စည်းကမ်းလိုက်နာတဲ့ ကားတွေနဲ့ လူကူးမျဉ်းကျား အသုံးပြုတဲ့ ခရီးသွားတွေကို ဆုချမယ်

ရန်​ကုန်​ ၊ ​မေ ၆-၂၀၁၉

သူရိန် (VOM)

 

ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအတွင်း စည်းကမ်းလိုက်နာတဲ့ကားများနဲ့ လူကူးမျဉ်းကျား အသုံးပြုတဲ့ ခရီးသွား​တွေကိုဆုချမယ်​လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ၊ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

 

ရန်ကုန်တိုင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဒီ​နေ့မနက်(၇)နာရီခွဲက ရန်ကုန်မြို့၊ မြို့တော်ခန်းမမှာကျင်းပခဲ့ပါတယ်​။ ဒီအခမ်းအနားမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ၊ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်ပြောပြတာက

 

‘ ကမ္ဘာလုံးဆိုင်ရာယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို ​မေလ ၆ ရက်က​နေ ၁၂ ရက်အထိ ၇ ရက်​တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်​ပါတယ်​။ ဒီရက်သတ္တပတ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးတာတွေ လုပ်ပါမယ်။ စည်းကမ်းလိုက်နာတဲ့ ပြည်သူတွေ ယာဉ်မောင်းတွေကို ဆုချမယ်။ ဒီလ ၆ ရက်က​နေ ၈ရက်အထိ  အဖွဲ့ ၈ ဖွဲ့ ခွဲပြီး ဘတ်စ်ကားပေါ်မှာ ခရီးသွား ပြည်သူ​တွေကို အသိပညာပေးဟောပြောမယ်​။ YBS ဂိတ်စ ဂိတ်ဆုံးမှာ  ယာဉ်မောင်း​တွေကို အန္တရာယ်ကင်းရှင်းအောင် မောင်းနှင်ဖို့ဟောပြောမယ်​။ မီးပွိုင့်​တွေမှာစည်းကမ်းလိုက်နာတဲ့ ကား​တွေကို ဆုချတာတို့ လူကူးမျဉ်းကျားကို အသုံးပြုတဲ့ ခရီးသွား ပြည်သူ​တွေကိုဆုချတာ​တွေလုပ်​မယ်လို့’

 

ဦးလျန်ကျင့်မန်ကပြောပါတယ်​။ ဒါ့အပြင်​သတ်မှတ်ထားတဲ့ယာဉ်ရပ်နားရမယ့်​နေရာ​တွေမှာ စနစ်တကျ ရပ်ထားတဲ့ကား​တွေကို ဆုချတာ၊ မျဉ်းဝါအံကွက်မှာ သတ်မှတ်ချက်နဲ့အညီ ရပ်နားမောင်းနှင်မယ့်​ ယာဉ်မောင်း​တွေကို အသိအမှတ်ပြု Bonus ပေးတာ၊ ဂုံးကျော်တံတားကို အသုံးပြု ဖြတ်ကူးတဲ့ ပြည်သူတွေကိုဂုဏ်ပြုလက်ဆောင်​တွေ ပေးအပ်သွားမှာဖြစ်​တယ်လို့သိရပါတယ်။

 

မြန်မာနိုင်ငံရဲ့ လမ်း​တွေပေါ်မှာယာဉ်တိုက်ခိုက်မှု​တွေကြောင့် နေ့စဉ် ၁၄ ဦးခန့် သေဆုံးနေပြီး ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှုကြောင့် နေ့စဉ် ၁ ဒသမ ၆ ဦး ခန့် သေဆုံး​နေတယ်​လို့သိရပါတယ်​။

 

ယာဉ်တိုက်ခိုက်မှုမှာ အများဆုံး သေဆုံးသူ​တွေကမော်တော်ဆိုင်ကယ် တိုက်ခိုက်မှုကြောင့် သေဆုံးရတာဖြစ်​ပြီးဒီဖြစ်စဉ်ကြောင့် သေဆုံးရသူ အများစုကဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူ​တွေ ဖြစ်ပါတယ်​။ ကမ္ဘာပေါ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာလို့ ၁နှစ်ကို ၁ ဒသမ ၃ သန်းကျော် သေဆုံးနေပြီး မြန်မာနိုင်ငံမှာလည်းစည်းကမ်းမလိုက်နာတာ​ကြောင့်​ ၁နှစ်ကို လူဦးရေ ၅ထောင်ကျော်​လောက်​ သေဆုံး​နေပါတယ်​။

 

 

#voiceofmyanmar #ရန်ကုန် #ယာဉ်အန္တရယ်

Related posts

Leave a Comment

VOM News

FREE
VIEW