စမတ်​ကဒ်​ရှိတဲ့ ကျုးတွေကို အငှားအိမ်​ရာ လုပ်​​ပေးမယ်

ရန်​ကုန်​၊ ​မေ ၈-၂၀၁၉

သူရိန် (VOM)

 

 

ရန်​ကုန်​မြို့မှာ ကျုး​ကျော်​​နေထိုင်​သူ​တွေများပြားလာ​နေ​ပေမယ့်​ နိုင်​ငံ​တော်​က ကျုး​ကျော်​စမတ်​ကဒ်​ထုတ်​​ပေးထားတဲ့သူ​တွေပဲ အငှားအိမ်​ရာ လုပ်​​ပေးမယ်​လို့ ရွှေလင်​ပန်းစက်​မှုဇုံ၊ စီမံခန့်​ခွဲ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦး​​အေး​​သောင်းက ပြောခဲ့ပါတယ်။

 

 

မြန်​မာနိုင်​ငံမီးသတ်​ဦးစီးဌာနက ​ကျင်းပတဲ့ ရွှေလင်​ပန်းစက်​မှုဇုန်  မီးသတ်​ဖွဲ့ရဲ့ ဆောင်​ရွက်​မှုနဲ့ပက်​သက်​ပြီး ဂုဏ်​ပြုမှတ်​တမ်းလွှာ​ ချီးမြှင့်​ပွဲအခမ်းအနားမှာ  ပြောကြားခဲ့တာပါ။

 

“ ကျုးစာရင်း​ကောက်​တာ အစက ၄၀၀ ရာ​ကျော်​ပဲရှိတယ်​။ စမတ်​ကဒ်​ထုတ်​​ပေးရင်းနဲ့ ခုနှစ်​ရာ ရှစ်​ရာအထိဖြစ်​လာတယ်​။ အဲ့ဒီ​လာက်​အထိထုတ်​​ပေးခဲ့တယ်​။ ဒါ​ပေမယ့်​​နောက်​တိုးကျူး​တွေက​တော့ ပိုများလာကို​တွေ့ရတယ်​။ ဒါ​ကြောင့်​ အားလုံးကို​တရားဝင်​​ပြောပြီးသားပါ၊ စမတ်​ကဒ်​ရှိတဲ့ကျူး​တွေကိုပဲ နိုင်​ငံ​တော်က အငှားအိမ်​ရာလုပ်​​ပေးမှာဖြစ်ပါတယ်” လို့ ​ ရွှေလင်​ပန်းစက်​မှုဇုံ ကော်​မတီ ဥက္ကဋ္ဌ ဦး​​အေး​သောင်း က​ပြောပါတယ်​။

 

လှိုင်သာယာမြို့နယ်အတွင်းမှာကျူးကျော်နေထိုင်သူများ စာရင်း ကောက်ယူခဲ့ရှိမှာခန့်မှန်းသည်ထက် နှစ်ဆကျော် ရှိနေတယ်​လို့ ကျူးကျော် စာရင်းကောက်ယူရေးအဖွဲ့ထံက​ သိရပါတယ်။

 

လှိုင်သာယာမြို့နယ် အတွင်းရှိ အောင်မြေသာယာ၊ ညောင်ရွာ၊ ရေအုတ်ကန် နဲ့ ရွှေလင်ပန်း နေရာတွေမှာ  ဧပြီလ ၂၅ ရက်ကစပြီး မေလ ၁၁ ရက်ထိ ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ ရှစ်ခုနဲ့စာရင်းကောက်ယူခဲ့တာပါ။

 

အကြမ်းဖျင်းကောက်တုန်းက စာရင်းအရ အိမ်ထောင်စု ၂၇၀၀၀ ကျော် ရှိတယ်။ မြေပြင်မှာ ကွင်းဆင်းကောက်ယူတဲ့အခါ အရင်ရှိတဲ့ စာရင်းထက် နှစ်ဆလောက် များနေတယ်။ ၅၀၀၀၀ ကျော်လောက် ရှိနေတယ်လို့ ခန့်မှန်းရကြောင်း ကျုးကျော်စာရင်းကောက်ယူရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်​။

 

ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခုမှာ တရားမဝင်နေထိုင်တဲ့ ကျူးကျော် အိမ်ခြေ ၁၀၅၄၄၉၊ အိမ်ထောင်စု ၁၆၇၇၃၈ စု ၊ ကျူးကျော်နေထိုင် သူဦးရေ ၄၃၁၀၅၀ ခန့်ရှိတယ်​လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်​။

 

#voiceofmyanmar #စမတ်ကဒ်ရှိတဲ့ကျူးကျော်တွေကိုအငှားအိမ်ရာပေးမယ် #စမတ်ကဒ် #ကျူးကျော်  #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW