စိတ်ဖေါက်နေသူအဖေက သမီးရင်းကို ဓါးနဲ့ခုတ်

ပလက်ဝ မေ ၇၊၂၀၁၉ မိုင်ချယ်ရီ (VOM)       ပလက်ဝမြို့နယ် ကင်သလင်းကျေးရွာမှာ နေထိုင်တဲ့ ဦးကျော်သိန်း(ခ)အောင်ယဒ် ဟာ စိတ်ဖောက်ပြန်ပြီး သူ့ရဲ့ သမီးအရင်းကို ဓါးနဲ့ ခုတ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပလက်ဝမြို့နယ် လူမှုကူညီရေးအသင်းကနေ စုံစမ်းသိရပါတယ်။   မီးဇာကျေးရွာအနီးက စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ဦးကျော်သိန်းဟာ  သူ့မိသားစု နဲ့ အတူနေထိုင်တဲ့အချိန်မှာ စိတ်ဖောက်ပြန်ပြီး မေလ ၅ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က  သမီးအရင်း ဖြစ်သူကို ဓါးနဲ့ ခုတ်ခဲ့ရာမှာသမီးဖြစ်သူ မသီတာမေ(၁၀)နှစ်  ရဲ့ ဦးခေါင်းနဲ့ လက်ကို ခုတ်မိခဲ့ပါတယ်။ ဒီလို ခုတ်မိခဲ့တာကြောင့်သမီးဖြစ်သူဟာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ ဘယ်ဘက်လက်သန်း ပြတ်ထွက် ဒဏ်ရာ လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာတွေ ရရှိပြီး စစ်တွေ ဆေးရုံမှာ…

Read More

စစ်ရှောင်တောင်သူတွေ နေရပ်မပြန်နိုင်ရင် လာမယ့်နှစ်မှာ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးမလုံလောက်နိုင်

စစ်တွေ၊ မေ ၇-၂၀၁၉ ခိုင်လင်စံ (VOM)     ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃၈၀၀၀ ကျော်ထိရှိလာနေပြီဖြစ်ပါတယ်။     အဲ့ဒီစစ်ဘေးရှောင်တွေရဲ့ ရာခိုင်နှုန်းအများစုတို့ဟာ တောင်သူလယ်သမားတွေဖြစ်ကြပြီး အဲ့ဒီတောင်သူတွေအနေနဲ့ ထွန်တုံးချချိန်မတိုင်ခင် နေရပ်သို့မပြန်နိုင်ပါက လာမယ့်နှစ်မှာ ရခိုင်ပြည်နယ်ရဲ့ စပါးထွက်ရှိမှုကိုထိခိုက်မှာဖြစ်သလို ဆန်စပါးမလုံလောက်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ပြောဆိုကြပါတယ်။   “ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲ့ဒီတောင်သူလယ်သမား တွေကို ကျန်တဲ့ပြည်သူတွေအားလုံးက မှီခိုပြီးတော့ နေရတာဖြစ်ပါတယ်။ တကယ်လို့များ ဒုက္ခသည်စခန်းကိုရောက်နေတဲ့ တောင်သူတွေဟာ နေရပ်ကိုမပြန်နိုင်ဘူးလို့ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ ကျဆင်းသွား လိမ့်မယ်။ စားဝတ်နေရေးမဖုံလုံဖြစ်လာနိုင်တယ်။”လို့ မြောက်ဦးမဲဆန္ဒနယ်မြေအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။     ရခိုင်ပြည်နယ်ဟာ နှစ်စဉ်မိုးဥတုကိုစောစီးစွာဝင်ရောက်တဲ့ ဒေသတစ်ခုဖြစ်ပြီး မေးလအကုန်ပိုင်းမှာ…

Read More

မက္ကဆီကိုမြောက်ပိုင်းမှာ လေယာဉ်တစ်စင်းပျက်ကျ လူ ၁၃ ဦးသေဆုံး

မက္ကဆီကိုစီးတီး၊ မေ-၇-၂၀၁၉ မျိုးဆက် (VOM)     လပ်ဗီးဂတ်စ်မှာ လက်ဝှေ့ပွဲကြည့်ပြီး ပြန်လာတဲ့ မိသားစုတစ်ခုမှ လူငါးဦးအပါအ၀င် လူ ၁၃ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသမှာ  ပျက်ကျသွားပြီး လိုက်ပါလာသူအားလုံး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက မေ ၆ ရက်တွင်မှာပြောပါတယ်။     မေ ၅ ရက်က လပ်ဗီးဂတ်စ်ကနေ ထွက်ခွာလာပြီး ပျက်ကျသွားတဲ့ အဆိုပါလေယာဉ်ရဲ့ အပျက်အစီးတွေကို အိုကမ်ပိုမြောက်ပိုင်းမှာ ဝေဟင်ထောက်လှမ်းရှာဖွေမှုကတစ်ဆင့်ရှာဖွေတွေ့ရှိခဲ့တယ်လို့ကိုဝီလာပြည်နယ် အစိုးရက ထုတ်ပြန်ပါတယ်။     မီးလောင်ထားသည့်လေယာဉ်အပိုင်းအစတွေ၊ ကျိုးပဲ့နေတဲ့ပစ္စည်းတွေဟာ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ ဓါတ်ပုံကို ဒေသတွင်း ရုပ်မြင်သံကြား ဌာနတစ်ခုက ထုတ်လွှင့်ပြသခဲ့ပါတယ်။လေယာဉ်ပျက်ကျရာမှာ ပါဝင်သူတွေဟာ  ဘယ်နိုင်ငံနိုင်ငံသားတွေလည်းဆိုတာကိုရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် လိုက်ပါခဲ့သည့် ခရီးသည် ၁၀ ဦးနဲ့ လေယာဉ်အမှုထမ်း သုံးဦးတို့ရဲ့…

