မြေပုံ၊ မေ ၃၁-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း ခရီးသည်တင်ကားတစီး ဒီနေ့ညနေ ၅ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီကားဟာ စစ်တွေကနေ ရန်ကုန်ကို ခရီးသည်တွေနဲ့ ပြေးဆွဲလာခဲ့တဲ့တာဖြစ်ပြီး မြေပုံမြို့နယ်ကို ဖြတ်သန်းနေချိန်မှာ အခုလို မိုင်းခွဲခံလိုက်ရတာ ဖြစ်ပါတယ်။ “မိုင်းထိတာက ရွှေမန်းရတနာကားပါ။ ခရီးသည်တင်ကား ဖြစ်ပါတယ်။ အဲ့ဒီကားကရှေ့က ကျွန်တော်တို့က နောက်က ကားပါ။ နည်းနည်းတော့ လှမ်းတယ်။ ပေါက်သံကိုတော့ အကျယ်ကြီးကြားလိုက်ရတယ်။ ကားကပျက်စီးသွားတာပေါ့။ လူတော့မထိခိုက်ဘူး။”လို့ ခရီးသည် ဦးသန်းမောင်က ပြောပါတယ်။ ပေါ်ကွဲမှုကြောင့် ကားရဲ့ညာဘက်နောက်ဘီးနဲ့ အစိပ်အပိုင်းတချို့ပျက်စီးသွားပေမယ့် ခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့အတွက် ကားပေါ်မှာပါလာတဲ့ခရီးသည်တွေကိုတော့ နောက်ကားတစီးနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ #voiceofmyanmar #ခရီးသည်တင်ကားတစီးမိုင်းခွဲခံရ #ရခိုင် #မြေပုံ
Read MoreDay: May 31, 2019
တရားမဝင်ရွှေတူးဖော်မှုတွေ ပပျောက်ဖို့ ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထား
စစ်ကိုင်း၊ မေ – ၃၁ – ၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးဒေသမှာ တရားမဝင်ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ပပျောက်ဖို့အတွက် ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သိရပါတယ်။ “ခန္တီးဒေသ အထက်ပိုင်းမှာ တရားမဝင်ရွှေတူးတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ အဲဒါကြောင့် အဲဒီဒေသမှာ ကျနော် တာဝန်ထမ်းဆောင်စဉ်ကတည်းကပဲ ဆန်နဲ့ဆီ သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့် ထိန်းချုပ်ရတာလည်းဆိုတော့ အဲဒီမှာ တရားမဝင်လုပ်ငန်းတွေ၊ တရားမဝင်ရွှေတူးတာတွေ အဲဒီလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောပါတယ်။ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မနေ့ မေ ၃၀ ရက်က ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တတိယ (၁) နှစ်တာ ကာလအတွင်းပြုပြင်ပြောင်းလဲတိုးတက်မှုတွေနဲ့ပက်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ…
Read Moreနျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်ကနေ ရုရှားနှုတ်ထွက်တော့မယ်
မော်စကို၊ မေ-၃၁-၂၀၁၉ မျိုးဆက် (VOM) စစ်အေးကာလပြီးကတည်းက စတင်သက်ဝင်ခဲ့တဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး စာချုပ်ကနေ ရုရှားနိုင်ငံ နှုတ်ထွက်မယ့် ဥပဒေကြမ်းတရပ်ကို သမ္မတ ဗလာဒီမာပူတင်က ရုရှားပါလီမန်ကို မေ ၃၀ ရက်မှာ တင်သွင်းလိုက်ပါတယ်။ တာလတ်ပစ်နျူကလီယားစာချုပ် (အိုင်အင်န်အက်ဖ်) ကနေ ဖေဖော်ဝါရီလမှာ အမေရိကန်က နှုတ်ထွက်ပြီးနောက် အဲဒီစာချုပ်ကနေ ကိုယ်တိုင်နှုတ်ထွက်မယ့် ဥပေဒကြမ်းကို ပူတင်က ပါလီမန်ကို တင်သွင်းလိုက်တာဖြစ်ပါတယ်။ လိုအပ်တယ်လို့ ယူဆပါက အိုင်အင်န်အက်ဖ် စာချုပ်ကိုပြန်လည် ၀င်ရောက်နိုင်မယ့် ရုရှားသမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ခွင့်ပြုပေးထားတဲ့ ပြဌာန်းချက်တခုလည်း အဲဒီ ဥပဒေကြမ်းမှာ ပါဝင်နေပါတယ်။ ရုရှားနိုင်ငံဟာ စာချုပ်ကိုချိုးဖောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲပြောဆိုပြီး ရက် ၆၀ အတွင်း ရုရှားက စာချုပ်ကို လိုက်နာမှုမရှိဘူးဆိုရင် သဘောတူစာချုပ်ကနေ အမေရိကန်နှုတ်ထွက်မယ်လို့…
Read Moreလုံခြုံရေးကြောင့်ဆိုပြီး စစ်တွေမြို့မရဲစခန်းအနီးက ဆိုင်ခန်းတွေကို ဖယ်ရှားခိုင်း
စစ်တွေ၊ မေ ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့လမ်းမကြီးပေါ်က မြို့မရဲစခန်းရဲ့ အပြင်ဘက် ပတ်လည်မှာရှိနေတဲ့ ဈေးဆိုင်ခန်းတွေကို လုံခြုံးရေးကြောင့်ဆိုပြီး ဖယ်ရှားခိုင်းနေတာ ဖြစ်ပါတယ်။ “စာထုတ်တာကတော့ ၈ လပိုင်းလောက်က ထင်ပါတယ်။ မမှတ်မိတော့ဘူးဗျ။ အဲ့ဒီတုန်းက ကျနော်တို့ကို ပြောတာက ခြံစည်းရိုးခတ်မယ်၊ ဖယ်သင့်ရင်ဖယ်ပေးရမယ်လို့ ပြောတာပေါ့။ အခုနောက်ပိုင်းမှာတော့ လုံခြုံးရေးအရဖယ်ရှားတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။”လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးသာမြင့်က ပြောပါတယ်။ အဲ့ဒီဈေးဆိုင်ခန်းတွေရှိတဲ့နေရာဟာ ရဲစခန်းပိုင်မြေနေရာဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကနေ ရဲတပ်ဖွဲ့ကဆောက်လုပ်ပြီး ငှားရမ်းထားခဲ့တာ ဖြစ်ပါတယ်။ အရင်က ရဲဌာနအနနဲ့ ရံပုံငွေရရှိရေးအတွက် ငှားရမ်းပေးခဲ့တာဖြစ်ပေမယ့် အခုလက်ရှိမှာတော့ ဒေသအခြေအနေအရ လုံခြုံရေးစိုးရိမ်ရတာကြောင့် အခုလိုဖယ်ရှားခိုင်းရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ခုလိုဖယ်ရှားခိုင်းတာနဲ့ပတ်သက်လို့ ဈေးဆိုင်ပိုင်ရှင်တွေဘက်က ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်၊…
Read Moreအမေရိကန်နဲ့ ဆွေးနွေးပွဲ မအောင်မြင်လို့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတွေ ကွပ်မျက်ခံရ
ဆိုးလ်၊ မေ-၃၁-၂၀၁၉ မျိုးဆက် (VOM) ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့အတွက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အမေရိကန်ဆိုင်ရာ အထူးကိုယ်စားလှယ် ကင်ဟုတ်ချောတို့ကို မြောက်ကိုရီးယားက ကွပ်မျက်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းဌာနက တခုက မေ ၃၁ ရက်မှာ ဖော်ပြပါတယ်။ သူတို့ဟာ အဲဒီထိပ်သီးဆွေးနွေးပွဲအတွက် လုပ်ငန်းဖော်ဆောင်ရေးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲ ပျက်ပြားပြီး မအောင်မြင်တဲ့အတွက် တာဝန်ရှိတယ်ဆိုပြီး ကွပ်မျက်ခံလိုက်ရတာပါ။ ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ အတူဆောင်ရွက်ခဲ့တဲ့ မြောက်ကိုရီးယား အထူးကိုယ်စားလှယ် ကင်ယုံချောကိုလည်း ရာထူးကနေထုတ်ပယ်ပြီး အဓမ္မခိုင်းစေတာတွေနဲ့ အယူဝါဒဆိုင်ရာ ပညာပေးတာတွေ လုပ်ခဲ့တယ်လို့ ချိုဆန်အယ်ဘို သတင်းစာက ဖော်ပြပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဒီပြည်မှာ မငြိမ်သက်မှုတွေနဲ့ မကျေနပ်မှုတွေကို အာရုံလွှဲစေဖို့အတွက်…
Read Moreအရပ်သားများ ထိခိုက်သေဆုံးမှု ANP အစီရင်ခံစာထုတ်ပြန်
စစ်တွေ၊ မေ ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးနေရမှုနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ စုံစမ်းရေးကော်မရှင်က လေ့လာရေးသားထားတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ “မတရားဖမ်းဆီးခံရမှုတွေ၊ ဖမ်းဆီးခံရင်းနဲ့ သေဆုံးသွားရတဲ့ကိစ္စတွေ၊ ရခိုင်တွေရဲ့အသည်းနှလုံးဖြစ်တဲ့ မြောက်ဦးကို ထိခိုက်ခံရတဲ့အနေအထားတွေ စသဖြင့်၊ ပြီးတော့ နေရပ်ကိုစွန့်ပြီးတော့ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေရဲ့ လက်တွေ့ အတိဒုက္ခတွေကို အများဆုံးတိတိကျကျထင်ဟပ်ပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။”လို့ ကော်မရှင် ဥက္ကဌ ဒေါ်အေးနုစိန်က ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲမဟုတ်ဘဲနဲ့ ပစ်ခတ်လို့ ဒဏ်ရာရသေဆုံးကြမှုမှာ မြောက်ဦး၊ဘူသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်ဘက်တွေမှာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။ “ တပတ်အတွင်း တင်ပြပါဆိုတဲ့ အနေအထားကို ကျွန်မတို့က…
Read More