အိန္ဒိယ ရွေးကောက်ပွဲရလဒ် ၀န်ကြီးချုပ်မိုဒီရဲ့ အာဏာရပါတီဦးဆောင်နေ

ဒေလီ၊ မေ-၂၃-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပြီး မဲရေတွက်ရာမှာတော့ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် မိုဒီရဲ့ အာဏာရ ဘီဂျေပီပါတီက ရှေ့ဆုံးကနေ ဦးဆောင်နေပါတယ်။   ၀န်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ အောင်ပွဲခံ အနိုင်ရခဲ့သလို အခုရွေးကောက်ပွဲမှာလည်း အမတ်နေရာအများစုကို ဆက်လက်ရရှိမယ့် လက္ခဏာ ရှိနေပါတယ်။   ၀န်ကြီးချုပ်မိုဒီဟာ ပြန်လည်ခေါင်းထောင်လာတဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီနဲ့ အင်အားကြီး ဒေသတွင်းပြိုင်ဘက်တွေရဲ့ ယှဉ်ပြိုင်မှုတွေကို နိုင်ငံတစ်ဝန်း ရင်ဆိုင်နေရပါတယ်။   ရက်သတ္တပတ်ခြောက်ပတ်ကြာ အိန္ဒိယ အထွေထွေရွေးကောက်ပွဲ နောက်ဆုံးအဆင့်ကို မေ ၁၉ ရက်က ကျင်းပပြီးနောက် ဆန္ဒမဲတွေကို မေ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ရှစ်နာရီမှာ စတင်ရေတွက်နေတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ၀န်ကြီးချုပ်မိုဒီအတွက်တော့ ဆန္ဒခံယူပွဲတစ်ရပ်အဖြစ်…

Read More

တရားမဝင်ကုန်စည် ဖမ်းဆီးရမိမှု ကျပ်ကိုးဘီလီယံကျော် အထိရရှိထား

ရန်ကုန်၊ မေ – ၂၃ – ၂၀၁၉ သူရိန်​ (VOM)   တိုင်းနဲ့ပြည်နယ် ကိုးခုမှာ ဖွဲ့စည်းထားတဲ့ တရားမဝင် ကုန်စည်တားဆီးနှိမ်နင်းရေး အထူးအဖွဲ့​တွေရဲ့ဖမ်းဆီးရမိမှုအနေနဲ့ ဒီနှစ်​ ဧပြီလအထိ ကျပ် ၉ ဒသမ ၁၁၃ ဘီလီယံ အထိရရှိထားတယ်​လို့ သိရပါတယ်​။   ပြည်တွင်း အသေးစားနဲ့အလတ်စား လုပ်ငန်းတွေဟာ ပြည်ပက တရားမဝင် ဝင်ရောက်လာတဲ့ ကုန်စည်တွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ဖို့ အခက်အခဲရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးပေးဖို့ လုပ်ငန်းရှင်တွေက တင်ပြလာတာကြောင့် တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နှင်းရေး အထူးအဖွဲ့ ဖွဲ့စည်းပြီး နယ်စပ်ဒေသများနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုး ရအဖွဲ့တွေ ညှိနှိုင်းတိုင်ပင်ပြီး စစ်ဆေးဖမ်းဆီးနေတာဖြစ်ပါတယ်။   “အထူးသဖြင့် တိုင်းနဲ့ပြည်နယ်တွေမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အသိဆုံးပါ။ ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်မြို့နယ်မှာ တရားမဝင်ကုန်စည် ဝင်ရောက်နေတယ်ဆိုတာ…

