သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှု တရားခံတွေနဲ့ပတ်သက်နေတဲ့ သံသယဖြစ်ဖွယ် နိုင်ငံခြားသား မြန်မာနိုင်ငံထဲမှာ ရှိနေသေး

ရန်ကုန် ၊ မေ -၂၃ – ၂၀၁၉

သိင်္ဂီ(VOM)

 

သီရိလင်္ကာနိုင်ငံ ဗုံးခွဲတိုက်ခိုက်မှု တရားခံတွေနဲ့ပတ်သက်နေတဲ့ သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦး မြန်မာနိုင်ငံကို ကမ္ဘာလှည့်ဗီဇာနဲ့ ဝင်ရောက်လာပြီး ခုချိန်ထိ ပြန်လည်ထွက်ခွာမှု မရှိသေးဘူးလို့ သိရပါတယ်။

 

ဒါကြောင့်  ပြည်တွင်းမှာရှိတဲ့ ဟိုတည်၊ တည်းခိုရိပ်သာတွေမှာ ဒီနိုင်ငံခြားသား တည်းခိုနေထိုင်ခဲ့တာ ရှိမရှိ စိစစ်ပေးဖို့နဲ့ ရှိခဲ့ရင် အကြောင်းကြားပေးဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၊ ပုဂံရုံးခွဲကို ပြည်ထဲရေးကနေ စာပို့ အကြောင်းကြားထားပါတယ်။

 

” ဒီနာမည်၊ ဒီပတ်စ်ပို့နံပါတ်နဲ့လူ တည်းခိုခြင်း ရှိမရှိ ၊ရှိတယ်ဆိုရင်ပြန်ကြားပေးဖို့ စာထုတ်လိုက်တယ်။ တကယ်လို့ရှိတယ်ဆိုရင် ပြန်ကြားလာလိမ့်မယ်။ ဒါကလည်း ပုဂံမှာနေသွားတယ် ပြောတာမဟုတ်ဘူး။ ပုဂံမှာ တည်းခဲ့ရင်ဆိုပြီး ကျွန်နော်တို့က ကိုယ့်ဒေသမှာတည်းမတည်း၊ ရှိမရှိဆိုတာကိုပူးပေါင်းဆောင်ရွက်တာပါ။ မြန်မာပြည်ထဲဘယ်အချိန် ဝင်ခဲ့လဲဆိုတာတော့ မသိဘူး။” လို့ ပုဂံရုံးခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ဆိုပါတယ်။

 

လတ်တလောမှာ ဟိုတယ်နဲ့တည်းခိုခန်းတွေကို စာထုတ်အကြောင်းကြားထားပေမယ့် ပုဂံဒေသမှာတော့  ခုထိတော့ထူးခြားမှု မရှိသေးဘူးလို့ ဦးဇော်မျိုးလတ်က ပြောပါတယ်။

 

ပြည်တွင်းမှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုရိပ်သာတွေမှာ ဒီနိုင်ငံခြားသား လာရောက်တည်းခိုနေထိုင်ခဲ့ တာ ရှိမရှိကို ဟိုတယ်၊ တည်းခိုရိပ်သာတွေအနေနဲ့ စိစစ်ပြီးအကြောင်း ပြန်ပေးဖို့အတွက် ထုတ်ပြန်ချက်မှာ ထည့် သွင်းဖော်ပြထားပါတယ် ။

 

သီရိလင်္ကာ၊ ကိုလံဘိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ ဖမ်းဆီးရမိထားတဲ့ တရားခံတွေနဲ့ ဆက်စပ်ပတ်သက် သူတွေထဲက သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦးဟာ မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလထဲက ၀င်ရောက်ခဲ့ပြီး ရန်ကုန်လေဆိပ်ကနေ ပြန်လည်ထွက်ခွာမှု မရှိသေးကြောင်း စိစစ်တွေ့ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန ၊ပုဂံရုံးခွဲက မေ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။

 

ကမ္ဘာလှည့် ခရီးသည်ဗီဇာနဲ့ ရန်ကုန်လေဆိပ်ကို Jet Star လေကြောင်းလိုင်းနဲ့ ၀င်ရောက်ခဲ့တာဖြစ်ပြီး သူရဲ့နေထိုင်ခွင့်သက်တမ်း တစ်နှစ်နဲ့ နှစ်လထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ နိုင်ငံခြားသားနာမည်က Mr.Abdul Salam Irshadmohmood ဖြစ်ပြီး P.P No က N 5467645 နဲ့ အသက်က ၃၉ နှစ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်လို့ လက်ရှိမှာတော့ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကိုတော့ အကြောင်းကြားစာ မရောက်ရှိသေးဘူးလို့ သိရပါတယ်။

 

#voiceofmyanmar # သီရိလင်္ကာဗုံးခွဲ #တရားခံတွေနဲ့ပတ်သက်တယ်လို့သံသယဖြစ်နိုင်ငံခြားသား မြန်မာနိုင်ငံမှာရှိနေသေး  #ဟိုတယ်၊တည်းခိုရိပ်သာ #ပုဂံ

Related posts

Leave a Comment

VOM News

FREE
VIEW