ပါကစ္စတန်နိုင်ငံ မွတ်ဆလင်ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ ၊လူရှစ်ဦးထက်မနည်းသေဆုံး

လာဟိုး၊ မေ-၈-၂၀၁၉ မျိုးဆက် (VOM)   ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ ဆူဖီမွတ်ဆလင် ဘုရားကျောင်းပြင်ပမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ရှစ်ဦးသေဆုံးသွားပါတယ်။ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာ ဒါဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ငါးဦးပါတယ်လို့ ဒေသခံ ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရဲကားတစ်စီးလည်း ပျက်စီးခဲ့ပါတယ်။     ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပြီး အဲဒီဘုရားကျောင်းဟာ အရှေ့တောင်အာရှရှိ မွတ်စလင်တို့ရဲ့ ရှေးအကျဆုံးဘုရားကျောင်းတစ်ခုဖြစ်တဲ့ ဒေတာဒါဘာဆူဖီ ဘုရားကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။     ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်တို့ရဲ့  ရာမာဒန် ဥပုသ်လအတွင်းအခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပါတယ်။ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရာခန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားပါတယ်။     တိုက်ခိုက်ခံရတဲ့ ဘုရားကျောင်းဟာ ပါကစ္စတန်နိုင်ငံရဲ့…

Read More
လွှတ်တော်မှာ ရေနံတင်သဘောင်္ဆီယိုဖိတ်မှု အဆိုတင်သူ

 တရုတ်ရေနံတင်သဘောင်္တွေကြောင့်  ဆီယိုဖိတ်မှု ပြဿနာတွေဟာ  ထိခိုက်လာနိုင်တဲ့အတွက် ကြိုတင်စီမံရေးအဆို လွှတ်တော်တင် နေပြည်တော် ၊မေလ ၈-၂၀၁၉ ဒီပ(နေပြည်တော်)   မဒေးကျွန်း ရေနက်ဆိပ်ကမ်းကနေ  တရုတ်နိုင်ငံဘက် ရေနံစိမ်းများ သယ်ယူရန် တန်ချိန်သုံးသိန်းခန့်ရှိ တဲ့ ဆီတင်သင်္ဘောကြီးများ ၀င်ရောက်လျက်ရှိနေတာကြောင့် ဆီယိုဖိတ်မှုများ အချိန်မရွေးဖြစ်လာနိုင်ပြီး အချိန်မီ တားဆီးကာကွယ်ပေးနိုင်ရေး ဥပဒေ နည်းဥပဒေများ ညွှန်ကြားချက်များကို အချိန်နဲ့တစ်ပြေးညီ စီမံဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို  မေလ(၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။   “တရုတ်နိုင်ငံကို သယ်ယူရန်အတွက် တန်ချိန်သုံးသိန်းခန့်အရွယ်ရှိတဲ့ ဧရာမ ဆီတင်သင်္ဘောကြီးများ ၀င်ရောက်နေရာကနေ ကြီးမားတဲ့ မတော်တဆထိခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်စေနိုင်ပြီး ပမာဏများပြားတဲ့ ဆီယိုဖိတ်မှုများ ဖြစ်ပေါ်နိုင်စေပါတယ် ဒီကိစ္စကို အချိန်မီ အမြန်ဆုံး ကာကွယ်တားဆီးရေးကိစ္စများကို ကြိုတင်စီမံခြင်းနဲ့ ပြည့်စုံလုံလောက်သော ဥပဒေ နည်းဥပဒေ ညွှန်ကြားချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ စီမံရေးဆွဲပေးရန်…

Read More

လက္ကာရွာသားသုံးဦးသေဆုံးမှု အစိုးရပြောဆိုချက်ကို အယုံအကြည်မရှိကြောင်း လွှတ်တော်မှာအဆိုတင်