Read More

တရုတ်သို့ သကြားတင်ပို့ရေး အစိုးရ ဖြေရှင်းပေးစေလို

ရန်ကုန် ၊ မေ ၂၃ – ၂၀၁၉ သိင်္ဂီ (VOM)   တရုတ်နိုင်ငံကို သကြားတင်ပို့မှု ရပ်ဆိုင်းနေရတာ ကြာမြင့်နေပြီဖြစ်လို့ သကြားကုန်သည်တွေ၊ စက်ရုံတွေအပါအဝင် ကြံစိုက်တောင်သူတွေပါ အခက်တွေ့နေရတဲ့အတွက် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက တောင်းဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံဟာ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကနေတဆင့် တရားမဝင် ကုန်စည်တင်သွင်းခွင့် တားမြစ်တာကြောင့် သကြားတင်ပို့မှု ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။   “လက်ကျန်သကြားတွေကလည်း  ထားစရာ ဂိုထောင်မရှိဘူး၊ အခုနှစ်ထွက်တဲ့ သကြားတွေကလည်း နည်းနည်းမှ မရောင်းရသလောက်ဖြစ်နေတယ်၊ ဒီတော့ သကြားတွေပုံသွားတယ်၊ တရုတ်အစိုးရကနေ တရားမဝင်ကုန်စည်တွေ တင်သွင်းတာကို တားမြစ်လိုက်လို့ ခုလိုဖြစ်သွားတာ၊ သကြား တရုတ်ကို ပို့တာက တရားမဝင် ပို့ရတာဆိုတော့ သူတို့ဘက်ကလည်း သေချာစိစစ်တော့ နည်းနည်းလေးတောင် ပို့လို့မရတော့ဘူး၊ ဒီတော့ တောင်သူတွေကိုလည်း ပိုက်ဆံချမပေးနိုင်တဲ့…

Read More

ဖိလစ်ပိုင်ကိုပို့ ခဲ့တဲ့ အမှိုက်တွေ ကနေဒါနိုင်ငံ ပြန်သယ်ရတော့မယ်

အော့တ၀ါ ၊မေ-၂၃-၂၀၁၉ မျိုးဆက် (VOM)   ဖိလစ်ပိုင်နိုင်ငံကို တရားမ၀င် တင်ပို့ခဲ့တဲ့ အမှိုက်တွေကို  ဇွန်လအကုန်မှာ ကနေဒါနိုင်ငံက ပြန်လည် သယ်ယူမယ်လို့  ကနေဒါအစိုးရက မနေ့က ပြောပါတယ်။   ကနေဒါ ကုမ္ပဏီတစ်ခုက ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်တွေလို့ ဖော်ပြထားတဲ့ အမှိုက် ကုန်သေတ္တာတွေကို ၂၀၁၃ ခုနှစ်မှ  ၂၀၁၄ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။   ဒါပေမယ့်  ကုန်သေတ္တာတွေထဲမှ ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်တွေမပါဝင်ဘဲ သတ္တုအပိုင်းအစတွေ၊ နေအိမ်တွေက စွန့်ပစ်လိုက်တဲ့ အမှိုက်ပုံး အများအပြားသာ ပါဝင်နေပါတယ်။   အဲဒီ စွန့်ပစ်အမှိုက် ပျှမ်းမျှတန်ချိန် ၂၅၀၀ ကို ကနေဒါနိုင်ငံက ပြန်လည်သယ်ဆောင်ဖို့ ဖိလစ်ပိုင်အစိုးရက တောင်းဆိုခဲ့ပေမယ့်လည်း  ပြန်သယ်ဖို့အတွက် ကနေဒါအစိုးရက တွန့်ဆုတ်နေခဲ့တာ ဖြစ်ပါတယ်။   အမှိုက်တွေနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံနဲ့ စစ်ခင်းမယ်လို့…

Read More

ပြည် – အောင်လံ လမ်းမပေါ်က တိုးဂိတ်ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်

ပြည်၊ မေ – ၂၃ – ၂၀၁၉ ဂျန်ကိုးလ် (VOM)   ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ ပြည်-အောင်လံ လမ်းပေါ်က  တိုးဂိတ်ဖျက်သိမ်းရေး ဒီနေ့ မနက်က ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   မြို့အဝင်က Max Myanmar High Way တိုးဂိတ် အလိုမရှိ၊ အပြီးတိုင် ဖျက်သိမ်းပေးရေး ဗီနိုင်းပိုစတာ များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြပြီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်နဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။   “ပြည်မြို့နဲ့ထန်းပေါက်ရွာက ကပ်လျှက်ရှိတယ်။ ကျနော့်တို့ထန်းပေါက်ကျေးရွာအနီးမှာ တည်ဆောက်ထားတဲ့တိုးဂိတ်က လမ်းကြေးကို တနေ့တနေ့ဖြတ်သန်းရတဲ့ ကားတစီးကို ၃၀၀၀ မြို့၊ဝင်ကြေးက ၅၀၀ အဲလိုပေးဆောင်ရတယ်။ မက်မြန်မာရဲ့ဂိတ်တွေကနီးကပ်လွန်းပါတယ်။ ရွှေတောင်နဲ့ပြည် တိုးဂိတ်က မိုင်၂၀ ဝန်းကျင်ဘဲရှိတယ်။ အခုတိုးဂိတ်က ဘွက်ကြီးတိုးဂိတ်နဲ့ မိုင်…

Read More

စစ်ဘေးရှောင် ကလေးငယ် လေးထောင်ကျော် ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ထား

စစ်တွေ၊ မေ – ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ကလေးငယ်ပေါင်း ၄၅၀၀ ကျော် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးက သိရပါတယ်။   “လောလောဆယ်မှာ စာရင်းရရှိထားတဲ့ ကလေးတွေကိုတော့ ပညာသင်ကြားဖို့အတွက် တစ်ယောက်မှ မကျန်ရအောင် စီစဉ်ပေးသွားမှာပါ။ ကျန်တဲ့စခန်းတွေက ကလေးတွေကိုလည်း မြို့နယ်တွေက အဆက်အသွယ်ရလို့ရှိရင်တော့ ဖြည့်သွင်း သွားမှာဖြစ်ပါတယ်။ သူတို့အတွက် လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေကိုလည်း အကူအညီပေးသွားမှာဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး  ဦးစိန်ထွန်းလှက ပြောပါတယ်။   အဲ့ဒီကလေးငယ်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်ပေါင်း ၇ ခုအတွင်းက စစ်ရှောင်စခန်းပေါင်း ၇၀ နီးပါးမှာ ရောက်ရှိနေတဲ့ ပညာသင်ကျောင်းသားလေးတွေ ဖြစ်ကြပါတယ်။   “ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းအရတော့…

Read More

စစ်ကိုင်းမှာ အုပ်စုဖွဲ့ ဓါးခုတ်မှုဖြစ်

စစ်ကိုင်း   မေ၂၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM)       စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်မှာ  မေလ၂၂ရက်နေ့  ည(၁၀)နာရီခွဲအချိန်ခန့်ကလူငယ်တစ်ဦးကိုလူ ၅ဦးက အုပ်စုဖွဲ့ရိုက်နှက်ဓားနဲ့ထိုးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့လို့  အဲဒီအုပ်စုကို ဖမ်းဆီး  စစ်ဆေးနေတယ်လို့စစ်ကိုင်းမြို့မရဲစခန်းကနေသိရပါတယ်။   စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်၊(၃)လမ်းမှာ မျိုးမင်းသူ(၁၇)ကိုအမည်မသိလူတွေက ဝိုင်းဝန်းရိုက်နှက်နေသည်ကို  မျိုးမင်းသူရဲ့ ဖခင်က သွားတဲ့အချိန်မှ အမည်မသိလူများမှာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။     ဓါးထိုးခံရတဲ့သူမှာ  ဝဲဘက်နံစောင်းထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာနှစ်ချက်၊ ညာပါးပွန်းခြစ်ဒဏ်ရာများနဲ့တွေ့ရှိခဲ့ပြီးသားဖြစ်သူကိုမေးမြန်းမှဝိုင်းဝန်းရိုက်နှက်ဓားဖြင့်ထိုးသူတွေဟာ ရွာထောင်ရပ်ကမျောက်မနိုင်အဖွဲ့ဖြစ်တယ်လို့ သိရတာကြောင့် အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။   အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်ဓားဖြင့်ထိုးတဲ့ မျောက်မနိုင်အဖွဲ့ကို  ဒီနေ့ မနက်ပိုင်းအချိန်ကနယ်မြေခံရဲတပ်ဖွဲ့ကနေလိုက်လံရှာဖွေဖမ်းဆီးခဲ့တာမှာ ကောင်းမြတ်သန်း(ခ)မျောက်မနိုင်(၁၇)နှစ်၊(ဘ)ဦးမြင့်လွင်၊ ရွာထောင်အောင်သာယာရပ်ကွက်၊ ဇင်ကို(၁၉)နှစ်စိန်ကုန်းရပ်ကွက်၊ တိုးမြင့်ဝေဦး(၁၇)နှစ်ပြူကံရပ်ကွက်၊ ဝင်းကျော်ထူး(၁၆)နှစ်ပန်းဘဲတန်းရပ်ကွက်၊ မဇင်မာအေး( ၁၉)နှစ်ရွှေမင်းဝံရပ်ကွက်၊ စစ်ကိုင်းမြို့တို့ကိုဖမ်းဆီးမိထားတယ်လို့ စစ်ကိုင်းမြိုမရဲစခန်းကနေ သိရပါတယ်။   ဝိုင်းဝန်းရိုက်နှက် ဓားနဲ့ ထိုးခံခဲ့ရသူမျိုးမင်းသူကတော့ စစ်ကိုင်းဆေးရုံကိုပို့ခဲ့ပေမယ့် ဒဏ်ရာအခြေအနေ စိုးရိမ်ရတဲ့အတွက် မန္တလေးဆေးရုံကြီးကို လွှဲပြောင်းကုသထားရတယ်လို့ မျိုးမင်းသူရဲ့ မိဘတွေကပြောပါတယ်။     အဲ့ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး အုပ်စုဖွဲ့ ရိုက်နှက်ခဲ့တဲ့ ကောင်းမြတ်သန်း(ခ)မျောက်မနိုင်နဲ့ အပေါင်းပါငါးဦးကို ဖမ်းဆီးစစ်ဆေးနေပြီးစစ်ကိုင်းမြို့မရဲစခန်းမှာ…

Read More

ဧရာဝတီမြစ်ထဲ  ရေဆင်းချိုးရာကနေ  ကလေးငယ်တစ်ဦးရေနစ်သေဆုံး

စစ်ကိုင်းမေ၂၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်လေးကျွန်းမာန်အောင်စေတီတော်ရှေ့ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာကနေ  ကလေးငယ်တစ်ဦးရေနစ်သေဆုံးမှုမေ၂၂နေ့  ည၇နာရီကျော်ခန့်အချိန်ကဖြစ်ပွားခဲ့ပါတယ်။   ရေနစ်သေဆုံးသူဟာ  စစ်ကိုင်းမြို့၊ဇေယျာကွက်သစ်ရပ် သစ္စာပါရမီချောင်မှာနေတဲ့မောင်ဇင်ဖြိုး(၁၃) နှစ်ဖြစ်ပြီး  တခြားကစားဖေါ်တွေနဲ့အတူ ရေချိုးရာကနေ   ရေနစ်သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။   ရေနစ်သေဆုံးသူရဲ့အလောင်းကိုရှာဖွေဖို့အတွက်ဒေသခံပြည်များနဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်း(SERT RESUCE )အဖွဲ့တို့ကရှာဖွေဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။   #voiceofmyanmar #စစ်ကိုင်း  #ရေနစ်သေဆုံး #ဇေယျာကွက်သစ်  

Read More

အီရန်နဲ့ တင်းမာနေစဉ် အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ငါးထောင် စေလွှတ်ရန် ပင်တဂွန် စဉ်းစားနေ

