ဧပြီလ ၁၇ ရက် -၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ၊ ပြည်မြို့ ၊ ကမ်းနားလမ်းမှာရှိတဲ့ ခေတ္တရာဧရာပန်းခြံနောက်က ဧရာဝတီမြစ်မှာ ရေဆင်းချိုးတဲ့ အမျိုးသမီးငယ်သုံးဦး ဧပြီလ ၁၇ ရက်နေ့ သင်္ကြန်အတက်နေ့မနက် ၁၀ နာရီခန့်ကရေနစ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိအခြေအနေထိ အလောင်းအားရှာဖွေတွေ့ရှိသေးခြင်းမရှိကြောင်းသိရပါတယ် ။ ” မနက်ကျွန်တော် ၁၀ နာရီလောက်ကကြားတော့ ကျွန်တော်ချက်ချင်းရောက်လာတယ်ဗျာ့ မြတ်စေတနာပရဟိတ သူရိန်ကျော်စိုးဝင်း ရေယာဉ်အုပ်စုက ရေယာဉ်မှူးနဲ့အပေါင်းအပါတွေ ကျွန်တော်တို့အတိုင်းအတာတစ်ခုထိပေါ့ နောက်ပြီးတော့ဗဟိုမီးသတ်က ကယ်ဆယ်ရေးအဖွဲ့တွေနှစ်ချက်ထိုးလောက်ထိကြိုးစားပမ်းစားရှာပေးတယ်ဗျာ့ အဲ့ဒီ့အချိန်ထိပိုင်ရှင်မသိရဘူး ” ဟု ကျောင်းကြီးအိုးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကဟြေပါတယ် ။ မိန်းကလေးငယ်သုံးဦးသည် ပြည်မြို့ သံန္ဒေပင်ရပ်မှာနေထိုင်သူ သုံးဦးဖြစ်ကြောင်းသိရပါတယ် ။ ကမ်းစပ်တွင်ရေမကူးခင်ထားခဲ့သော အမျိုးသမီးစီးဖိနပ်သုံးရံ ၊ အမျိုးသမီးဝတ်အင်္ကျီတစ်ထည်နဲ့ အိတ်နှစ်လုံးတွေ့ရှိခဲ့ပြီး ရဲသက်သေအဖြစ်သိမ်းယူသွားခဲ့ကြောင်းသိရပါတယ် ။ အလားတူ သင်္ကြန်အတက်နေ့ နေ့လည်…
Read MoreMonth: April 2019
တောင်နဝင်းဆည်မှာ ရေကစားသူတွေစည်ကားနေ
ပြည် ဧပြီ ၁၆-၂၀၁၉ ဂျန်ကိုးလ် ပြည်မြို့အနီးတောင်န၀င်းဆည်က လွှတ်ပေးတဲ့ သာစည်ဆည်လို့ခေါ်တဲ့ ဆည်ရေအေးအေးလေးမှာ ဒေသစုံကလာတဲ့ ရေချိုးသူတွေ အပူဒဏ်ခိုသူတွေနဲ့သင်္ကြန်အတက်နေ့မှာ တိုးမပေါက်အောင်စည်ကားနေပါတယ်။ “ဆည်မြောင်းကတော့ဆည်ရေလွှတ်ထားလို့ ရေမချိုးဘို့တားမြစ်ထားတယ်ဘဲဆိုပါတော့ သတိပေးစာကဒ်ထားတယ် ပြည်မြို့အထွက်တိုးဂိတ်အကျော် ဇီးအုပ်ဆိုတဲ့အနားက၀င်ရတာ ၀င်ပြီးပြန်ထွက်ဘို့ခက်အောင်ကိုစည်တယ်”ဟု ဥသျှစ်ပင်မြို့ကနေ ပြည်သင်္ကြန်လာရင်း ရေစိမ်သူကိုမင်းမင်းကပြောပါတယ်။ ယခုနှစ်သင်္ကြန်အခါမှာအပူရှိန်ပြင်းထန်လို့ အခြားမြို့ကနေ ပြည်သင်္ကြန်ကိုရေလာကစားသူများ အပူဒဏ်ခံနိုင်ရန်သာစည်ဆည်သို့နေ့လယ်ခင်းဘက်တွေမှာ သွားရောက်ခိုလှုံကြကြောင်းသိရပါတယ် ။ #voiceofmyanmar. #ပြည် #တောင်နဝင်းဆည်
Read Moreမင်းလှမြို့အမှတ် ၁ရပ်ကွက် အုပ်ချုပ်ရေးမှူးဓာတ်လိုက်သေဆုံး
မင်းလှ ဧပြီ ၁၆-၂၀၁၉ ဂျန်ကိုးလ် (VOM) သာယာဝတီခရိုင်မင်းလှမြို့နယ်တွင် ဧပြီ၁၆ မနက် ၁၀ ၀န်းကျင်မှာ အသက်၆၃နှစ်အရွယ်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ဆိုသူဟာ သီချင်းသီဆိုဖို့ မိုက်ကိုင်လိုက်တဲ့အချိန်မှာ ဓာတ်လိုက်သေဆုံးသွားတယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ် ။ ဖြစ်စဉ်မှာ ဒီကနေ့မနက် ၁၀ရီခွဲအချိန်ခန့်ကမင်းလှပြည်သူ့ဆေးရုံကို ပြင်ပဒဏ်ရာမရှိဘဲ ဓာတ်လိုက်သေဆုံးသူတစ်ဦး ရောက်ရှိနေကြောင်း မြို့နယ်ဆရာဝန်က