ဗင်နီဇွဲလားမှာ ထောင်ဖောက်မှုဖြစ်၊ အကျဉ်းသား ၂၉ ဦးသေဆုံး

ကရာကတ်၊ မေ-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

ဗင်နီဇွဲလားနိုင်ငံ ရဲဌာနချုပ်တစ်ခုအတွင်းက အကျဉ်းထောင်တစ်ခုမှာ ထောင်ဖောက်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့နဲ့က ထိမ်းချုပ်ဖို့ကြိုးစားရာမှာ အကျဉ်းသား၂၉ ဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

အကျဉ်းသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားရာမှာ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ရေးရာ လုံခြုံရေး အကြီးအကဲ အော်စကာဗာလီရိုက ပြောပါတယ်။

 

အကြီးအကျယ်ထောင်ဖောက်နေတဲ့ဖြစ်စဉ်တခုကို အထူးရဲတပ်ဖွဲ့ဝင်တွေက ရပ်တန့်ဖို့ကြိုးစားချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

 

ထောင်ဖောက်မှုဖြစ်ပွားခဲ့တဲ့ အကာရီဂွါရှိ အကျဉ်းထောင်ဟာ အကျဉ်းသား ၂၅၀ ဦးသာထားရှိဖို့ တည်ဆောက်ထားတာဖြစ်ပေမယ့် လက်ရှိမှာတော့ အကျဉ်းသား ၅၄၀ အထိရှိတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။

 

မေ ၂၄ ရက်မှာဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်တဲ့ဖြစ်စဉ်မှာတော့ အကျဉ်းသားမှာ လက်နက်တွေရှိနေပြီး သေနတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့သလို လက်ပစ်ဗုံးနှစ်လုံးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ မစ္စတာ ဗာလီရိုကပြောပါတယ်။

 

Ref: BBC

Photo : Reuters

#voiceofmyanmar #ဗင်နီဇွဲလားမှာထောင်ဖောက်မှုဖြစ် #အကျဉ်းသား၂၉ ဦးသေဆုံး # ကရာကတ်

Related posts

Leave a Comment

VOM News

FREE
VIEW