Read More

သရုပ်ဆောင် မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်

ရန်ကုန် မေ ၇ -၂၁၀၉ သင်းသဒ္ဒါ (VOM)   မူးယစ်ဆေးဝါးအမူနဲ့ ထောင်ဒဏ်(၁၇)နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင် ကတော့ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။     “ကျွန်တော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ၊ လွတ်မြောက်ခွင့်ရ ရှိဖို့အတွက် သမ္မတကြီးနဲ့တကွတာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သ ပေးကြသူတွေ အားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကွန်တော်တို့မိသားစုကို စောင့်လျှောက်ဖေးမကူညီကြသူတွေ အားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးအထူးပဲ တင်ရှိပါတယ်ခင်ဗျား”လို့ ယနေ့ နံနက်ပိုင်းက အဆိုတော် အောင်ရင်က  သူ့ရဲ့ လူမူကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။     သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ မူး/စိတ်ပုဒ်မ ၁၉(က)အရ ထောင်ဒဏ်(၁၂)နှစ်ချမှတ် ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးမှာ် ၂နှစ်ကျော်ကြာ မူးယစ်ဆေးဝါးပုဒ်မတွေနဲ့ ရာဇသတ်ကြီးအမှုအမှတ် ၂၇၀/၂၀၁၆ အရစစ်ဆေးနေသော ဘုန်းမြင့်အောင်ပါ ၃ အမှုမှာ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်မိုးအောင်ရင်ကို…

Read More

မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်တယ်ဆိုပြီး ဖမ်းထားသူတွေကို  ရုံးထုတ်

ငါန်းဇွန် မေ – ၇ -၂၀၁၉ ရဲရင့်မင်းခန့်     မန္တလေးတိုင်း  ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ဥယျာဉ်အတွင်းမှာ  ပြည်ပကုမ္ပဏီတစ်ခုက စိုက်ပျိုးထားတဲ့ စိုက်ခင်းဟာ ဆေးခြောက်စိုက်ခင်းဆိုပြီး ဖမ်းထားသူ တွေကို ဒီကနေ့ ငါန်းဇွန်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ချုပ်ရက်ရမ္မာန်ထပ်ယူခဲ့ပါတယ်။   ဒီအမှုမှာ  ဖမ်းခံထားရတဲ့   3M ကုမ္ပဏီဘက်က  ဥပဒေ အကြံပေးအဖြစ်လိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း ပြောပြတာက   ” ဒီကိစ္စက ခိုးကြောင်ခိုးဝှက်နဲ့ စိုက်ပျိုးတာ မဟုတ်ပါဘူး။ အစိုးရရဲ့တရားဝင်ခွင်ပြုချက်အပြင် မြို့သာစက်မှုဇုံစီမံကိန်းရဲ့ သဘောတူ ခွင်ပြုချက်နဲ့ စမ်းသပ် စိုက်ပျိုးခဲ့တာပါ။ ဒါကို  လူမှုကွန်ယက် စာမျက်နှာကနေစပြီး ဖွလိုက်တဲ့အတွက် အခုလိုတွေ ဖြစ်ကုန်တာပါ။ နောက်ပြီးမှူးယစ်ဗဟိုဌာနနဲ့ ပြည်ထဲရေးအနေနဲ့ ဒီကိစ္စကို အသေအချာလေ့လာပြီးစမ်းသပ် စစ်ဆေးဖို့လိုတယ်။ ဒီလိုစိုက်ပျိုးမှုကို နိုင်ငံတကာ အားလုံးက လက်ခံပေမယ့် အခုလို ဖြစ်နေတဲ့အပေါ်…

Read More

မီတာခများတိုးမြှင့်ကောက်ခံရန် ပြည်ထောင်စုအဆင့်မှ ခွင့်ပြုချက်ရရှိ မကြာခင် ပြောင်းလဲကောက်ခံမည်

ပင်လောင်း မေ ၇-၂၀၁၉ သစ်တော် (VOM)     အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားခ အသုံးပြုခကို တိုးမြှင့်ကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်ကနေ ခွင့်ပြုချက်ရရှိပြီး မကြာခင် ပြောင်းလဲကောက်ခံသွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက ပြောပါတယ်။   “လက်ရှိမှာ အားလုံးသိကြတဲ့အတိုင်း လျှပ်စစ်ကို အလှည့်ကျစနစ်နဲ့ ခွဲဝေသုံးစွဲနေရတာဖြစ်ပါတယ်။ မီတာခတွေ အခွန်ခတွေ ပြန်ကြည့်မယ်ဆိုရင် အရှုံးတွေမြောက်များစွာ ပေါ်နေပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့အခါမှာ ရန်ပုံငွေတွေ၊ ဘဏ္ဍာရေးတွေ တောင့်တင်းဖို့လိုအပ်ပါတယ်။ လျှပ်စစ်တစ်ယူနစ်ထုတ်လုပ်တဲ့ စရိတ်ဟာ ၁၀၀ အထက်မှာရှိပါတယ်။ ဒါပေမယ့် ပြည်သူလူထုကို ကောက်ခံတဲ့ နှုန်းထားက ၅၀ တောင်မရှိပါဘူး။ မီတာခတွေ တိုးမြှင့်ကောက်ခံဖို့ လုပ်နေပါပြီ။ ပြည်ထောင်စုအဖွဲ့ဆီကလည်း ခွင့်ပြုချက်ရပါပြီ။ မကြာခင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့တော်တော်လေး နစ်နာနေပါပြီ။ မျှမျှတတ တွေးဖို့လိုပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲရ်တစ်လုံက…

Read More
VOM News

FREE
VIEW