ရဲစခန်းအကြောင်းကြားတာကြောင့် မြို့မရဲစခန်းမှူးတို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ရဲမှတ်တမ်းများမှာဖေါ်ပြထားပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို သေဆုံးသူရဲ့သားဖြစ်သူ ကိုကံဝင်းလှိုင်ခေါ်ညီညီက “အဖေ က လေဖြန်းခံထားဘူးတယ် အိမ်မှာ သီချင်းဆိုဘို့ ရေစိုလက်နဲ့ မိုက်ကိုင်လိုက်တာ ဓာတ်လိုက်ပြီးနောက်ကိုလန်ကျသေဆုံးသွားတာဖြစ်တယ် “လို့ရဲစခန်းမှာထွက်ဆိုထားပါတယ်။ အမှုကိုမင်းလှမြို့မရဲစခန်းက သေမှု့သေခင်း အမှုအမှတ်စဉ်၈/၂၀၁၉အရအမှု့ဖွင့်လက်ခံထားပြီး ဒုရဲမှူးသိန်းလွင်မြို့မစခန်းမှူးက ရဲလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ #voiceofmyanmar #မင်းလှ #အုပ်ချုပ်ရေးမှူး #ဓါတ်လိုက်သေဆုံး
Read Moreရန်ကုန် သင်္ကြန် အကြို နဲ့ အကျ ၂ရက်တင် လူနာ ၂၅၀ကျော်ရောက်ပြီး သေသူ လေးယောက်ရှိခဲ့
ရန်ကုန် ၊ ဧပြီ ၁၅ TGH (VOM) သင်္ကြန်အကြိုနေ့နဲ့ အကျ နေ့နှစ်ရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရောက်ရှိခဲ့တဲ့အတွင်းလူနာနဲ့ပြင်ပလူနာပေါင်း ၂၅၇ ဦးရှိပြီး သေဆုံးသူ ၄ ယောက်ရှိခဲ့တယ်လို ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ချက်အရသိရပါတယ်။ အကြိုနေ့မှာဆိုရင် ပြင်ပလူနာ အဖြစ်အမျိုးသား ၆၇ ဦး ၊အမျိုးသမီး ၃၄ ဦးရှိခဲ့ပြီး အတွင်းလူနာအဖြစ် အမျိုးသား ၄၀ ဦးနဲ့အမျိုးသမီး ၄ ဦးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကိုရောက်ရှိခဲ့ပါတယ်။ သင်္ကြန်အကျနေ့မှာက ပြင်ပလူနာ အဖြစ်အမျိုးသား ၉၂ ဦး ၊အမျိုးသမီး ၄၁ ဦးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကိုရောက်ရှိခဲ့ပြီး အတွင်းလူနာအဖြစ် အမျိုးသား ၅၈ ဦးနဲ့အမျိုးသမီး ၁၅ ဦးရှိတဲ့အပြင် အမျိုးသား ၄ ဦးသေဆုံးမှုရှိခဲ့ပါတယ်။
Read Moreနေပြည်တော် ဇေယျာသီရိ ကုန်ပဒေသာတိုက်မီးလောင်မှုဟာ ဝါယာရှော့ကြောင့်ဖြစ်
နေပြည်တော်၊ ဧပြီ – ၁၅-၂၀၁၉ ကိုထွန်း (နေပြည်တော်) နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ဇေယျာသီရိ ကုန်ပဒေသာတိုက် အတွင်းရှိ စားသောက်ဆိုင်တန်းမှာ မနေ့ညနေက လောင်တဲ့မီးဟာ ၀ါယာရှော့ဖြစ်ပြီး လောင်တာလို့ သက်ဆိုင်ရာက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးနှင့် နယ်မြေခံတပ်များမှ မီးသတ် ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၅ စီး၊ နေပြည်တော်ကောင်စီ နယ်မြေမီးသတ်တပ်ဖွဲ့များမှ မီးသတိယာဉ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီး တို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အတွင်း မီးညွှန့်ကျိုးသွားပြီး ညနေ ၃နာရီ ခွဲ ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ။ အဲဒီမီးလောင်ကျွမ်းရာနေရာသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် အရာရှိကြီးများလည်း အချိန်မှီရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်…
Read Moreမန္တလေးမြို့မှာ သင်္ကြန်ကာလ တာဝန်ထမ်းဆောင်နေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဓားထိုးခံရ
မန္တလေး၊ ဧပြီ ၁၄-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ ၁၇လမ်း နဲ့ လမ်း၈၀ထောင့် မှာ သင်္ကြန်ကာလ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ မေဃဂီရီရပ်ကွက်က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရမှုဖြစ်စဉ်တစ်ခု ဒီကနေ့ သင်္ကြန်အကျနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ” ဖြစ်တာက ကျွန်တော်တို့ တပ်ဖွဲ့ဝင်နဲ့တော့ မဆိုင်ပဲနဲ့ ဒီအတိုင်း ဓားနဲ့အထိုးခံရတာပါ၊ သူတို့က အဖွဲ့လိုက်လာပြီးလုပ်သွားတာပါ ၊ လူနာကတော့ စိုးရိမ်စရာမရှိတော့ပါဘူး ” လို့ အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း က ပြောပါတယ်။ ယခုလိုဖြစ်စဉ် ဖြစ်ပွားတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့မဟုတ်တဲ့အတွက် ခုလိုပွဲတော်အခမ်းအနားတွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးစိုးရိမ်နေရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ ဖြစ်စဉ်မှာ ပါဝင်တဲ့သူ အချို့ကို အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းမှာ ဖမ်းစီးထားပြီးဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းလင်း ထံမှ…
Read Moreပြည်မြို့က သင်္ကြန်အကျနေ့ ပျော်နေကြသူများ
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့မှာ သင်္ကြန်အကျနေ့ကို ပျော်ရွှင်စွာဆင်နွဲနေကြစဉ်
Read Moreငဖဲမြို့နယ်မှာ တောမီးငြိမ်းသတ်ရာမှ လူ၃ဦးမီးသင့်သေဆုံး
ငဖဲ ဧပြီ ၁၄-၂၀၁၉ ဂျန်ကိုးလ် ( VOM) မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ လိုင်ကျေးရွာအနီး ဧပြီ၁၃ရက်မွန်းလွဲ၁နာရီခန့်က တောမီးလောင်ကျွမ်းစဉ် ရွာသို့တောမီးမကူးစက်စေရန် ကျေးရွာနေပြည်သူများဝိုင်းဝန်းမီးငြိမ်းသတ်ရာမှ လူ၃ဦး ပိတ်မိပြီးမီးလောင်သေဆုံးခဲ့ရပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ “မီးသတ်နေတုန်းလေတွေပတ်တိုက်လာတော့မီးထဲကဖြတ်ပြေးရလို့ခြေထောက်တွေအလောင်ခံရတာလို့”ပဒါန်းဆေးရုံမှာဆေးကုသခံနေရတဲ့ ဦးပိန်းရဲ့လူနာစောင့်တွေကပြောပါတယ်။ သေဆုံးသူများမှာလိုင်ကျေးရွာသားကိုဟန်သိန်း၂၀နှစ်၊ ကိုမုံစိန်၃၅နှစ် ၊ ဦးမောင်မောင်၆၆နှစ်တို့ကို ငဖဲမြို့နယ်ပဒါန်းဆေးရုံမှာရင်ခွဲစစ်ဆေးနေတယ်လို့ လိုက်ပါပို့ဆောင်တဲ့ ချင်းတိုင်းသားတွေကပြောပြပါတယ်။ တောမီးလောင်တဲ့နေရာကို နောင်ကျေးရွာ၊ပစီကျေးရွာ၊ ဂုတ်ကြီးကျေးရွာတို့က ရွာသူရွာသားတွေက လာရောက်ဝိုင်ဝန်းငြိမ်းသတ်ကြပြီး ဂုတ်ကြီးကျေးရွာကလည်းလူ၅၀ခန့်အင်အားဖြည့်ခဲ့တယ်လို့ဆိုပါတယ်။ လိုင်ကျေးရွာအုပ်စုလိုင်ကျေးရွာဟာအရှိုချင်းအများစုနေထိုင်တဲ့အိမ်ခြေ၁၅၀ခန့်ရှိတဲ့ရွာလို့ချင်းလူငယ်ကွန်ယက်က