အိန္ဒိယ ရွေးကောက်ပွဲရလဒ် ၀န်ကြီးချုပ်မိုဒီရဲ့ အာဏာရပါတီဦးဆောင်နေ

ဒေလီ၊ မေ-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပြီး မဲရေတွက်ရာမှာတော့ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် မိုဒီရဲ့ အာဏာရ ဘီဂျေပီပါတီက ရှေ့ဆုံးကနေ ဦးဆောင်နေပါတယ်။

 

ဝန်ကြီးချုပ် မိုဒီရဲ့ ဘီဂျေပီပါတီဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ အောင်ပွဲခံ အနိုင်ရခဲ့သလို အခုရွေးကောက်ပွဲမှာလည်း အမတ်နေရာအများစုကို ဆက်လက်ရရှိမယ့် လက္ခဏာ ရှိနေပါတယ်။

 

ဝန်ကြီးချုပ်မိုဒီဟာ ပြန်လည်ခေါင်းထောင်လာတဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီနဲ့ အင်အားကြီး ဒေသတွင်းပြိုင်ဘက်တွေရဲ့ ယှဉ်ပြိုင်မှုတွေကို နိုင်ငံတစ်ဝန်း ရင်ဆိုင်နေရပါတယ်။

 

ရက်သတ္တပတ်ခြောက်ပတ်ကြာ အိန္ဒိယ အထွေထွေရွေးကောက်ပွဲ နောက်ဆုံးအဆင့်ကို မေ ၁၉ ရက်က ကျင်းပပြီးနောက် ဆန္ဒမဲတွေကို မေ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ရှစ်နာရီမှာ စတင်ရေတွက်နေတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ၀န်ကြီးချုပ်မိုဒီအတွက်တော့ ဆန္ဒခံယူပွဲတစ်ရပ်အဖြစ် ရှုမြင်ထားကြပါတယ်။

 

ပါတီ ဒါမှမဟုတ် ညွှန့်ပေါင်းအဖွဲ့ဟာ အစိုးရတစ်ရပ် ဖွဲ့နိုင်ဖို့အတွက် ပါလီမန်အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာမှာ ၂၇၂ နေရာအနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲမှာတော့ ဘီဂျေပီပါတီဟာ အမတ်နေရာ ၂၈၂ နဲ့ နှစ်ပေါင်း သုံးဆယ်အတွင်း ဘယ်ပါတီမှ မရခဲ့ဖူးတဲ့ အောင်မြင်မှုရရှိခဲ့ပြီး သူ့ရဲ့ အခြားမဟာမိတ်တွေနဲ့ ပေါင်းလိုက်ရင် ပါလီမန်မှာ အမတ်နေရာ ၃၃၆ နေရာအထိ ရရှိခဲ့ပါတယ်။

Ref : BBC

Photo : Reuters

#voiceofmyanmar # ရွေးကောက်ပွဲရလဒ်ဝန်ကြီးချုပ်မိုဒီပါတီဦးဆောင်နေ #အိန္ဒိယ #ဒေလီ

Related posts

✕
VOM News

FREE
VIEW