မုံရွာ၊ မေ ၁၄၊ ၂၀၁၉ ရန်နိုင်စိုး မုံရွာမြို့ စက်မှုဇုံမှာ လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေ အရှုံးပေါ်နေပြီး အကြပ်တည်းနဲ့ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ စက်လည်ပြီး လုပ်ငန်းလုပ်နေစဉ်မကြာခဏ ပြတ်တောက်တာတွေကြောင့် လုပ်ငန်းရှင်တွေသာမက အလုပ်သမားတွေပါ ထိခိုက်နစ်နာရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလိုပြောပါတယ်။ “ကျနော်တို့က မီးပျက်တဲ့အချိန် အတိကျသိရရင် တော်သေးတယ်။ အခုက ပျက်မယ် လာမယ်ဆိုတာ ထုတ်ပြန်ချက်နဲ့ မညီဘူး။ အဲ့တော့ မီးပျက်ရင် အလုပ်သမားတွေ ပြန်လွှတ်ရတယ်။ သူတို့လဲ ကသိကအောက်ဖြစ်တာပေါ့။ လုပ်ငန်းရှင်အနေနဲ့လည်း ဖောက်သည်တွေကို နားလည်အောင် တော်တော်တောင်းပန်ယူထားရတယ်။ မီးစက်နဲ့ စက်လည်တာတွေ ရှိပေမယ့် အရေးကြီးတဲ့ ကဏ္ဍပိုင်းက စက်တွေကျတော့ သိပ်မဆွဲချင်ဘူး။ စက်လည်တဲ့ ဒီဇယ်စရိတ် ညဆင်းအလုပ်သမားစရိတ်နဲ့ဆိုရင် ရှုံးတယ်။ ဖောက်သည်မပြတ်ချင်လို့သာ ဆက်လုပ်နေရတာ” လို့…
Read MoreDay: May 14, 2019
မတားနဲ့ … စေတနာနဲ့ပါ
မတားနဲ့ စေတနာနဲ့ပါ
Read Moreကက်ရှ်မီးယားက သုံးနှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်သူကို သေဒဏ်ပေးဖို့ ဆန္ဒပြ
ဒေလီ၊ မေ-၁၄-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်တာနဲ့ ပတ်သက်လို့ အကြီးအကျယ်ဆန္ဒပြနေကြပြီး ကျူးလွန်ခဲ့သူအမျိုးသားကို သေဒဏ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ကျူးလွန်သူဟာ ထွက်ပြေးဖို့ ကြိုးစားပေမယ့် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဲဒီမိန်းကလေးရဲ့ ဖခင်ဖြစ်သူက ပြောဆိုပြီး လက်ရှိမှာတော့ ရဲတွေက သူ့ကို ထိန်းသိမ်းထားပါတယ်။ လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ဆန္ဒပြနေကြပြီး ရဲတွေက လူအုပ်ကြားထဲကို မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲတာကြောင့် လူအတော်များများ ဒါဏ်ရာရရှိသွားပါတယ်။ မိမိတို့အနေနဲ့ တရားမျှတမှုကို တင်းတင်းကြပ်ကြပ်ပြစ်ဒါဏ်ပေးစေချင်တယ်လို့ ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ဖခင်ဖြစ်သူ ရှီယာအလီဒါက ပြောပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား နေရာအတော်များများမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသအတွင်းက စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားရပါတယ်။ ကျူးလွန်သူဟာ အနီးနားကစာသင်ကျောင်းထဲကို မိန်းကလေးငယ်ကို…
Read Moreအမေရိကန်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကုန်တင်သင်္ဘော ပြန်ပေးဖို့ မြောက်ကိုရီးယားတောင်းဆို
ဆိုးလ်၊ မေ-၁၄-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲရဲ့ အနှစ်သာရကို ချိုးဖောက်လိုက်တဲ့ တရားမ၀င်လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က မေ ၁၃ ရက်မှာ ပြောဆိုပြီး အဲဒီသင်္ဘောကို ချက်ချင်းပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်က သိမ်းယူလိုက်တဲ့ အဲဒီသင်္ဘောဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တယ်ဆိုတာကို ပယ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးဖိအားနဲ့တကွ အညံခံထိန်းချုပ်နိုင်ဖို့်ကြိုးစားတဲ့ အမေရိကန်ရဲ့ တွက်ချက်လုပ်ဆောင်မှု နောက်တစ်ခုဖြစ်ပြီး ဇွန် ၁၂ ရက်က ပထမအကြိမ်မြောက်ကိုရီးယား -အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်ရဲ့ အခြေခံအနှစ်သာရ အားလုံးကို ဖောက်ဖျက်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်ဖော်ပြမထားတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။…
Read Moreမြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းတိုက်ပွဲဖြစ် အမျိုးသမီးတစ်ဦး ကျည်ထိ
မြောက်ဦး၊ မေ ၁၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ မနေ့က ညနေပိုင်းကစတင်ပြီးတော့ ဒီကနေ့မနက်ပိုင်း အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာအနီးနဲ့ ကျောက်တော်-ပလက်ဝလမ်းပိုင်း ဖောက်လုပ်ထားတဲ့ မင်းသာဆည်အနီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “တိုက်ပွဲကတော့ မနေ့ကညနေ ၈ နာရီလောက်ကဖြစ်ပါတယ်။ မိနစ် ၂၀ လောက်တော့ လက်နက်ငယ်ပစ်သံတွေကိုကြား ရတယ်။ နောက်ပိုင်းမှာတော့ လက်နက်ကြီးအမြောက်တွေပစ်ခတ်တယ်။ တစ်ညလုံးပါပဲ။ တောင်ဦးရွာနားမှာဖြစ်နေခဲ့ တာပါ။ ရွာသားတွေကတော့ ထွက်ပြေးကုန်ပါပြီ။ ရွာမှာလူတစ်ယောက်နှစ်ယောက်ပဲကျန်ခဲ့ပါတယ်။”လို့ တောင်ဦးကျေးရွာ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပုံမှာ မေလ ၁၃ ရက်နေ့ညနေပိုင်းက လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုကို AA ဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။ “မနေ့ကညနေ…
Read Moreဗိုလ်ချုပ်ကြေးရုပ်ထု ပြောင်းရွေ့ ရေးညှိနှိုင်းမှု မအောင်မြင်
လွိုင်ကော်၊ မေ ၁၄၊ ၂၀၁၉ ထူးသာဦး ကယားပြည်နယ်လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်းမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ပြောင်းရွေ့ ရေးကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပရာမှာ မအောင်မြင်ဘဲ အစည်းအဝေး ပျက်သွားတယ်လို့ သိရပါတယ်။ အစည်းအဝေးကို ကယားပြည်နယ်အစိုးရရုံးမှာ ဒီကနေ့ ကျင်းပခဲ့တာဖြစ်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ နှင့် ကရင်နီလူငယ်အင်အားစု သပိတ်အဖွဲ့ တို့ က တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုလ်က ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မပြေလည်တဲ့ အခြေအနေရှိနေကြောင်းနဲ့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေအတွက် ကြေးရုပ်ထုကို ဆက်လက်ထိန်းသိမ်းထားရှိရမှာ ဖြစ်တဲ့အတွက် လုံးဝမရွေ့ ပြောင်းပေးနိုင်ကြောင်း အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ အဖွင့်မိန့် ခွန်းကြောင့် လူငယ်တွေအနေနဲ့  ဆက်လက်ဆွေးနွေးမည်ဆိုပါက…
Read Moreမင်းလှမြို့နယ် စစ်ကွင်းမြို့ တွင် မိုးကြိုးပစ်၍ ကျောင်းဆရာတစ်ဦး သေဆုံး
စစ်ကွင်း မေ ၁၄၊ ၂၀၁၉ မိုးယံ ပဲခူး တိုင်း သာယာဝတီ ခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့ စီဂွ ရွာမှာ ဒီနေ့ မေလ ၁၃ရက် ညနေ ၆နာရီ ဝန်းကျင်က မိုးကြိုးပစ်လို့ အသက် ၃၃နှစ်အရွယ် ပညာရေးဝန်ထမ်း ကျောင်းဆရာ တစ်ဦး သေဆုံးခဲ့ပါတယ်။ “လယ်ထဲမှာ ရှိတဲ့ ဆရာ့ ရဲ့စပါးပုံကို မိုးရွာလို့ တာလပတ် အမိုး အုပ်ဖို့သွားတာမှာ မိုးကြိုးပစ်လိုက်တာကို မြင်လိုက်တဲ့ လယ်သမားတွေက ပြောတယ်” လို့ စီဂွ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှုး က ပြောပါတယ်။ မိုးကြိုးထိမှန်မှုကြောင့် ဦးစွမ်းထက်မင်းဟာ ပါးစပ် နှာခေါင်း တွေမှာ သွေးထွက်နေပြီး ညာဘက်ဝမ်းဗိုက် မီးလောင် ဒဏ်ရာ များ အရေပြားများ တွန့်လိမ်နေတာကို…
Read Moreကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ ခန့် ပျက်စီး
စစ်ကိုင်း။ မေ ၁၄၊ ၂၀၁၉ ရန်နိုင်စိုး စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ နီးပါး ပျက်စီးသွားပါတယ်။ အဲ့ဒီနေ့ညနေက လေပြင်းဟာ ရုတ်တရက်ဆိုသလို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်သလို လေပြင်းနဲ့အတူ မိုးလဲရွာသွန်းခဲ့တာပါ။ အိမ်ခြေ ၁၀၀၀ ထက်တောင် ကျော်နိုင်တယ်ဗျ။ ရွာတစ်ရွာမှာကို အိမ်ခြေရာ ၁၀၀ ကျော် ၃၀၀ မက ပျက်စီးသွားကြတာ။ အခု ဝန်ကြီးချုပ်နဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း ရောက်နေပါတယ်”လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ ပျက်စီးသွားတဲ့အထဲမှာတော့ အိမ်ခြေတွေအပြင် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေအများပြား ပါရှိပါတယ်။ “အိမ်တွေ စာသင်ကျောင်းတွေ တော်တော်များများ အမိုးလန်သွားတာလဲရှိတယ်။ တချို့ အိမ်တွေနဲ့ တဲတွေဆို ပြိုကုန်တယ်။ ကျနော့်ရွာတရွာတည်းမှာကို…
Read Moreအလုပ်ရပ်စဲတာကို နစ်နာကြေးမပေးတဲ့အတွက် အလုပ်သမားများက ပိုင်ရှင်ကို တရားစွဲ
စစ်ကိုင်း၊မေ ၁၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM) အလုပ်ရပ်စဲတာကို နစ်နာကြေးမပေးတဲ့အတွက် စစ်ကိုင်းစက်မှုဇုန်၊ ရွှေအင်းဝ သံရည်ကျိုစက်ရုံပိုင်ရှင်ကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ အလုပ်သမားများက တရားစွဲဆိုခဲ့ပါတယ်။ စစ်ကိုင်းစက်မှုဇုန် ရွှေအင်းဝသံရည်ကျိုစက်ရုံပိုင်ရှင်က စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားများကို ကြိုတင်အကြောင်းကြားစာ (နို့တစ်စာ) ထုတ်ပြန်ခြင်းမရှိဘဲ အခုနှစ်မတ်လ ၃၀ မှာစက်ရုံကိုပိတ်သိမ်းခဲ့ပြီး စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက်စက်ရုံအလုပ်သမား ၉ဦးက အလုပ်သမားရပိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးခဲ့တာအပေါ် စက်ရုံပိုင်ရှင်ကိုအခုလ မေ ၁၃မှာ တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲခဲ့တာဖြစ်ပါတယ်။ ” ဒီစက်ရုံမှာလုပ်နေတာ သုံးနှစ်ကျော်ပါပြီ။ စက်ရုံပိတ်တော့မယ်လို့ အသံကြားတော့ ကျွန်တော်တို့က ပိုင်ရှင်ကိုမေးပါတယ်။ ပိတ်ရင်လည်းကြိုပြောပါလို့။ ဒါကို ဘာမှ ကြိုတင်အကြောင်းကြားစာ မပို့ပဲ ပိတ်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဆုံးရှုံးလို့ မြို့နယ်အလုပ်သမားရုံးကို တင်ပြခဲ့တယ်။ အလုပ်သမားရုံးက နှစ်ကြိမ်…
Read Moreကျွဲအုပ်မောင်းလာတဲ့ စပါးထားရွာသား မိုင်းပေါက်ကွဲပြီး ဒဏ်ရာရ
ဘူးသီးတောင်၊ မေ ၁၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စပါးထားကျေးရွာသား ဦးမောင်စိန်ထွန်းဟာ ယနေ့ ညနေ ၅နာရီခွဲခန့်အချိန်တွင် ကျွဲအုပ်အား ရွာဘက်သို့ မောင်းလာစဉ် ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုမှာ ကျေးရွာနားသို့အရောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ဒါမှမဟုတ် မိုင်းတစ်ခုခု ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။ “ဦးမောင်စိန်ထွန်းက အသက်ကြီးပါပြီ။ ၆၆ နှစ်ရှိနေပါပြီ။ သူ့ကျွဲတွေကို ရွာကိုမောင်းလာတဲ့အချိန်မှာ အဲ့ဒီကွင်းပြင်က ထပေါက်တယ်လို့ပြောတယ်။ ဒဏ်ရာတွေရသွားတာပေါ့။ အခုတော့ ဆေးရုံပို့ထားလိုက်ပြီ။”လို့ အဲ့ဒီရွာသားက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဦးမောင်စိန်ထွန်းမှာ ဘယ်ဘက် ခါးမှာတစ်နေရာ။ ခြေသလုံးမှာတစ်နေရာ။ ညာဘက်ပေါင်မှာတစ်နေရာ စုစုပေါင်းဒဏ်ရာ သုံးခုရရှိခဲ့ပြီး ခါးကဒဏ်ရာမှာ စိုးရိမ်ရတယ်လို့ သူကပြောပါတယ်။ “လူနာကတော့ လောလောဆယ် ဒီဆေးရုံမှာပဲရှိနေတယ်။ ခွဲစိပ်ကုသမှုတွေလုပ်ရမယ်။ စစ်တွေကို ပို့ဆောင်ဖို့အတွက်လုပ်နေတာ နောက်ကျသွားလို့…
Read More