ခရီးသည်​တင်​ကားတ​စီး မိုင်းခွဲခံရ

မြေပုံ၊ မေ ၃၁-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​၊ မြေပုံမြို့နယ်​အတွင်း ခရီးသည်​တင်​ကားတစီး ဒီနေ့ညနေ ၅ နာရီလောက်​မှာ မိုင်းခွဲတိုက်​ခိုက်​ခံခဲ့ရတာ ဖြစ်​ပါတယ်​။ အဲ့ဒီကားဟာ စစ်​တွေကနေ ရန်​ကုန်​ကို ခရီးသည်​တွေနဲ့ ပြေးဆွဲလာခဲ့တဲ့တာဖြစ်ပြီး မြေပုံမြို့နယ်ကို ဖြတ်​သန်းနေချိန်​မှာ အခုလို မိုင်းခွဲခံလိုက်​ရတာ ဖြစ်​ပါတယ်​။

 

“မိုင်းထိတာက ရွှေမန်းရတနာကားပါ။ ခရီးသည်​တင်​ကား ဖြစ်​ပါတယ်​။ အဲ့ဒီကားကရှေ့က ကျွန်​တော်​တို့က နောက်​က ကားပါ။ နည်းနည်းတော့ လှမ်းတယ်​။ ပေါက်​သံကိုတော့ အကျယ်​ကြီးကြားလိုက်​ရတယ်​။ ကားကပျက်​စီးသွားတာပေါ့။ လူတော့မထိခိုက်​ဘူး။”လို့ ခရီးသည်​ ဦးသန်းမောင်​က ပြောပါတယ်​။

 

ပေါ်ကွဲမှုကြောင့်​ ကားရဲ့ညာဘက်​နောက်​ဘီးနဲ့ အစိပ်​အပိုင်းတချို့ပျက်​စီးသွားပေမယ့်​ ခရီးသည်​တွေ ထိခိုက်​မှုမရှိခဲ့ဘူးလို့ ပြောပါတယ်​။ မိုင်းပေါက်​ကွဲမှုဖြစ်​ပွားခဲ့အတွက်​ ကားပေါ်မှာပါလာတဲ့ခရီးသည်​တွေကိုတော့ နောက်​ကားတစီးနဲ့ ပြန်လည်ပို့ဆောင်​ပေးခဲ့တာ ဖြစ်​ပါတယ်​။

 

#voiceofmyanmar #ခရီးသည်တင်ကားတစီးမိုင်းခွဲခံရ #ရခိုင်  #မြေပုံ

Related posts

Leave a Comment

VOM News

FREE
VIEW