ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်တစ်ဦးစီးလာတဲ့ ကားကို ထောင်ထဲဆွဲသွားပြီး လူကိုဖမ်းဆီး

ကရာကတ်၊ မေ-၉-၂၀၁၉

မျိုးဆက် (VOM)

 

 

နိုင်ငံရေးအကြပ်အတည်းတွေဖြစ်ပေါ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုရဲ့ လက်ထောက်ဖြစ်သူကို ဗင်နီဇွဲလား ထောက်လှမ်းရေးအဖွဲ့က  ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

 

 

ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဂါဇမ်ဘရာနိုဟာ ထောက်လှမ်းရေးအဖွဲ့က ၀ိုင်းထားချိန်မှာ ကားအတွင်းကနေထွက်ပြီး အဖမ်းခံဖို့ ငြင်းဆန်ခဲ့တာကြောင့် ထောက်လှမ်းရေးအဖွဲ့က သူစီးနှင်းလိုက်ပါလာတဲ့ ကားကို ထရပ်ကားတစ်စီးနဲ့ အကျဉ်းထောင်ဆီဆွဲယူသွားပြီး လူကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ မာဒူရိုကိုဆန့်ကျင်ပြီး စစ်တပ်ကပုန်ကန်ဖို့အတွက် စည်းရုံးလှုံ့ဆော် အားထုတ်မှုတွေပြီးတဲ့နေနာက်ပိုင်း အတိုက်အခံ ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးလိုက်တာပါ။

 

 

အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကိုတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားပါတယ်။ မစ္စတာဇမ်ဘရာနိုကို  ဗင်နီဇွဲလားထောက်လှမ်းရေးအဖွဲ့က မဖမ်းခင်မှာ သူဟာ  ကရာကတ်ရှိ ပါတီရဲ့ အစည်းအဝေးပွဲတစ်ခုတက်ရောက်ခဲ့တယ်လို့ ဒီမိုကရက်တစ်လှုပ်ရှားမှု ပါတီခေါင်းဆောင် ကားလို့စ်ပရော့စပီရီက သတင်းထောက်တွေကိုပြောပါတယ်။

 

 

သူ့ကို မြို့တော်အလယ်ပိုင်းရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အယ်လ်ဟီလီကိုဒီ အကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ ယုံကြည်ရကြောင်း ပါတီခေါင်းဆောင်ပရောပီရီက ဆက်ပြီးပြောပါတယ်။

 

Ref : BBC

Photo :Reuters

 

 

Related posts

VOM News

FREE
VIEW