ဆလိုင်းရန်နောင်ထွန်းကပြောစကားအရသိရပါတယ်။ တောမီးလောင်တဲ့နေရာဟာ ကားလမ်းမကောင်းတာမို့ မြို့က မီးသတ်ကားတွေ မသွားလာနိုင်တဲ့အခြေအနေကြောင့် အနီးနားဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်လို့ ခုတော့ တောမီးက ငြိမ်းသွားပြီလို့သိရပါတယ်။ ဒီနှစ်မတ်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဟူတောင်တန်းပေါ်မှာ တောမီးကြောင့်…
Read Moreအော်တစ်ဇင် ကလေးငယ်တွေရဲ့သင်္ကြန်
ပြည် ဧပြီ ၁၂-၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်းအနောက်ပြည်မြို့မှာ အထူးပြုစုစောင့်ရှောက် လေ့ကျင့်မှုလိုအပ်နေတဲ့ အော်တစ်ဇင်ကလေးငယ်များရဲ့သင်္ကြန်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဧပြီ၁၂ရက် ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။ ခေတ္တရာမြေဖောင်ဒေးရှင်းရဲ့ ပြည်မြို့ ရွာဘဲရပ်မှာရှိတဲ့ အော်တစ်ဇင်ကလေးငယ်များရဲ့ ကျောင်းဝန်းအတွင်းမှာ စတုဒီသာကျွေးမွေးခြင်းနဲ့အတူ ကလေးငယ်များက သင်္ကြန်အကများနဲ့လည်း ကပြဖျော်ဖြေခဲ့ကြပြီး ရေပက်ကစားခဲ့ကြပါတယ်။ “ဧပြီလ၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ကမ္ကာ့အော်တစ်ဇင်နေ့ အထိမ်းအမှတ်နဲ့ အတာသင်္ကြန်ပွဲတော်ကို နှစ်ပွဲပေါင်းပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ သူတို့အတွက်က အပြင်လောကမှာသူတို့ဝင်ပြီး ပါဝင်ပျော်ရွှင်နိုင်ဖို့ နေရာတွေက အရမ်းနည်းတယ် အဲဒါကြောင့် သူတို့အတွက် ပျော်ပွဲရွှင်ပွဲလေးတွေ တတ်နိုင်သမျှ ကျင်းပပေးတာပါ သူတို့ရဲ့ စွမ်းဆောင်ရည်တိုးတက်မှု့တွေကိုလည်းထုတ်ဖေါ်ပေးတာပါ” လို့ ခေတ္တရာမြေ ဖောင်ဒေးရှင်း အက်ဒမင်ဒေါ်မေသီဟန် ကပြောပြပါတယ်။ ဒီပွဲကို တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့ မြေလတ်ဂျာနယ်လစ်ကွန်ယက်က သတင်းစာဆရာများ ဆေးရုံအုပ်ကြီးနဲ့ ကျောင်းသားမိဘများ အရပ်ဘက်အဖွဲ့အစည်းများနဲ့ စိတ်ပါဝင်စားသူများပျော်ရွှင်စွာတက်ရောက်ခဲ့ကြပါတယ်။ “အဓိကကတော့ ကလေးတွေအတွက်…
Read MoreNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် နဲ့ VOM သတင်းဌာန အင်တာဗျူး အပိုင်း (၃)
မကြာခင်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်မှာမို့ ဒီခရီးစဉ်မှာ တရုတ်မြန်မာ ဘယ်လိုစီမံကိန်းတွေ ဘယ်လိုသဘောတူညီမှုတွေ လုပ်နိုင်သလဲ? မြစ်ဆုံစီမံကိန်းအပေါ် ဘယ်လိုသဘောထားတွေရှိမလဲဆိုတာနဲ့ နိုင်ငံခြားရေးရာမူဝါဒကိစ္စတွေနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို Voice Of Myanmar (VOM) သတင်းဌာနက မသိင်္ဂီထွန်း ကနေ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး နေလင်း တည်းဖြတ် သွေးသစ် #voiceofmyanmar #NLD #ဒေါက်တာမျိုးညွန့် #ပါတီဆောင်ရွက်ချက် #မြစ်ဆုံစီမံကိန်း #ဒေါ်အောင်ဆန်းစုကြည် #တရုတ်ခရီးစဉ် #နိုင်ငံခြားရေးမူဝါဒ
Read More