ဝါရှင်တန်၊ မေ-၂၃-၂၀၁၉ မျိုးဆက် (VOM)   အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုတွေ မြင့်တက်နေစဉ်မှာ  အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ ထပ်မံစေလွှတ်ရေး အမေရိကန်စစ်ဘက်ရဲ့ တောင်းဆိုမှုတစ်ရပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေတယ်လို့ အမေရိကန် တာဝန်ရှိသူနှစ်ဦးက မေ ၂၂ ရက်မှာ ပြောပါတယ်။   အီရန်ရဲ့ ရေနံတင်ပို့မှုကို လုံးဝမရှိအောင် ကြိုးစားဖို့ ဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့  အီရန်က ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုပြီး ပင်လယ်ကွေ့ဒေသမှာ အမေရိကန်စစ်အင်အား တိုးမြင့်ချထားပြီးနောက် အီရန်နဲ့ အမေရိကန်တို့အကြား အပြန်အလှန်တင်းမာမှုတွေ ယခုလအတွင်း ပိုမိုမြင့်တက်နေပါတယ်။   အရှေ့အလယ်ပိုင်းကို တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ဖို့ အတွက် အမေရိကန်ဗဟိုစစ်ဌာနချုပ်က တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီ တောင်းဆိုချက်ကို ပင်တဂွန်စစ်ဌာနချုပ်က ခွင့်ပြုနိုင်ခြင်း ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့  အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။   အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့  …

Read More

သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှု တရားခံတွေနဲ့ပတ်သက်နေတဲ့ သံသယဖြစ်ဖွယ် နိုင်ငံခြားသား မြန်မာနိုင်ငံထဲမှာ ရှိနေသေး

ရန်ကုန် ၊ မေ -၂၃ – ၂၀၁၉ သိင်္ဂီ(VOM)   သီရိလင်္ကာနိုင်ငံ ဗုံးခွဲတိုက်ခိုက်မှု တရားခံတွေနဲ့ပတ်သက်နေတဲ့ သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ်ဦး မြန်မာနိုင်ငံကို ကမ္ဘာလှည့်ဗီဇာနဲ့ ဝင်ရောက်လာပြီး ခုချိန်ထိ ပြန်လည်ထွက်ခွာမှု မရှိသေးဘူးလို့ သိရပါတယ်။   ဒါကြောင့်  ပြည်တွင်းမှာရှိတဲ့ ဟိုတည်၊ တည်းခိုရိပ်သာတွေမှာ ဒီနိုင်ငံခြားသား တည်းခိုနေထိုင်ခဲ့တာ ရှိမရှိ စိစစ်ပေးဖို့နဲ့ ရှိခဲ့ရင် အကြောင်းကြားပေးဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၊ ပုဂံရုံးခွဲကို ပြည်ထဲရေးကနေ စာပို့ အကြောင်းကြားထားပါတယ်။   ” ဒီနာမည်၊ ဒီပတ်စ်ပို့နံပါတ်နဲ့လူ တည်းခိုခြင်း ရှိမရှိ ၊ရှိတယ်ဆိုရင်ပြန်ကြားပေးဖို့ စာထုတ်လိုက်တယ်။ တကယ်လို့ရှိတယ်ဆိုရင် ပြန်ကြားလာလိမ့်မယ်။ ဒါကလည်း ပုဂံမှာနေသွားတယ် ပြောတာမဟုတ်ဘူး။ ပုဂံမှာ တည်းခဲ့ရင်ဆိုပြီး ကျွန်နော်တို့က ကိုယ့်ဒေသမှာတည်းမတည်း၊ ရှိမရှိဆိုတာကိုပူးပေါင်းဆောင်ရွက်တာပါ။ မြန်မာပြည်ထဲဘယ်အချိန် ဝင်ခဲ့လဲဆိုတာတော့ မသိဘူး။” လို့ ပုဂံရုံးခွဲရဲ့…

Read More
VOM News

FREE
VIEW