ထိုင်းရွေးကောက်ပွဲမှာ သက်ဆင်လိုလားတဲ့ ဖြူထိုင်းပါတီ အများဆုံးအနိုင်ရ

ဘန်ကောက်၊ မေ-၈-၂၀၁၉

မျိုးဆက် (VOM)

 

ထိုင်းရွေးကောက်ပွဲကျင်းပပြီး တစ်လကျော်အကြာမှာတော့ မဲဆန္ဒယ်အသီးသီးမှာ အနိုင်ရရှိသူတွေကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီး ထုတ်ပြန်လိုက်တဲ့ ရလဒ်တွေအရ အနိုင်ရရှိတဲ့ ပါတီတွေအကြား ညွှန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့ရေး ဆွေးနွေးကြရဖို့ရှိနေပါတယ်။

 

 

ထိုင်းအောက်လွှတ်တော် အမတ်နေရာ ၅၀၀မှာ  အမတ်နေရာ ၃၅၀ ကို ပြည်သူကမဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ၃၄၉ နေရာရဲ့ အနိုင်ရစာရင်းများကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

ပြုတ်ကျသွားသည့် ၀န်ကြီးချုပ် သက်ဆင်နဲ့ ဆက်နွယ်နေတဲ့ ဖြူထိုင်းပါတီဟာ လွန်ခဲ့တဲ့လက ရွေးကောက်ပွဲမှာအနိုင်ရနေတဲ့ ကိုယ်စားလှယ်လောင်တစ်ဦး အရည်အချင်းပျက်ယွင်းခဲ့ပေမယ့်လည်း အမတ်နေရာ ၁၃၆ နေရာနဲ့ အများဆုံးအနိုင်ရရှိခဲ့ပါတယ်။

 

စစ်တပ်လိုလားသည့် ပါလန်ပရာချာရတ်ပါတီကတော့ အမတ်နေရာ ၉၇ နေရာနဲ့ ဒုတိယအများဆုံးအနိုင်ရရှိထားပါတယ်။ နောက်ထပ် အမတ်နေရာ ၁၅၀ ကိုတော့  အချိုးကျကိုယ်စားပြုမှုအပေါ်အခြေခံပြီး ရှုပ်ထွေးသည့်နည်းလမ်းကိုအသုံးပြုကာ တခြားပါတီတွေက ခွဲဝေပြီး ရရှိမှာဖြစ်ပါတယ်။

 

အနိုင်ရရှိတဲ့ ပါတီများစာရင်းကို မေ ၉ ရက်တွင်ကြေညာမှာဖြစ်ပါတယ်။ သက်ဆင်ထိုလားတဲ့ ဖြူထိုင်းပါတီကတော့  ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် အခြားခြောက်ပါတီနဲ့ ပူးပေါင်းမယ်လို့ ပြောဆိုထားပါတယ်။

 

Ref : NHK

Photo : Reuters

 

#voiceofmyanmar  #ထိုင်းရွေးကောက်ပွဲ #သက်ဆင် #ဖြူထိုင်းပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW