးသက်လေပြင်းကြောင့် နေပြည်တော်ပတ်ဝန်းကျင် ပျက်စီးမှုများခဲ့
နေပြည်တော် ဧပြီ ၁၈ – ၂၀၁၉ ကိုထွန်း (VOM) ဧပြီ ၁၇ ရက် ညနေပိုင်းက နေပြည်တော်တ၀ိုက် မိုးသက်လေပြင်းကျလို့ ဥတ္တရသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ သာသနိကအဆောက်အဦတွေရော နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။ ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက်(၂)ခု ၊ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၁၄)ရွာက လူနေအိမ်(၁၄၃)လုံးအမိုးများလန်ခြင်း၊ လူနေအိမ်(၃)လုံးပြိုကျခြင်း၊ စာသင်ကျောင်း(၄)ကျောင်းအမိုးများလန်ခြင်း၊ဘုန်ကြီးကျောင်း(၃)ကျောင်း၊ သိမ်(၁)ခု၊ ဓမ္မာရုံ(၁)ခု၊ အုပ်ချုပ်ရေးမှူးရုံး(၁)ရုံးတို့အမိုလန်ခြင်း၊ ဓာတ်တိုင်(၄)တိုင်ပြိုလဲခဲ့ပြီး ကိုးတောင်ပြည့်စေတီတစ်ဆူ ထီးတော်စောင်းပြီးစိန်ဖူးတော်မြေခခဲ့တယ်လို့ သိရပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာတော့ ကျေးရွာအုပ်စုလေးအုပ်စုက ကျေးရွာလေးရွာမှာ လူနေအိမ်(၅)လုံးပြိုကျခဲ့ပြီးနေအိမ်၂၉လုံးအမိုးလန်ခဲ့ကြောင်းသိရပါတယ်။ တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာမှာလည်း နေအိမ်နှစ်လုံးအမိုးလန်ပျက်စီးခဲ့ပြီး၊ဘုန်းကြီးကျောင်းတစ်ကျောင်းလည်းအမိုးတွေ လန်သွားခဲ့ပါတယ်။ ဧပြီ.၁၈ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဥက္ကဌ၊ မြိုတော်ဝန်ဒေါက်တာမျိုးအောင်နဲ့ လူ/ကယ်ပြန်ဌာနက တာဝန်ရှိသူတွေ လွှတ်တော်ကိုယ်စားတွေဟာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ ကျေးရွားတွေကို သွားပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။ နေပြည်တော်ကောင်စီက…
Read Moreသင်္ကြန်ကာလ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတာနဲ့ပတ်သက်လို့ တိုင်ကြားမှု ၃၄ ခုရှိ
ရန်ကုန် ၊ဧပြီ ၁၈ TGH (vom) သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုကောက်ခံတဲ့ ယာဉ်လိုင်းတွေကို တိုင်ကြားမှု ၃၄ ခု ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ကသိရပါတယ်။ “အာဏာပိုင်အဖွဲ့ကို တိုင်ထားတာက ၃၄ ခုရှိတယ်။ သူတို့ကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာကိုတော့ တစ်ယောက်တည်းပြောလို့မရဘူး။ အဖွဲ့နဲ့ပြောမှရမယ်။”လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့အတွင်းရေးမှူးဖြစ်သူဒေါက်တာမောင်အောင်က ဆိုပါတယ်။ သင်္ကြန်ကာလမှာ သတ်မှတ်ယာဉ်စီးခနူန်းထားထက်ပိုမကောက်ဖို့ YRTA အနေနဲ့ သင်္ကြန်ကာလမရောက်ခင်ကတည်းက ကြေငြာထားပေမယ့်လည်း တကယ်တမ်း သင်္ကြန်ကာလမှာတော့ YBS ယာဉ်လိုင်းတွေရပ်နားတာများပြားခဲ့တာကြောင့် သင်္ကြန်အကြိုနေ့မတိုင်ခင်တစ်ရက်အလိုမှာတင် ခရီးစဉ်တစ်ကြောင်းကို ၁၀၀၀ ကျပ် ထိတောင်းတာတွေရှိခဲ့ပါတယ်။ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ybs စီးနင်းသူတွေအကြားမှာလည်း ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ” သင်္ကြန်ရက် ကားဆွဲပေးတာပဲ ကျေးဇူးတင်ရမှာပါ၊အမှန်ဆို ဒါသူတို့ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့ကနေ အစထဲကစီစဉ်ရမှာလေ။ ခုတော့ ရှိသမျ ကားလိုင်းတွေက…
Read Moreသင်္ကြန် လေးရက်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခု မှာ လူသတ်မှု ၇ မှုအပါ အဝင် ဖြစ်ပွားခဲ့တဲ့မှုခင်းတွေကြောင့် သေဆုံးသူ ၂၉ ဦးနဲ့ထိခိုက်ဒဏ်ရာရသူ ၁၃၀ ထိရှိခဲ့
ရန်ကုန်၊ ဧပြီ ၁၈ TGH(vom) သင်္ကြန်ကာလ လေးရက်အတွင်း တိုင်းနဲ့ပြည်နယ် ၁၁ခု မှာ လူသတ်မှု ၇ မှု နဲ့ ယာဉ်တိုက်မှု ၂၁ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၃၆ မှု ၊ ခိုးမှု ၂ မှု၊ ရေနစ်သေဆုံးမှု ၁၄ မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း သေဆုံးသူ ၂၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၀ နဲ့ ခိုးမှု ၂ မှု ရှိခဲ့တယ်လို့သိရပါတယ်။ ဒါဟာ သင်္ကြန်နဲ့ပတ်သက်ပြီး ရေပက်ကစားလည်ပတ်ကြရာကနေ အပျော်လွန် ကျူးတာ၊ ယာဉ်မဆင်မခြင် မောင်းနှင်တာ ၊ အစအနောက် လွန်ကျူးရာကတဆင့် ခိုက်ရန်ဖြစ်ပွားတာ အပါအဝင် မှုခင်းဖြစ်ပွားမှုတွေအနေနဲ့မူခင်းသာဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။ နေပြည်တော်မှာ လူသတ်မှု…
Read Moreပေါ်တူဂီမှာ ကမ္ဘာ့လှည့်ခရီးသည်ဘတ်စ်ကားတစ်စီး တိမ်းမှောက် လူ ၂၉ ဦးသေဆုံး
လစ္စဘွန်း၊ ဧပြီ၁၈-၂၀၁၉ မျိုးဆက် (VOM) ပေါ်တူဂီနိုင်ငံပိုင် မာဒီယာကျွန်းမှာ ဂျာမန်ကမ္ဘာလှည့်ခရီးသွားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားလို့လူ ၂၉ ဦးထက်မနည်းသေဆုံးသွားပါတယ်။ ကာနီဆိုမြို့အနီးဖြစ်ပွားခဲ့တဲ့ အဲဒီ မတော်တဆမှုမှာ အခြားလူ ၂၇ ဦးလည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ ဘတ်စ်ကားမတော်မဆမှုဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားမောင်းသူဟာ လမ်းဆုံတစ်ခုမှာ ကားကိုမထိန်းချုပ်နိုင်တော့ဘဲ တိမ်းမှောက်သွားတာဖြစ်တယ်လို့ ပေါ်တူဂီနိုင်ငံ အခြေစိုက် လူဆာသတင်းဌာနက ဖော်ပြပါတယ်။ တိမ်းမှာက်သွားတဲ့ ဘတ်စ်ကားဟာ နောက်ဆုံးမှာ အိမ်ခေါင်မိုးတစ်ခုပေါ်မှာ တင်ကျန်ပြီး ရပ်တန့်သွားပါတယ်။ ဒီမတော်တဆမှုအတွက် ၀မ်းနည်းကြောင်းဘယ်လို ပုံဖော်ပြောရမယ်ဆိုတာကိုတောင် မသိဘူးလို့ ဒေသဆိုင်ရာ မြို့တော်ဝန် ဖိလစ်ဆော့ဆာက ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ ကမ္ဘာ့လှည့်ခရီးသွားအားလုံးဟာ ဂျာမန်လူမျိုးတွေပြီး သေဆုံးဒါဏ်ရာရရှိသူတွေထဲမှာ ဒေသခံတွေပါဝင်နိုင်တယ်လို့ သူကပြောပါတယ်။ သေဆုံးသူများထဲက ၁၁ ဦးက အမျိုးသားများဖြစ်ပြီး…
Read Moreမြောက်ဦးမြို့ပေါ်ပစ်ခတ်မှုကြောင့် သားဖနှစ်ဦးကျည်ထိဒဏ်ရာရ
မြောက်ဦး၊ ဧပြီ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ဘောင်းဒွတ်ရပ်ကွက်အတွင်းမှာ ဧပြီလ ၁၇ ရက်နေ့ညက ပစ်ခတ်မှု များဖြစ်ပွားခဲ့တဲ့အတွက် သားအဖနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ သားအဖနှစ်ဦးမှာ ဘောင်းဒွတ်ရပ်ကွက်မှာနေထိုင်သူတွေဖြစ်ကြပြီး ဖခင်ဖြစ်သူ ဦးမောင်သန်းအေး ၄၀ နှစ်နဲ့ သမီးဖြစ်သူ မဌေးဌေးအောင် ၁၄ နှစ်တို့ နေအိမ်အတွင်း ပုံးအောင်းနေစဉ် ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနေ့က ည ၁၀ နာကျော်လောက်ကနေ စပြီးတော့ ပစ်ခတ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အစုံးပါပဲ။ ဆက်တိုက်ကို ပစ်ခတ်နေတာပါ။ ညက ပစ်တယ်ဆိုတာနဲ့ ရွာမှာမနေရဲကဘူး။ အားလုံးက နီးစပ်ရာလုံခြုံမဲ့နေရာတွေမှာ ပုန်းကြတာပေါ့။ ဦးမောင်သန်းအေးတို့ သားအဖနှစ်ယောက်ကတော့ ကျည်ထိသွားတယ်။ အခုဆေးရုံကိုပိုထားပါပြီ။”လို့ ဘောင်းဒွတ်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောပါတယ်။ ကျည်ထိမှန်ခဲ့တဲ့ ဦးမောင်သန်းအေးမှာ နှာခေါင်းဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ…
Read More