ကလေးမြို့နယ်က စာသင်ကျောင်း ၁၄မှာ တီးတိန်စာပေ တိုးချဲ့သင်ကြားမယ်

ကလေး – မေ ၆၊၂၀၁၉

မိုင်ချယ်ရီ(VOM)

 

 

တီးတိန်စာပေ(Zolai) ကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ရှိတဲ့ စာသင်ကျောင်း ၁၄ ကျောင်းမှာ ဒီနှစ်ပညာသင်နှစ်ကနေ  ထပ်မံတိုးချဲ့ သင်ကြားပေးတော့မှာမို့ အရင်က ၂၉  ကျောင်းနဲ့ပေါင်းရင်  စာသင်ကျောင်း ၄၃ထိ သင်ကြားနိုင်တော့မှာ တိုးမြှင့် သင်ကြားလာနိုင်တော့မှာ ဖြစ်ပါတယ်။

 

တီးတိန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့  ဥက္ကဌ ဦးဂင်ခန်းပေါင် ပြောပြတာက  “တိုင်းရင်းသား ကလေးတွေက ကိုယ့်ဘာသာစကား ကို မတတ်တော့ဘူးလေ။ မရေးတတ်တော့ဘူး။  ရေးပြရင်လည်း မဖတ်တတ်တော့ဘူး ဆိုတော့ ကိုယ့်ယဉ်ကျေးမှုနဲ့ စာပေထိန်းသိမ်းလို့ရအောင် ရည်ရွယ်ပြီးတော့ သင်ကြားပေးနေချင်း ဖြစ်ပါတယ်”လို့ ဥက္ကဌ ဦးဂင်ခန်းပေါင် က ပြောပါတယ်။

 

 

စာသင်ကျောင်းတွေမှာ တီးတိန်စာပေ သင်ကြားပေးနိုင်ဖို့ ဧပြီလ နောက်ဆုံးပတ်က တီးတိန်စာပေ သင်ကြားပေးမယ့် ဆရာ ဆရာမ တွေကိုလည်း သင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်။

 

 

က​လေးမြို့နယ်​မှာ အခြေခံပညာစာသင်ကျောင်း​ပေါင်း ၁၈၉ ​ကျောင်းရှိတဲ့ ထဲကနေ​ ၁၄၅ ​ကျောင်းမှာ ချင်းစာ​ပေသင်​ကြားပေးနေတာ ဖြစ်ပြီး တီးတိန်​စာ​ပေကို စာသင်ကျောင်း(၄၃)​ ကျောင်း၊ ဟားခါးစာ​ပေကို စာသင်ကျောင်း(၂၄)​ကျောင်း၊ ဟွာလ်​ငိုးစာ​ပေကို စာသင်ကျောင်း(၁၃)​ကျောင်း၊ လူရှိုင်​စာ​ပေကို စာသင်ကျောင်း(၁၄)​ကျောင်း နဲ့ ဖလမ်းစာ​ပေကို စာသင်ကျောင်း(၅၁)​ကျောင်း  မှာ သင်ကြားပေးနေပါတယ်။

 

#voiceofmyanmar #ကလေး #တီးတိန်စာပေ

Related posts

Leave a Comment

VOM News

FREE
VIEW