ပါကစ္စတန်နိုင်ငံ မွတ်ဆလင်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ ၊လူရှစ်ဦးထက်မနည်းသေဆုံး

လာဟိုး၊ မေ-၈-၂၀၁၉

မျိုးဆက် (VOM)

 

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ ဆူဖီမွတ်ဆလင် ဘုရားကျောင်းပြင်ပမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ရှစ်ဦးသေဆုံးသွားပါတယ်။ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာ ဒါဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ငါးဦးပါတယ်လို့ ဒေသခံ ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရဲကားတစ်စီးလည်း ပျက်စီးခဲ့ပါတယ်။

 

 

ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပြီး အဲဒီဘုရားကျောင်းဟာ အရှေ့တောင်အာရှရှိ မွတ်စလင်တို့ရဲ့ ရှေးအကျဆုံးဘုရားကျောင်းတစ်ခုဖြစ်တဲ့ ဒေတာဒါဘာဆူဖီ ဘုရားကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

 

ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်တို့ရဲ့  ရာမာဒန် ဥပုသ်လအတွင်းအခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပါတယ်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားပါတယ်။

 

 

တိုက်ခိုက်ခံရတဲ့ ဘုရားကျောင်းဟာ ပါကစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့  လာဟိုးမှာ တည်ရှိပြီး ၂၀၁၀ ခုနှစ်တုန်းကလည်း အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

 

Ref : BBC

Photo : Reuters

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW