အမြန်ရေယာဉ်ပေါ်က ပြုတ်ကျတဲ့ခရီးသည်နှစ်ဦး ရှာမတွေ့သေး

ရန်ကုန် ၊ မေ – ၁၆ – ၂၀၁၉

သိင်္ဂီ (VOM)

 

ဒီနေ့မနက်ပိုင်း ခန္တီးကနေ မုံရွာကို စုန်ဆင်းလာတဲ့  အမြန်ရေယာဉ်ပေါ်ကနေ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ပြီး ညနေပိုင်းအထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

 

မင်းသီဟကျော်အမြန်ရေယာဉ်ပေါ်က ပြုတ်ကျတာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးမှာ မနက် ၆ နာရီလောက်ကတည်းက ချင်းတွင်းမြစ်ထဲ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။

 

“ခရီးသည်အမျိုးသမီးတစ်ဦးက အိမ်သက်တက်ဖို့ သွားရာကနေ ဟန်ချက်ပျက်ပြီး ပြုတ်ကျတဲ့အချိန်မှာ အမျိုးသားတစ်ဦးက ဆင်းဆယ်ရင်းနဲ့ နှစ်ဦးစလုံး နစ်မြုပ်သွားတယ်။” လို့ မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးမြင့်လွင်ကပြောပါတယ်။

 

လက်ရှိမှာ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့နဲ့ မောက္ကတော်နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။

 

ပြုတ်ကျခဲ့သူတွေဟာ လေရှီးမြို့ ရေတောင်ရပ်နေထိုင်သူ မလောယဲ့မိုင်းနဲ့ ချစ်​မျိုး (နေရပ်စုံစမ်း ဆဲ)တို့ဖြစ်ပါတယ်။

 

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ မင်းသီဟကျော်အမြန်ရေယာဉ်ကို ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့ က တရားဆွဲသွားမယ်လို့သိရပါတယ်။

 

#voiceofmyanmar # ရေယာဉ်ပေါ်ကပြုတ်ကျ ပျောက်ဆုံး #စစ်ကိုင်းတိုင်း#မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW