မြင်းခြံ ၊ မေ – ၂၁ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်း စိုက်ပျိုးထားတဲ့ ဆေးခြောက်စိုက်ခင်းဆိုတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဒီနေ့ ညနေပိုင်းက မြင်းခြံ ခရိုင် တရားရုံးမှာ ပထမဆုံး အကြိမ် စတင် ရုံးထုတ်ခဲ့ပါတယ်။ “ဒီကိစ္စက မြို့သာစက်မှုဇုံ စီမံကိန်းရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ စမ်းသပ် စိုက်ပျိုးခဲ့တာပါ။ ဒါကို လူမှုကွန်ယက်စာမျက်နှာကနေ စပြီး ဖွလိုက်တဲ့အတွက်အခုလိုတွေ ဖြစ်ကုန်တာပါ။ ဒီနေ့ ကတော့ မြင်းခြံခရိုင်တရားရုံးမှာပထမဆုံး အကြိမ်ရုံး ထုတ်ပြီး အမှုကိုစတင် စစ်ဆေးဖို့ဆောင်ရွက်တာပါ။” လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်းမှာ ပြည်ပကုမ္ပဏီဖြစ်တဲ့ 3M အာဟာရဆေးဝါးကုမ္ပဏီကနေ လျှော်၊ဂုန်လျှော် စိုက်ပျိုးဖို့ဆိုပြီး…
Read MoreDay: May 21, 2019
ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို အပြီးပြတ်လွှတ်ပေးတဲ့အတွက် မကျေနပ်လို့ ဆန္ဒထုတ်ဖော်
စစ်ကိုင်း၊ မေ – ၂၁ -၂၀၁၉ စောပြည့်ချမ်းသာ(VOM) ကာမလိမ်လည်မှု၊ မုဒိမ်းမှုတို့နဲ့တရားစွဲဆိုခံထားရသူကို စစ်ကိုင်းမြို့နယ် တရားရုံးက အပြီးပြတ်လွှတ်ပေးလိုက်တဲ့အတွက် တရားလိုဘက်က မကျေနပ်လို့ ဒီနေ့မနက်မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်ကိုင်းမြို့ နန်းစုရပ် နေ မ….(၂၁)နှစ်နဲ့ စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်နေထိုင်သူ ကိုမျိုးကျော် (၃၉)နှစ်တို့ Viber က တစ်ဆင့်ခင်မင်ရင်းနှီးခဲ့ပြီး အပြင်မှာတွေ့ဆုံရန်ချိန်းဆိုခဲ့ပါတယ်။ အဲဒီနောက် တည်းခိုခန်းသို့ ခေါ်ဆောင်ပြီး အလိုမတူဘဲ သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ခဲ့တယ်လို့ တရားလိုဘက် သိရပါတယ်။ ဒါကို ကျေနပ်မှုမရှိလို့ ကျူးလွန်ခံရသူအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ် မေလ ၂၂ ရက်က စစ်ကိုင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ယခုနှစ် မတ်လမှာတော့ တရားစွဲဆိုခံရသူ ကိုမျိုးကျော်ကို ပုဒ်မ ၃၆၆၊ ၃၇၆ (ကာမလိမ်လည်မှု ၊…
Read Moreတီးတိန် – ရိ ကားလမ်း အိမ်စီးကားတစ်စီးချောက်ထဲကျ ကားပေါ်ပါ သူအားလုံး သေဆုံး
တီးတိန်၊ မေ -၂၁ – ၂၀၁၉ မိုင်ချယ်ရီ ( VOM) ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းမှာရှိတဲ့ တီးတိန် – ရိ ကားလမ်းပေါ်မှာ အိမ်စီးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါသူအားလုံး သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ ဖြစ်ပွားခဲ့တယ်လို့ တီးတိန်မြို့မ ရဲစခန်းက သိရပါတယ်။ မနက် ၅ နာရီ အချိန်လောက်က တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၇ မိုင် ၁ ဖာလုံ နဲ့ ၇ မိုင် ၂ ဖာလုံ အကြား ကားလမ်းညာဖက်မှာ ရှိတဲ့ ပေအနက် ၆၀၀ လောက်ရှိ ချောက်ထဲ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ထိုးကျခဲ့တာ ဖြစ်ပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ကားကတော့ ကားအမှတ် 6G/………
Read Moreအောင်မြေသာစံမြို့နယ်မှာ မီးလောင်မှု နေအိမ်သုံးလုံးဆုံးရှုံး