စစ်တွေ၊ မေ ၈-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်နေ့က လက္ကာကျေးရွာအနီး မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက္ကာကျေးရွာသား ၂၇ ဦးတို့ကို တပ်မတော်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးကာလအတွင်းမှာ သေဆုံးသွားခဲ့တဲ့ အလောင်းတွေကို သက်ဆိုင်ရာမိသားစုတွေဆီ အပ်နှံခဲ့ခြင်းမရှိဘဲ သဂြိုင်္ဟ်လိုက်တာနဲ့ပတ်သက်လို့ အစိုးပြောဆိုချက်တွေကို အယုံအကြည်မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောပါတယ်။     “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အစိုးရဘက်က ပြောဆိုတဲ့အပေါ်မှာ သံသယဖြစ်ပါတယ်။ သူတို့ကတော့ မိသားစုတွေနဲ့ အဆက်အသွယ်မရဘူးလို့ပြောတယ်။ ဒါမဖြစ်နိုင်ဘူး။ သူတို့မဟုတ်တာတွေလုပ်ထားပြီးတော့ မိသားစုတွေကိုမပြချင်လို့ ဆက်သွယ်လို့မရဘူးလို့ပြောတယ်လို့ပဲ ကျွန်တော်ယူဆတယ်။”လို့ မြေပုံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောပါတယ်။   အဲ့ဒီကိစ္စနဲ့ပတ်သက်လို လက်ရှိကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မြောက်ဦးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တင်သွင်းထားတဲ့အဆိုကို ဒီကနေ့အစည်းအဝေးမှာ…

Read More

ကလေးမြို့ (မော်လိုက်ကလေး)အကျဉ်းထောင်တွင်း ဆူပူမှုဖြစ်

ကလေး မေ ၈ ၊၂၀၁၉ မိုင်ချယ်ရီ (VOM)   ကလေးမြို့ (မော်လိုက်ကလေးကျေးရွာ) အနီးမှာရှိတဲ့ ကလေးအကျဉ်းထောင်မှာ  အကျဉ်းချခံနေရသည့် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူအခွင့်အရေး ရရှိရေးအတွက် ဆိုပြီး ဆန္ဒထုတ်ဖော်တောင်ဆိုတဲ့  ထောင်တွင်းဆူပူမှု တစ်ခု မေလ ၈ ရက်နေ့ မနက်ပိုင်း က ဖြစ်ပွားခဲ့ပါတယ်။     မေလ ၇ ရက်နေ့က သမ္မတလွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းသားတွေ ကို လွှတ်ပေးခဲ့ရာမှာ တစ်ခြား အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ ထောင်သားတွေ ထဲက သူတို့ထက် နှစ်ရှည် အကျဉ်းချခံနေရသူတွေ လွတ်မြောက်လာကြပေမယ့် ကလေးအကျဉ်းထောင် က အကျဉ်းသားတွေ ပါဝင်လာခြင်း မရှိတာကြောင့် ထောင်တွင်းဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။   ဆန္ဒထုတ်ဖော်ရာမှာ လူ့အခွင့်အရေးကော်မရှင် ချက်ခြင်း ခေါ်ယူပေးရေး၊ အစိုးရ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခွင့်…

Read More

သာယာဝတီမြို့နယ်ထဲက ကြေးတိုင်အင်းတွေကို တဦးတယောက်တည်းက လက်ဝါးကြီးအုပ် လေလံအောင်နေတာ ဒေသခံတွေ မကျေနပ်

သာယာဝတီ ၊ မေ-၈-၂၀၁၉ ဂျန်ကိုးလ်(VOM)     ပဲခူးတိုင်း သာယာဝတီမြို့နယ် လက်ပံခုန်အုပ်စု ရေမီးနင်းကျေးရွာမှာရှိတဲ့ ကြေးတိုင်အင်းလုပ်ငန်းတခုထဲက  အလျင်အင်းကို တဦးတယောက်ထဲက နှစ်ရှည်လုပ်ကိုင်ခွင့်ရနေတာဟာ ရေချိုငါးလုပ်ငန်းဥပဒေနဲ့မညီလို့  ဒေသခံငါးလုပ်ငန်းလုပ်နေသူတွေ မကျေမနပ်ဖြစ်နေပါတယ်။   အဲဒီကိစ္စ ဥပဒေပါပြဌာန်းချက်အတိုင်းဖြစ်စေချင်တယ်လို့ ရေမီးနင်းကျေးရွာ ရေလုပ်သားများအစုအဖွဲ့ ဥက္ကဌဖြစ်သူဦးလှကြိုင် ပြောပြတာက   ”နှစ်ရှည်အငှါးဂရမ်ကြေးတိုင်အင်းဆိုတာ အင်းတိမ်ကောပျက်စီးခြင်းမှ ကာကွယ်နိုင်ဘို့ တနှစ်ပတ်လုံးရေရှိတဲ့ဒါမှမဟုတ် ရေနေရေထိုင်ကောင်းတဲ့အင်းတွေမှာ ငါးထုတ်လုပ်မှု့ ရေရှည်ကောင်းဘို့ ငါးသယံဇာတမပျက်စီးဘို့ ရည်ရွယ်ချက်ပါတဲ့ဥပဒေအရ ကြေးတိုင်အမည်ပေါက်အင်းတွေကို ဈေးပြိုင်စနစ်နဲ့လေလံဆွဲလို့ရရင် ၃နှစ်စီ၂ကြိမ် နှစ်ရှည်လုပ်ကိုင်ခွင့်ပေးပြီးတော့ သက်တမ်းကုန်ဆုံးပါက ဈေးပြိုင်စနစ် လေလံပြန်ဆွဲစေရမှာဖြစ်တယ် အခုက ၃နှစ်၂ကြိမ် ပြီးတော့သက်တမ်းတိုး ဆိုပြီးထပ်ယူပြန်တယ် ဒေသခံအစုအဖွဲ့တွေက မရဘူး ခေတ်အဆက်ဆက် ဒီတဦးတည်းကပဲ  မိဘအမွေရသလို အဘိုး အဖေ သားသမီး အဆင့်ဆင့်ရနေတယ် ဒါကိုမခံနိုင်လို့အခုလိုရင်ဖွင့်ရတာပါ”လို့ ရေမီးနင်းကျေးရွာကရေလုပ်ငန်းအစုအဖွဲ့ဥက္ကဌဦးလှကြိုင်ကပြောပါတယ်။   ရေမီးနင်းကျေးရွာဟာ မြစ်မခမြစ်ဘေးမှာရှိပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်း…

Read More

ထိုင်းရွေးကောက်ပွဲမှာ သက်ဆင်လိုလားတဲ့ ဖြူထိုင်းပါတီ အများဆုံးအနိုင်ရ

ဘန်ကောက်၊ မေ-၈-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းရွေးကောက်ပွဲကျင်းပပြီး တစ်လကျော်အကြာမှာတော့ မဲဆန္ဒယ်အသီးသီးမှာ အနိုင်ရရှိသူတွေကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီး ထုတ်ပြန်လိုက်တဲ့ ရလဒ်တွေအရ အနိုင်ရရှိတဲ့ ပါတီတွေအကြား ညွှန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့ရေး ဆွေးနွေးကြရဖို့ရှိနေပါတယ်။     ထိုင်းအောက်လွှတ်တော် အမတ်နေရာ ၅၀၀မှာ  အမတ်နေရာ ၃၅၀ ကို ပြည်သူကမဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ၃၄၉ နေရာရဲ့ အနိုင်ရစာရင်းများကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။   ပြုတ်ကျသွားသည့် ၀န်ကြီးချုပ် သက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ဖြူထိုင်းပါတီဟာ လွန်ခဲ့တဲ့လက ရွေးကောက်ပွဲမှာအနိုင်ရနေတဲ့ ကိုယ်စားလှယ်လောင်တစ်ဦး အရည်အချင်းပျက်ယွင်းခဲ့ပေမယ့်လည်း အမတ်နေရာ ၁၃၆ နေရာနဲ့ အများဆုံးအနိုင်ရရှိခဲ့ပါတယ်။   စစ်တပ်လိုလားသည့် ပါလန်ပရာချာရတ်ပါတီကတော့ အမတ်နေရာ ၉၇ နေရာနဲ့ ဒုတိယအများဆုံးအနိုင်ရရှိထားပါတယ်။ နောက်ထပ် အမတ်နေရာ ၁၅၀ ကိုတော့  အချိုးကျကိုယ်စားပြုမှုအပေါ်အခြေခံပြီး ရှုပ်ထွေးသည့်နည်းလမ်းကိုအသုံးပြုကာ တခြားပါတီတွေက ခွဲဝေပြီး…

Read More

အုတ်​ဖိုမြို့နယ်​တွင်​ အမျိုးသား တစ်​ဦး ကြိုးဆွဲချ ​သေဆုံး

  အုတ်​ဖို ​မေ ၈-၂၀၁၉ မိုးယံ(VOM)   သာယာဝတီခရိုင်​ အုတ်​ဖို မြို့နယ်​မှာ ​မေလ ၈ရက်​  နံနက်​က အသက်​ ၄၁ နှစ်​ အရွယ်​အမျိုးသား တဦး ကြိုးဆွဲချ ​သေဆုံးသွားတယ်​လို့ အုတ်​ဖို မြို့မ ရဲစခန်းကသိရပါတယ်​။   ဖြစ်​စဉ်​မှာ ကင်​ပွန်းခြုံ​ကျေးရွာက လူတယောက် ကြိုးဆွဲချသေဆုံး​နေ​ကြောင်း ​ကျေးရွာ​အုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦးမျိုးညွန့်​​အောင်​က ရဲစခန်းသို့ဖုန်းဆက်​အ​ကြောင်းကြားလို့ သွား​ရောက်​ စစ်​​ဆေးခဲ့ရာမှာ ​နေအိမ်​အလယ်​ရှိ ဝါးပိုးဝါးတိုင်​မှာ အဖြူ​ရောင်​နိုင်​လွန်​ကြိုးချည်​လျက်​ ဒူး​ကွေးပြီး ​သေဆုံး​နေတယ်​လို့်​ ရဲမှတ်​တမ်းမှာ ​ဖော်​ပြထားပါတယ်​။   သေဆုံးသူ ရဲ့အ​မေဖြစ်​သူ ​ဒေါ်ညှက်​က “ကျွန်မသားက ​မိသားစုစားဝတ်​​နေ​ရေးအတွက်​ကြုံရာကျဘမ်းလုပ်​ကိုင်​စား​သောက်​​နေတာပါ။ ပင်​ပန်းကြီးစွာဘယ်​​လောက်​လုပ်​လုပ်​ စီးပွား​ရေး ​ပြေလည်​မှုမရှိလို့ စိတ်​ညစ်​ပြီး အိမ်​မှာတစ်​​ယောက်​တည်းရှိတဲ့အချိန်​ အခုလိုဆွဲကြိုးချသေသွားတာပါ။ “လို့်​ ရဲစခန်း မှာ ထွက်​ဆိုထားပါတယ်​။   အမှုကို အုတ်​ဖို မြို့မရဲစခန်းမှ…

Read More

မုံရွာမြို့ ကြက်မွေးမြူရေးဇုံမီးလောင်

မုံရွာ မေ-၈-၂၀၁၉ ရန်နိုင်စိုး (VOM)   မုံရွာမြို့အထွက် သာစည်လမ်းမှာရှိတဲ့ ကြက်မွေးမြူရေးဇုံမှာ မေလ ၈ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့လို့ ကြက်ခြံ ၅၀ ခန့် ဆုံးရှုံးသွားခဲ့ပြီး လူ ၂ ဦးလည်း ဒဏ်ရာရှိခဲ့ပါတယ်။   မီးလောင်မှု ဘာကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မီးသတ်ဦးစီးဌာနက စစ်ဆေးနေပြီး လတ်တလောမှာ မီးငြိမ်းသတ်မှုတွေကို ဆောင်ရွက်လျှက်ရှိနေပါတယ်။     ” လတ်တလောကတော့ စစ်ဆေးနေဆဲပါ။ ပြီးရင် အကုန်ထုတ်ပြန်ပေးမှာပါ ” လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးမင်းစန်းအေးက ပြောပါတယ်။   မီးလောင်မှုကြောင့် ကြက်အကောင်ရေ ထောင်နဲ့ချီသေဆုံးသွားပြီး အများဆုံးက မွေးမြူရေး CP ကြက်တွေဖြစ်တယ်လို့ သိရပါတယ်။   မီးလောင်မှုကိုတော့ မီးသတ်ကားအစင်းရေ ၅၀ ခန့်နဲ့ ရေသည်ကားအစင်းရေ ၃၀ ခန့်ဖြင့်…

Read More

၂၀၁၅ ခုနှစ် နျူကလီးယားစာချုပ်ပါ အချက်အလက်တချို့  မလိုက်နာတော့ဘဲ အီရန်နှုတ်ထွက်

တီဟီရန်၊ မေ-၈-၂၀၁၉ မျိုးဆက် (VOM)     ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားစာချုပ်ကနေ  အမေရိကန်နှုတ်ထွက်ပြီး တစ်နှစ်အကြာမှာ အဲဒီ စာချုပ်မှာပါတဲ့ ကတိက၀တ်အချို့ကို မလိုက်နာတော့ဘဲ အီရန်ကနှုတ်ထွက်လိုက်ပါတယ်။     အဲဒီစာချုပ်ကို လိုက်နာနေဆဲဖြစ်တဲ့ စာချုပ်ဝင်  တခြားအင်အားကြီးနိုင်ငံတွေကို အီရန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက မေ ၈ ရက်မှာအသိပေးအကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် အီရန်အနေနဲ့ စာချုပ်မှာပါဝင်တဲ့ ဘယ်လိုကတိက၀တ်တွေကို လိုက်နာနေတာတွေ ရပ်တန့်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အတိအကျကျိုးကြောင်းပြ ပြောဆိုတာတွေမရှိပါဘူး။   အဲဒီစာချုပ်ဟာ အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးအတွက် အပြန်အလှန်အနေနဲ့ အီရန်ရဲ့ နျူကလီးယားရည်မှန်းချက်တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။   ဒါပေမယ့် စာချုပ်ကနေ အမေရိကန် နှုတ်ထွက်ပြီးကတည်းက အမေရိကန်-အီရန်တို့ရဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်ခဲ့င်္ပြီး အီရန်ရဲ့…

Read More

စမတ်​ကဒ်​ရှိတဲ့ ကျုးတွေကို အငှားအိမ်​ရာ လုပ်​​ပေးမယ်

ရန်​ကုန်​၊ ​မေ ၈-၂၀၁၉ သူရိန် (VOM)     ရန်​ကုန်​မြို့မှာ ကျုး​ကျော်​​နေထိုင်​သူ​တွေများပြားလာ​နေ​ပေမယ့်​ နိုင်​ငံ​တော်​က ကျုး​ကျော်​စမတ်​ကဒ်​ထုတ်​​ပေးထားတဲ့သူ​တွေပဲ အငှားအိမ်​ရာ လုပ်​​ပေးမယ်​လို့ ရွှေလင်​ပန်းစက်​မှုဇုံ၊ စီမံခန့်​ခွဲ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦး​​အေး​​သောင်းက ပြောခဲ့ပါတယ်။     မြန်​မာနိုင်​ငံမီးသတ်​ဦးစီးဌာနက ​ကျင်းပတဲ့ ရွှေလင်​ပန်းစက်​မှုဇုန်  မီးသတ်​ဖွဲ့ရဲ့ ဆောင်​ရွက်​မှုနဲ့ပက်​သက်​ပြီး ဂုဏ်​ပြုမှတ်​တမ်းလွှာ​ ချီးမြှင့်​ပွဲအခမ်းအနားမှာ  ပြောကြားခဲ့တာပါ။   ​ “ ကျုးစာရင်း​ကောက်​တာ အစက ၄၀၀ ရာ​ကျော်​ပဲရှိတယ်​။ စမတ်​ကဒ်​ထုတ်​​ပေးရင်းနဲ့ ခုနှစ်​ရာ ရှစ်​ရာအထိဖြစ်​လာတယ်​။ အဲ့ဒီ​လာက်​အထိထုတ်​​ပေးခဲ့တယ်​။ ဒါ​ပေမယ့်​​နောက်​တိုးကျူး​တွေက​တော့ ပိုများလာကို​တွေ့ရတယ်​။ ဒါ​ကြောင့်​ အားလုံးကို​တရားဝင်​​ပြောပြီးသားပါ၊ စမတ်​ကဒ်​ရှိတဲ့ကျူး​တွေကိုပဲ နိုင်​ငံ​တော်က အငှားအိမ်​ရာလုပ်​​ပေးမှာဖြစ်ပါတယ်” လို့ ​ ရွှေလင်​ပန်းစက်​မှုဇုံ ကော်​မတီ ဥက္ကဋ္ဌ ဦး​​အေး​သောင်း က​ပြောပါတယ်​။   လှိုင်သာယာမြို့နယ်အတွင်းမှာကျူးကျော်နေထိုင်သူများ စာရင်း ကောက်ယူခဲ့ရှိမှာခန့်မှန်းသည်ထက် နှစ်ဆကျော် ရှိနေတယ်​လို့ ကျူးကျော်…

Read More
VOM News

FREE
VIEW