အိန္ဒိယမှာ အဆောက်အဦးတခု မီးလောင်လို့ ကျောင်းသား ၁၉ ဦးသေဆုံး

ဒေလီ၊ မေ-၂၅-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမှာ အဆောက်အဦးတခု မီးလောင်ကျွမ်းမှုဖြစ်ပွားလို့ အဲဒီအဆောက်အဦးမှာ ကျူရှင်သင်နေတဲ့ ကျောင်းသားကျောင်းသူ ၁၉ ဦးထက်မနည်း သေဆုံးသွားပါတယ်။   အိန္ဒိယနိုင်ငံ အနောက်ပိုင်းက ဆူရက်မြို့မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ အဆောက်အဦး ပြတင်းပေါက်တွေကနေ အနက်ရောင်မီးခိုးလုံးတွေ ထွက်လာချိန်မှာ အခန်းထဲက စာသင်နေသူတွေဟာ အဆောက်အဦးပေါ်ကနေ ခုန်ချတာတွေလုပ်ခဲ့သလို ပြုတ်ကျတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။   သေဆုံးသူအများစုဟာ ကျူရှင်စင်တာတခုမှာ လာရောက်သင်ကြားနေတဲ့ ဆယ်ကျော်သက် တွေဖြစ်ကြပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်းမသိရသေးပါဘူး။   မီးလောင်လွယ်တဲ့ အမိုးပြားတွေကြောင့် အခန်းဖွဲ့ထားတဲ့ စာသင်ခန်းတွေဆီကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကြောင့် လူ ၂၀ ဦးလည်း ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ဂူဂျာရက်ဆေးရုံမှာ ကုသနေရပါတယ်။   သေဆုံးသူတွေအားလုံးဟာ အသက် ၂၀ နှစ်အောက်အရွယ်တွေဖြစ်ပြီး အခန်းရဲ့ လှေကားအနီးမှာ…

Read More

ဗင်နီဇွဲလားမှာ ထောင်ဖောက်မှုဖြစ်၊ အကျဉ်းသား ၂၉ ဦးသေဆုံး

ကရာကတ်၊ မေ-၂၅-၂၀၁၉ မျိုးဆက် (VOM)   ဗင်နီဇွဲလားနိုင်ငံ ရဲဌာနချုပ်တစ်ခုအတွင်းက အကျဉ်းထောင်တစ်ခုမှာ ထောင်ဖောက်မှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့နဲ့က ထိမ်းချုပ်ဖို့ကြိုးစားရာမှာ အကျဉ်းသား၂၉ ဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   အကျဉ်းသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားရာမှာ ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ရေးရာ လုံခြုံရေး အကြီးအကဲ အော်စကာဗာလီရိုက ပြောပါတယ်။   အကြီးအကျယ်ထောင်ဖောက်နေတဲ့ဖြစ်စဉ်တခုကို အထူးရဲတပ်ဖွဲ့ဝင်တွေက ရပ်တန့်ဖို့ကြိုးစားချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။   ထောင်ဖောက်မှုဖြစ်ပွားခဲ့တဲ့ အကာရီဂွါရှိ အကျဉ်းထောင်ဟာ အကျဉ်းသား ၂၅၀ ဦးသာထားရှိဖို့ တည်ဆောက်ထားတာဖြစ်ပေမယ့် လက်ရှိမှာတော့ အကျဉ်းသား ၅၄၀ အထိရှိတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။   မေ ၂၄ ရက်မှာဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်တဲ့ဖြစ်စဉ်မှာတော့ အကျဉ်းသားမှာ လက်နက်တွေရှိနေပြီး သေနတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့သလို လက်ပစ်ဗုံးနှစ်လုံးနဲ့လည်း…

Read More

အမေရိကန် သဘောထားမပြောင်းရင် နျူဆွေးနွေးပွဲတွေ လုံးဝပြန်မလုပ်ဘူးလို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ မေ-၂၅-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်တာဟာ အမေရိကန်ရဲ့ ရပ်တည်ချက် သဘောထားဟာ နိုင်လိုမင်းထက်ဆန်ပြီး မရိုးသားတာကြောင့်လို့ မေ ၂၄ ရက်မှာ မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက် ပုံစံမပြောင်းဘူးဆိုရင်  နျူကလီးယားဆွေးနွေးပွဲတွေကို လုံးဝ ပြန်စမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။   ဖေဖော်ဝါရီလအတွင်းက ဟနွိုင်းမှာပြုလုပ်ခဲ့တဲ့ ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားရတာနဲ့ပတ်သက်ပြီး အမေရိကန်ဟာ လုံးဝမသက်ဆိုင်တဲ့  ပြသနာတစ်ရပ်ဖန်တီးပြီး မြောက်ကိုရီးယားကို အပြစ်ဖို့စေဖို့ ကြိုးစားနေတယ်လို့  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဦးက စွပ်စွဲပြောဆိုပါတယ်။   ဟနွိုင်းမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ရတာရဲ့ အခြေခံအကြောင်းရင်းက အမေရိကန်ရဲ့ နိုင်လိုမင်းထက်ပြုပြီး မရိုးသားတာကြောင့်ဖြစ်ပြီး လုံးဝမဖြစ်နိုင်တာတွေကို တောင်းဆိုတာထက် အခြားနည်းလမ်းတစ်ခုနဲ့…

Read More

ပြည်တိုင်းရင်းဆေးရုံမှာ လူနာများလာတဲ့အတွက် ကုတင်မလုံလောက်

ပြည်၊ မေ-၂၅ – ၂၀၁၉ ဂျန်ကိုးလ် (VOM)   ပြည်မြို့မှာရှိတဲ့ တိုင်းရင်းဆေး ဆေးရုံမှာ အပူကြောင့်ဖြစ်တဲ့ရောဂါနဲ့ လာရောက်တဲ့ လူနာများလာတဲ့အတွက်  ဆေးရုံကုတင် မလုံလောက်မှုတွေ ဖြစ်နေတယ်လို့ အဲဒီဆေးရုံကနေ သိရပါတယ်။   “ဆေးရုံမှာက ကုတင်အစိတ်အပြင် အရံကုတင်လေးတွေရှိတယ်။ အဲ့ဒီကုတင်တွေနဲ့ထားရသလို အချို့နေရာမှာ အဆင်ပြေအောင် စီစဉ်ပေးပါတယ်။ နောက်ပိုင်း ခုတင် ငါးဆယ်ဖြစ်လာရင်တော့ လူနာတွေပိုပြီး အားကိုးအားထား ပြုနိုင်တာပေါ့။” လို့ အဲဒီဆေးရုံရဲ့ ဆေးရုံအုပ်ကြီး သမားတော် ဦးအောင်စိုးလွင်က ပြောပါတယ်။   အဲဒီဆေးရုံဟာ ကုတင် ၂၅ ယောက်ဆံ့ဖြစ်နေပေမယ့် လက်ရှိမှာ တနေ့ကို လူနာပေါင်း ၅၀ ကနေ ၁၀၀ အထိ လာရောက် ကုသမှုခံယူနေကြတာကြောင့် ကုတင်မလုံလောက်မှုတွေဖြစ်နေတာပါ။ ကနဦးက အဆောက်အဦးကို တိုးချဲ့ဆောက်လုပ်ဖို့ အထက်အဆင့်ဆင့်ကိုတင်ပြရန် စီစဉ်ခဲ့ပေမယ့် မြေဧက ကျဉ်းတာကြောင့်…

Read More

နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရကို ထိုးနှက်မှုမလုပ်ဖို့ လူမှုရေးဝန်ကြီးပြော

စစ်တွေ၊ မေ ၂၅-၂၀၁၉ ခိုင်လင်းစံ (VOM)   နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေကို စေတနာရှိရှိနဲ့ကူညီမယ်ဆိုလို့ရှိရင် ကူညီလို့ရပြီး အစိုးရကိုထိုးနှက်မှုတွေမလုပ်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောပါတယ်။   “သူတို့တကယ် ရခိုင်ပြည်သူတွေကို အကူအညီပေးချင်ရင် အချိန်မရွေးထောက်ပံ့ပေးလို့ ရပါတယ်။ သွားခွင့်မရတဲ့ နေရာတွေကိုတော့ အစိုးရပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲဖြစ်ဖြစ် ထောက်ပံ့ပေးပေါ့။ အစိုးရကို မယုံတဲ့အတွက် မပေးဘူးဆိုတာကတော့ ဒါသက်သက်ထိုးနှက်တာပဲဖြစ်တယ်။ သူတို့တွေက ဘင်္ဂါလီကိစ္စမှာလည်း ဒါမျိုးတွေကြုံရတယ်။ အစိုးရကို ထိုးနှက်မှုတွေ မလုပ်ကြဖို့လိုပါတယ်။”လို့ ဒေါက်တာချမ်းသာက ပြောတာပါ။   ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးရေးကိစ္စတွေမှာ အစိုးရကတားဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် ထောက်ပံ့ကူညီပေးမှုတွေ မလုပ်နိုင်တာ ဖြစ်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ INGO တွေရဲ့ ပြောဆိုမှုတွေအပေါ် ခုလိုပြောကြားခဲ့တာပါ။   NGO/INGO တွေအနေနဲ့  အဲ့ဒီနေရာတွေကို…

Read More
VOM News

FREE
VIEW