မန္တလေး၊ မေ – ၂၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇လမ်း နဲ့ ၈လမ်းကြား ၈၆လမ်း နဲ့ ၈၇လမ်းကြားရှိ ရွှေပန်းထိမ် လုပ်ကိုင်တဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက နေအိမ်အပေါ်ထပ် ခြင်ဆေးခွေထွန်းထားရာက အနားရှိ အဝတ်စများကို မီးစွဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကို Level-3 အဆင့် သက်မှတ်ကာ မီးငြိမ်းသတ်ခဲ့ကြပြီး နေအိမ် ၃လုံး နဲ့ တန်ဖိုးငွေ ၂၄၅၀၀၀၀ သိန်း ဆုံးရှုံး ပျက်စီးခဲ့ပါတယ်။ #voiceofmyanmar#မန္တလေး#မီးလောင်မှု#
Read Moreမန်းတိုင်းရဲရုံးမှာ မိုင်းရှာဖွေရှင်းလင်းရေး သင်တန်းပို့ချစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးဒဏ်ရာရ
မန္တလေး ၊ မေ – ၂၁ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ဖွင့်လှစ်သင်ကြားနေတဲ့ မိုင်းအမျိုးအစား အမျိုးမျိုးနဲ့ မိုင်းရှာဖွေရှင်းလင်းရေး(ဆင့်ပွား)သင်တန်းမှာ သင်ခန်းစာ လက်တွေ့သရုပ်ပြသင်ကြားနေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သင်တန်းဆရာအပါအဝင် တပ်ဖွဲ့ဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးက သိရပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့မနက် ကိုးနာရီကျော်က ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမရှေ့မှာ မိုင်ထောင်ခြင်းနဲ့ မိုင်းဖော်ခြင်းသင်ခန်းစာ(ပလပ်စတစ်မိုင်း)ကို လက်တွေ့သရုပ်ပြ သင်ကြားနေစဉ် ရဲတပ်ဖွဲ့ဝင် သင်တန်းသားတစ်ဦးက မိုင်းပေါ်တက်နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ “ဒီသင်တန်းကို တပ်ကနေ လာရောက်ပို့ချတာပါ။ ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးနေတုန်း ပလပ်စတစ်နင်းမိုင်းအသေး (M-14) အမျိုးအစား မိုင်းအစစ်နဲ့ မှားယွင်းအသုံးပြုမိတဲ့အတွက် သင်တန်းနည်းပြအပါအဝင်ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခုတော့ ဒဏ်ရာရတဲ့သူတွေကို မန္တလေး ဆေးရုံကြီးမှာ တင်ပေးထားပါတယ်။…
Read Moreဟွာဝေးရဲ့ အစွမ်းအစကို အမေရိကန် လျှော့တွက်နေတယ်လို့ ကုမ္ပဏီတည်ထောင်သူပြော
ပေကျင်း၊ မေ-၂၁-၂၀၁၉ မျိုးဆက် (VOM) တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တွေကို ပိတ်ဆို့ဖို့ အမေရိကန်ရဲ့ အားထုတ်မှုများကို ကုမ္ပဏီတည်ထောင်သူ ရန်ဇန်ဖိန်က ဝေဖန်ပြောဆိုလိုက်ပြီး ဟွာဝေးကုမ္ပဏီရဲ့ အစွမ်းအစကို အမေရိကန်ကလျှော့တွက်နေတယ်လို့ မေ ၂၁ ရက်က ပြောဆိုလိုက်ပါတယ်။ အမေရိကန်မှာ ဟွာဝေးရဲ့ လုပ်ငန်းတွေကို ဖြတ်တောက်ဖို့ရည်ရွယ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်တွေထုတ်ပြန်ခဲ့တဲ့နောက် ရက်အနည်းငယ်အကြာမှာ တရုတ်နိုင်ငံပိုင် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဟွာဝေးတည်ထောင်သူ မစ္စတာရန်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးသမားတွေရဲ့ လက်ရှိလုပ်ဆောင်နေမှုတွေက မိမိတို့ရဲ့ အစွမ်းအစကို လျှော့တွက်နေတာဖြစ်တယ်လို့ ၎င်းကပြောဆိုခဲ့တာကို စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ဟွာဝေးစမတ်ဖုန်းအသုံးပြုသူတွေမှာ သိသိသာသာ သက်ရောက်မှုများရှိလာနိုင်ပြီး ဟွာဝေးကုမ္ပဏီအနေနဲ့ ဂျီမေး၊ ဂူဂဲလ်မြေပုံအပါအ၀င် ဂူဂဲလ်ရဲ့ ၀န်ဆောင်မှုတွေကို ရရှိနိုင်တော့မှာမဟုတ်ပါဘူး။…
Read Moreလောင်ကစားဝိုင်းပြုလုပ်နေကြောင်း စုံစမ်းထောက်လှမ်းသိရှိရပါက တာဝန်ကျနယ်မြေရဲ့ နယ်ထိန်းတွေကိုအရေးယူမယ်
ရန်ကုန် ၊မေ -၂၁ – ၂၀၁၉ သိင်္ဂီ (VOM) တာဝန်ကျနယ်မြေအတွင်း လောင်းကစားဝိုင်း ပြုလုပ်ဆောင်ရွက်နေကြောင်း စုံစမ်းထောက်လှမ်း ပေါ်ပေါက်ပါက သက်ဆိုင်ရာနယ်မြေရဲစခန်းက နယ်ထိန်းတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးက သိရပါတယ်။ ” အထက်ဌာန သတင်းအရဖြစ်စေ၊ တိုင်ကြားချက်အရဖြစ်စေ လောင်းကစားဝိုင်းတွေကို ဝင်ရောက် ဖမ်းဆီးရမိခဲ့ရင် သက်ဆိုင်ရာ အပိုင်ရဲစခန်းမှူးအပါအဝင် နယ်ထိန်းခေါင်းဆောင်နဲ့ အပိုင်နယ်ထိန်းတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်တယ်။ ပဲခူးတိုင်းရဲတပ်ဖွဲ့အနေနဲ့လည်း မြို့နယ်/ရဲစခန်းအလိုက် လစဉ်လောင်းကစားမှုတွေကို ဖမ်းဆီးမှုမရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တွေကို ခရိုင်ရဲတပ်ဖွဲ့မှူးကနေ ခေါ်ယူပြီး မှတ်တမ်းဝင် သတိပေးလတ်မှတ်ရေးထိုးတာတွေလုပ်တယ်။” လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက ပြောပါတယ်။ အဲဒီလို လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး…
Read Moreဆန်သယ်ယူခွင့် ပိတ်ထားတဲ့ ပလက်ဝမြို့ အကန့်အသတ်နဲ့ ပြန်လည်ခွင့်ပြု
ပလက်ဝ၊ မေ – ၂၁ – ၂၀၁၉ မိုင်ချယ်ရီ (VOM) ဆန်စားသောက်နိုင်ဖို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့တစ်ခုတည်းကိုသာ အားကိုနေရတဲ့ ပလက်ဝမြို့အတွက် ဆန်သယ်ယူခွင့် ပိတ်ထားတာကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပေမဲ့ အကန့်အသတ် နဲ့သာ သယ်ယူခွင့် ပြုထားတာကြောင့် ဆန်ဈေးကြီးမြင့်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ မေလ ပထမပတ်ထဲက စတင်ပိတ်ထားတဲ့ ဆန်သယ်ယူခွင့်ကို မေလ ၁၄ ရက်နေ့ အရောက်မှာတော့ ပြန်လည်ခွင့် ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါသယ်ရင် ဆန်အိတ် ၂၀ ပဲ တင်ခွင့် ပြုခဲ့တာကြောင့် ယခင်က ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းခွဲနှုန်း ရှိခဲ့ရာကနေ အခုအခါမှာတော့ ၅ သောင်း အထိ ရှိနေခဲ့တာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ …
Read Moreဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်နေတဲ့ အောင်သပြေရွာက နေအိမ်အချို့ကို အရပ်ဝတ်၊ ဒိုင်းကာတွေနဲ့ ၀င်ရောက်ရှာဖွေမှုတွေရှိခဲ့
မန္တလေး မေ – ၂၁ – ၂၀၁၉ ဖြူဖြူ (VOM) မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်ပြေကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်တာနဲ့ပတ်သက်ပြီး ဒီနေ့မနက် ငါးနာရီဝန်းကျင်က အရပ်ဝတ်နဲ့ လူသုံးဆယ်ကျော်ဟာ အောင်သပြေကျေးရွာထဲကို ၀င်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုံမှန် သွားလာနေကျ ရွာလယ်လမ်းက ၀င်ရောက်လာတာမဟုတ်ဘဲ ကုမ္ပဏီဘက်ကနေ ကျေးရွာထဲကိုဝင်လို့ရတဲ့ လမ်းကနေ အိမ်စီးကား ၈ စီးနဲ့ ဒိုင်း၊အကာတွေ ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့လူတွေ ၀င်ရောက်လာတာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ မယဉ်အေးက ပြောပါတယ်။ “ကားသံကြားလို့ ဘယ်ကလဲမသိဘူးဆိုပြီး ထွက်ကြည့်တယ်။ ကားအဖြူလေးတစ်စီး၊ နောက်မှာလည်းကားတွေ အဆက်မပြတ်ဝင်လာတယ်။ ကားတံခါးလည်းဖွင့်လိုက်ရော ဒိုင်းကာတွေနဲ့ ၀င်လာတယ်။ ” လို့ မယဉ်ယဉ်အေးက ပြောပါတယ်။ ဦးရွှေအုန်း၊ ဦးထွန်းနိုင်၊…
Read More