တီးတိန် – ရိ ကားလမ်း အိမ်စီးကားတစ်စီးချောက်ထဲကျ ကားပေါ်ပါ သူအားလုံး သေဆုံး

တီးတိန်၊  မေ -၂၁ – ၂၀၁၉

မိုင်ချယ်ရီ ( VOM)

 

ချင်းပြည်နယ်  တီးတိန်မြို့နယ် အတွင်းမှာရှိတဲ့ တီးတိန် – ရိ ကားလမ်းပေါ်မှာ အိမ်စီးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါသူအားလုံး သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ ဖြစ်ပွားခဲ့တယ်လို့  တီးတိန်မြို့မ ရဲစခန်းက သိရပါတယ်။

 

မနက် ၅ နာရီ အချိန်လောက်က တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၇ မိုင် ၁ ဖာလုံ နဲ့ ၇ မိုင် ၂ ဖာလုံ အကြား ကားလမ်းညာဖက်မှာ ရှိတဲ့ ပေအနက် ၆၀၀ လောက်ရှိ ချောက်ထဲ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ထိုးကျခဲ့တာ ဖြစ်ပါတယ်။

 

တိမ်းမှောက်ခဲ့တဲ့ ကားကတော့ ကားအမှတ် 6G/…… ပါရာဒို အမျိုးအစား ဖြစ်ပြီး ယာဉ်မောင်း ဦးခင်မောင်မြင့် အသက် (၆၅) နှစ် အပါအ၀င် အရှင်ဇေယနန္ဒ (၅၂) နှစ် (ဘ)ဦးစန်းအောင် ၊ဦးစံလှ (၈၂) နှစ်၊ ဒေါ်ခင်စန်းဌေး (၈၀) နှစ် တို့အားလုံး ယာဉ်တိမ်းမှောက်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ တီးတိန်မြို့မရဲစခန်းက သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တီးတိန်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး အသေးစိတ် စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ – Sia Puia Tedim

 

#voiceofmyanmar # တီးတိန်-ရိလမ်းပေါ်ကားမှောက် #အားလုံးသေဆုံး # တီးတိန် #ချင်းပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW