သာယာဝတီမြို့နယ်ထဲက ကြေးတိုင်အင်းတွေကို တဦးတယောက်တည်းက လက်ဝါးကြီးအုပ် လေလံအောင်နေတာ ဒေသခံတွေ မကျေနပ်

သာယာဝတီ ၊ မေ-၈-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

 

ပဲခူးတိုင်း သာယာဝတီမြို့နယ် လက်ပံခုန်အုပ်စု ရေမီးနင်းကျေးရွာမှာရှိတဲ့ ကြေးတိုင်အင်းလုပ်ငန်းတခုထဲက  အလျင်အင်းကို တဦးတယောက်ထဲက နှစ်ရှည်လုပ်ကိုင်ခွင့်ရနေတာဟာ ရေချိုငါးလုပ်ငန်းဥပဒေနဲ့မညီလို့  ဒေသခံငါးလုပ်ငန်းလုပ်နေသူတွေ မကျေမနပ်ဖြစ်နေပါတယ်။

 

အဲဒီကိစ္စ ဥပဒေပါပြဌာန်းချက်အတိုင်းဖြစ်စေချင်တယ်လို့ ရေမီးနင်းကျေးရွာ ရေလုပ်သားများအစုအဖွဲ့ ဥက္ကဌဖြစ်သူဦးလှကြိုင် ပြောပြတာက

 

”နှစ်ရှည်အငှါးဂရမ်ကြေးတိုင်အင်းဆိုတာ အင်းတိမ်ကောပျက်စီးခြင်းမှ ကာကွယ်နိုင်ဘို့ တနှစ်ပတ်လုံးရေရှိတဲ့ဒါမှမဟုတ် ရေနေရေထိုင်ကောင်းတဲ့အင်းတွေမှာ ငါးထုတ်လုပ်မှု့ ရေရှည်ကောင်းဘို့ ငါးသယံဇာတမပျက်စီးဘို့ ရည်ရွယ်ချက်ပါတဲ့ဥပဒေအရ ကြေးတိုင်အမည်ပေါက်အင်းတွေကို ဈေးပြိုင်စနစ်နဲ့လေလံဆွဲလို့ရရင် ၃နှစ်စီ၂ကြိမ် နှစ်ရှည်လုပ်ကိုင်ခွင့်ပေးပြီးတော့ သက်တမ်းကုန်ဆုံးပါက ဈေးပြိုင်စနစ် လေလံပြန်ဆွဲစေရမှာဖြစ်တယ် အခုက ၃နှစ်၂ကြိမ် ပြီးတော့သက်တမ်းတိုး ဆိုပြီးထပ်ယူပြန်တယ် ဒေသခံအစုအဖွဲ့တွေက မရဘူး ခေတ်အဆက်ဆက် ဒီတဦးတည်းကပဲ  မိဘအမွေရသလို အဘိုး အဖေ သားသမီး အဆင့်ဆင့်ရနေတယ် ဒါကိုမခံနိုင်လို့အခုလိုရင်ဖွင့်ရတာပါ”လို့ ရေမီးနင်းကျေးရွာကရေလုပ်ငန်းအစုအဖွဲ့ဥက္ကဌဦးလှကြိုင်ကပြောပါတယ်။

 

ရေမီးနင်းကျေးရွာဟာ မြစ်မခမြစ်ဘေးမှာရှိပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းတို့ဆုံဆည်းရာ တြိဂံဒေသဖြစ်ပြီး အခြားအရပ်ကရေပြင်ကျယ်အင်းမျိုးမဟုတ်ဘဲ ရိုးချောင်းကို အပိုင်း ပိုင်းကာ လေလံပစ်ခြင်းဖြစ်တယ်လို့သိရပါတယ်။

“မနှစ်ကရေလုပ်သားအစုအဖွဲ့အနေတော့ဒီထုံးကြီး ထုံးလေးအင်းကိုလေလံမရဘူး ကျနော်တို့ဒေသခံ၅ဦးကလေလံရတယ် တမိုင်ကျော်ရှည်တဲ့လုပ်ကွက်ကြောင့် ကျနော်တို့ရေလုံလောက်စွာစိုက်ပျိုးဘို့ရတယ်။  ပြောင်းနဲ့သီးနှံတွေအဆင်ပြေတယ် အဲဒီတမိုင်ကျော်အရှည်ကို သိန်း၇၀ကျော်နဲ့လေလံဆွဲခဲ့ရပေမယ့် သီးနှံစိုက်ခင်းအတွက်ရေလုံလောက်လို့ အမြတ်တော်တော်ရကြတယ်။အခုပြဿနာဖြစ်တဲ့ကြေးတိုင်အင်းက ၁၅မိုင်မက ရှည်လျားပြီးလေလံဈေးက၂၃သိန်းကျော်နဲ့ရတယ် ဒေသခံတွေဘယ်တုန်းကမှမရဘူး ငါးမပြောနဲ့စိုက်ပျိုးဘို့ရေတောင်ယူခွင့်မရလို့ စိုက်ခင်းထဲမှာရေတွင်းတူးစိုက်ရပျိုးရတော့အရှုံးပေါ်တယ် ငွေကုန်ကြေးကျများတာပေါ့ ဘယ်တုန်းကမှဒေသခံတွေမရဘဲအခြားအရပ်ကသူတွေဘဲဈေးပေါပေါနဲ့လေ လံရတယ်”

လို့ဝဲဒေါင့်ကျေးရွာက ဦးမြင့်စိုးကပြောပါတယ်။

 

တမိုင်ကျော်ရှည်လျားတဲ့ ထုံးကြီးထုံးလေးအမည်ရအင်းကို သိန်း၇၀ကျော်အထိလေလံတက်ဆွဲရပေမယ့် တဆက်တစပ်ထဲဖြစ်တဲ့ အလျင်အင်းက၁၅မိုင်ကျော်ရှည်လျားပြီး လေ လံအောင်ဈေးက၂၃သိန်းကျော်နဲ့ ရတယ်လို့ သိရပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီးသာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးစုံမှိုင်းက

“ အောက်ခြေမှာအင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ ပြဿနာတစုံတရာမရှိကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တင်ပြလာရင် အထက်အဆင့်ကိုတင်ပေးတယ် အထက်အဆင့်ဖြစ်တဲ့ တိုင်းအစိုးရဝန်ကြီးနဲ့အစိုးရအဖွဲ့ကဆုံးဖြတ်ပြီးမှ အောက်ကိုပြန်ချပေးတာ ကျနော်တို့သဘောနဲ့ဆုံးဖြတ်တာမဟုတ်ပါဘူး ကျနော်တို့လုပ်ပိုင်ခွင်းမဟုတ်ဘူး ကျနော်တို့က စာရင်းနဲ့တင်ပြပေးပြီးဆုံးဖြတ်တာကဝန်ကြီးနဲ့အစိုးရအဖွဲ့သာဖြစ်တယ်သူတို့ကလုပ်စားတယ်ထင်နေတာ ကျနော်လုပ်ပိုင်ခွင့်မဟုတ်ပါဘူး”လို့ပြောကြားပါတယ်။

 

သာယာဝတီခရိုင်မှာ လေလံအင်းပေါင်း၂၇၁အင်းရှိတဲ့ အနက် ကြေးတိုင်အင်း ၁၃၂အင်းရှိပြီး မြို့နယ်အဆင့်မှာ ရေလုပ်သားအစုအဖွဲ့ပေါင်း၁၃ဖွဲ့ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ပဲခူးတိုင်း #သာယာဝတီ #ကြေးကိုင်အင်း #အင်းလေလံ

Related posts

Leave a Comment

VOM News

FREE
VIEW