အမေရိကန်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကုန်တင်သင်္ဘော ပြန်ပေးဖို့ မြောက်ကိုရီးယားတောင်းဆို

ဆိုးလ်၊ မေ-၁၄-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်က ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား ထိပ်သီးဆွေးနွေးပွဲရဲ့  အနှစ်သာရကို ချိုးဖောက်လိုက်တဲ့ တရားမ၀င်လုပ်ရပ်ဖြစ်တယ်လို့  မြောက်ကိုရီးယားဘက်က မေ ၁၃ ရက်မှာ ပြောဆိုပြီး အဲဒီသင်္ဘောကို ချက်ချင်းပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

 

နိုင်ငံရဲ့  အချုပ်အခြာအာဏာကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်က သိမ်းယူလိုက်တဲ့ အဲဒီသင်္ဘောဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တယ်ဆိုတာကို ပယ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားအပေါ် အမြင့်ဆုံးဖိအားနဲ့တကွ အညံခံထိန်းချုပ်နိုင်ဖို့်ကြိုးစားတဲ့ အမေရိကန်ရဲ့  တွက်ချက်လုပ်ဆောင်မှု နောက်တစ်ခုဖြစ်ပြီး ဇွန် ၁၂ ရက်က ပထမအကြိမ်မြောက်ကိုရီးယား -အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်ရဲ့  အခြေခံအနှစ်သာရ အားလုံးကို ဖောက်ဖျက်လိုက်တာဖြစ်တယ်လို့  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်ဖော်ပြမထားတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

 

မြောက်ကိုရီးယားအပေါ်  အင်အားသုံးပြီး ထိန်းချုပ်နိုင်မယ်လို့ အမေရိကန်ကယုံကြည်နေရင် အဆိုးရွားဆုံးအမှားဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အမေရိကန်က နောက်ထပ်အပြုအမူတွေအပေါ်  အသေအချာစောင့်ကြည့်မယ်လို့ ဆိုပါတယ်။

 

အမေရိကန်က မြောက်ကိုရီးယားကုန်တင်သင်္ဘောကို သိမ်းယူလိုက်ပြီးနောက် တိုက်ပွဲအတွက် အပြည့်အ၀ပြင်ဆင်ထားဖို့  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ကို တိုက်တွန်းထားပါတယ်။

 

Ref : Reuters

Photo : US Justice Department

Related posts

Leave a Comment

VOM News

FREE
VIEW