တူနီးရှားကမ်းလွန်မှာ ရေယာဉ်တစ်စီး နစ်မြုပ်လို့ လူ ၆၅ ဦးသေဆုံး

တူနစ်၊မေ-၁၁-၂၀၁၉

မျိုးဆက် (VOM)

 

 

ရွှေ့ပြောင်းနေထိုင်သူတွေလိုက်ပါလာတဲ့ ရေယာဉ်တစ်စင်းဟာ တူနီးရှားကမ်းလွန်ရှိ မြေထဲပင်လယ်အတွင်း နစ်မြုပ်သွားတာကြောင့် လူပေါင်း ၆၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

 

 

ရေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေထဲက လူပေါင်း ၁၆ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ ယူအင်အိတ်ခ်ျစီအာက ကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာ ပြောပါတယ်။

 

 

အဲဒီရေယာဉ်ဟာ  မေ၉ရက်က လစ်ဗျားနိုင်ငံရှိ ဇူဝါရာဆိပ်ကမ်းကနေ  ထွက်ခွါခဲ့တာဖြစ်ပြီး လှိုင်းကြီးတာကြောင့် နစ်မြုတ်သွားခဲ့တာဖြစ်တယ်လို့  အသက်ရှင်ကျန်သူများကပြောပါတယ်။

 

 

၂၀၁၉ခုနှစ်ရဲ့ ပထမလေးလအတွင်း လစ်ဗျားနဲ့  ဥရောပနိုင်ငံတွေအကြား သွားရောက်တဲ့ လမ်းကြောင်းပေါ်မှာ သေဆုံးသူဦးရေဟာ  ၁၆၄ ဦးခန့်ရှိတယ်လို့ ယူအင်အိတ်ခ်ျစီအာရဲ့ စာရင်းဇယားများတွေမှာ ဖော်ပြထားပါတယ်။

 

ယခုဖြစ်ပွားခဲ့တဲ့ ရေယာဉ်နှစ်မြုပ်မှုကတော့  ၂၀၁၉ ခုနနှစ် နှစ်ဆန်းပိုင်းကစပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်တဲ့  အသေအပျောက်အများဆုံး ရေယာဉ်နစ်မြုပ်မှုများထဲက တစ်ခုအပါအဝင် ဖြစ်တယ်လို့ ယူဆရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

#voiceofmyanmar #တူနီးရှား #သဘောင်္နစ်

Ref : BBC

Photo : Reuters

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW