ဇီးကုန်း မေ ၅-၂၀၁၉ မိုးယံ (VOM) မေလ ၄ ရက်နေ့က ဇီးကုန်းမြို့နယ် ဆိတ်ဖူးကျင်းအုပ်စု ၊ ဘုရားကြီးကုန်းအုပ်စု ၊ မီးကောက်ပင်အုပ်စု စတဲ့ကျေး ရွာတွေမှာ (၄-၅-၂၀၁၉)ရက်နေ့ညနေက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့ပြီး တန်ဖိုး သိန်းတရာကျော် ဆုံးရှုံးခဲ့တယ်လို့ နတ္တလင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကနေ သိရပါတယ်။ ခုလို လေဘေးသင့်ခဲ့တဲ့ အတွက် မိသားစု တချို့ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။ လေဘေးသင့်မိသားစုတွေကို ခိုလှုံခွင့်ပေးထားတဲ့ ရတနာပုံမန္တလေးကျောင်းတိုက်က ဆရာတော် ဦးဥတ္တရကို မေးလျောက်ကြည့်တော့ `ဒီကျောင်းမှာ အိမ်ထောင်စု ၃၈၅ စု လာနေတယ် ညကတော့ ဘုန်ကြီးကိုယ်တိုင် သူတို့ကို ထမင်း ရေသန့် ကျွေးထားပါတယ် အခုမနက်တော့…
Read MoreMonth: May 2019
လေ လေ လေလားမောင်ရို့
#voiceofmyanmar #ကာတွန်းသာလှ
Read Moreဘယ်သူ့လက်ချက်လဲ
#ကာတွန်းရွှေဗိုလ် #တရားရေး
Read Moreပြည်သူ့သဘောဆန္ဒမပါဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး တင်မြှောက်လို့ သာကေတ ၃ရပ်ကွက်ပြည်သူ ထောင်ချီဆန္ဒပြ
ရန်ကုန် မေ ၄-၂၀၁၉ သစ်တော် (VOM) သာကေတမြို့နယ် အမှတ် ၃ ရန်ပြေရပ်ကွက်မှာ ပြည်သူ့သဘောဆန္ဒမပါဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး အသစ်တင်မြှောက်ခဲ့တာကြောင့် ရပ်ကွက်နေပြည်သူ ၃၀၀၀ ခန့်ဟာ ဒီနေ့ ညနေ ၃နာရီက သာကေတမြို့နယ် မြကန်သာပန်းခြံဘေးရှိ ထွေအုပ်ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အရင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ထဲမှာရှိတဲ့ စာသင်ကျောင်းအုတ်တံတိုင်းဖြိုချခဲ့မှုကြောင့် ရာထူးကထုတ်ခံရပြီး သူ့နေရာကို လူအများရဲ့ သဘောဆန္ဒမပါဘဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တင်မြှောက်ခဲ့တာလို့ ဆန္ဒပြခဲ့ကြတာလို့သိရပါတယ် “အများပြည်သူကြည်ညိုအားထားရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို မြို့နယ်ထွေအုပ်ကတာဝန်မှ ရပ်စဲတာကိုကန့်ကွက်ပါတယ် သူကိုအုပ်ချုပ်ရေးမှူးအဖြစ်ပြန်လည် ပေးအပ်စေချင်ပါတယ်”လို့ ဆန္ဒပြရာတွင်ပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။ သူတို့ ဆန္ဒထုတ်ဖော်ရာမှာ ကျွေးကြော်သံတွေအဖြစ် ၃/ ရန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းကြိုင်အားပြန်လည်ခန့်ထားရေး ၊ ၃/ရန်ပြေရပ်ကွက်အများပိုင်ဘောလုံးကွင်း မြေနေရာပိုင်ဆိုင်မှု အမှုမှန်ပေါ်ပေါက်ရေး ၊ ရန်ပြေရပ်ကွက် ဘောလုံးကွင်း အများပိုင်မြေနေရာ ကျူကျော်ထားသူများအား အလိုမရှိ ၊…
Read Moreကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေကို ရာသီဥတုဒဏ် ခိုလှုံဖို့နေရာတွေ သတ်မှတ်
ရန်ကုန် ၊ မေ ၄-၂၀၁၉ သူရိန် (VOM) ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်တွေလှိုင်းဒဏ် ၊လေဒဏ် ခိုလှုံနိုင်ဖို့ ပြည်နယ်နဲ့တိုင်း ၄ခုမှာ ရာသီဥတုဒဏ်ခိုလှုံဖို့ နေရာတွေကို ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ပေးလိုက်ပါတယ်။ ငါးဖမ်းရေယာဉ်တွေအနေနဲ့ ရာသီဥတုဒဏ် ခိုလှုံဖို့သတ်မှတ်ပေးထားတဲ့ ၁၅ နေရာမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကမင်းဂံချောင်းအတွင်း ၊ ပေါက်တောမြို့နယ်က ဖရုံဂါကျွန်း ၊ ကျောက်ဖြူမြို့နယ်က ငလပွေ့ချောင်း ၊ သံတွဲမြို့နယ်က ဆင်ခေါင်း ဆိပ်ကမ်းနဲ့ သဗြုချိုင် ၊ တောင်ကုတ်မြို့နယ်က သင်္ဘောဆိပ် ၊ ဂွမြို့နယ်က တင်တောကျေးရွာအုပ်စု ၊ အမော်ချိုင် ၊ ဧရာဝတီတိုင်းငပုတောမြို့နယ်က ဟိုင်းကြီးကျွန်းနဲ့ ပြင်ခရိုင်ချောင်းဝကျေးရွာ ၊ဘိုကလေးမြို့နယ်က ကဒုံကနိကျေးရွာ ၊ မွန်ပြည်နယ်ရေးမြို့နယ်ကဝါးကျွန်းနဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်က လောင်းလုံဘုတ်ကျွန်း၊ မြိတ်မြို့နယ်က တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်က ပြင်စဘုကျွန်းတို့ဖြစ်ပါတယ်။…
Read Moreဇီးကုန်း နတ္တလင်းမှာ လေပြင်းကြောင့် ကားလမ်း ရထားလမ်း ယာယီပိတ်
ဇီးကုန်း မေလ ၄-၂၀၁၉ မိုးယံ ( VOM) မေ ၄ရက် ဒီနေ့ညနေ ၅နာရီခွဲ အချိန်ခန့်က တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် ဇီးကုန်းမြို့နတ္တလင်းမြို့နား ရန်ကုန်-ပြည် ကားလမ်းတစ်လျောက်နဲ့ မီးရထားလမ်းတစ်လျောက် သစ်ပင်ကြီးတွေပြိုလဲပြီး လမ်းတွေပိတ်ဆို့နေလို့ ကားလမ်းလည်းပိတ်နေသလို ရန်ကုန်-ပြည် အမြန်ရထားလည်း သွားဖို့ခက်ခဲနေတာကြောင်ရ့ပ်ထားရပါတယ်။ ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်နဲ့ နတ္တလင်းမြို့နယ်ထဲက ရန်ကုန်-ပြည် ကားလမ်း တစ်လျောက်၊ ရထားလမ်းတစ်လျောက်မှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် နတ္တလင်းမြို့ မှ ကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်နားမှာ ဒီနေ့ ညနေ ၆ နာရီ ပြည်ကိုထွက်မယ့် ရန်ကုန်-ပြည် အမြန်ရထား ထွက်မရဖြစ်နေပါတယ်။ ဗီအိုအမ်က ဇီးကုန်းဘူတာ ရုံပိုင်လေး ဦးအောင်နိုင်ထွန်းကို ညဦးပိုင်း ၈ နာရီဝန်းကျင်က မေးကြည့်တော့ `သစ်ပင်က ၁၀ ပင်လောက်ရထားလမ်းပေါ် လဲကျနေတာ ကျွန်တော်တို့ ဒီကဝန်ထမ်းတွေ…
Read Moreပြည်မှာ ပထမဆုံးအကြိမ် ကရင်စာပေယဉ်ကျေးမှုသင်တန်းဖွင့်
ပြည် ၊ မေ ၄-၂၀၁၉ ဂျန်ကိုးလ် (VOM) ပဲခူးတိုင်း၊ ပြည်မြို့မှာ ကရင်စာပေသင်တန်းကို ပထမဦးဆုံးအကြိမ်အဖြစ် တလကြာ ဖွင့်လှစ်သင်ကြားမယ်လို့ ကရင်စာပေနဲ့ယဉ်ကျေးမှု့ကော်မတီကသိရပါတယ် အချိန်တလကြာမြင့်မယ့် အဲဒီသင်တန်းကို ဒီကနေ့မေလ၄ရက်နေ့မနက်ပိုင်းက ပြည် ကမ်းနားလမ်းမှာရှိတဲ့ ဘုရားကျောင်းမှာပြုလုပ်ခဲ့ပါတယ်။ “စာပေနဲ့ ယဉ်ကျေးမှုကော်မတီကလည်း မကြာခင်ကမှ ဖွဲ့စည်းထားတယ်ပေါ့နော် ပြန်ပြီးတော့မှ စုစည်းပြီးတော့ ကရင်စာပေရော ယဉ်ကျေးမှုရော စလေ့ထုံးစံတွေ ပြန်လည်ဖော်ထုတ်ဖို့ပေါ့နော် ကျမတို့အဲလိုစီစဉ်ထားတယ်ကရင်စာပေကို ပြန်ပြီးတော့ စတင် သင်ကြားမယ့် အစီအစဉ်ဖြစ်ပါတယ်”လို့ ပြည်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ နန့်သက်သက်ဝင်းကပြောပါတယ် ကရင်စာပေသင်တန်းကိုလာရောက်သင်ယူတဲ့ စောဟေဘလုထူးကတော့ “ကျနော်တို့ကိုယ်တိုင် ကရင်ဘာသာစကားကို စီကာပတ်ကုံးကျအောင် ဖတ်လည်းမဖတ်တတ်ဘူး ပြောလည်းမပြောတတ်ဘူး အခုနောက်ပိုင်း ကျနော့်နောက်က ငယ်တဲ့ကလေးတွေကို ကြည့်လို့ရှိရင် ပြောတတ်တာ ဆိုတာ အရမ်းနည်းသွားပြီး စိုးရိမ်စရာရှိတယ် အခုလို သင်တန်းတွေရှိလာတဲ့အတွက် ၀မ်းမြောက်တယ် ကျနော်တို့…
Read Moreဂျပန်ပင်လယ်ပြင်ကို တာတိုပစ်ဒုံးပျံတွေနဲ့ မြောက်ကိုရီးယား ပစ်ခတ်
ပြုံးယမ်း၊ မေ-၄-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ်ဒုံးပျံ တွေကို မေ ၃ ရက်က စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က အတည်ပြုပြောဆိုပါတယ်။ ဒုံးပျံတွေကို မြောက်ကိုရီးယား နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဟိုဒိုကျွန်းကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။ ဒီလိုစမ်းသပ်တာဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံတစ်စင်းကို မြောက်ကိုရီးယားစမ်းသပ်ပြီးနောက်ပိုင်း ပထမဆုံး ဒုံးပျံစမ်းသပ်မှုဖြစ်ပါတယ်။ ဒါ့အပြင် မဟာဗျူဟာမြောက် လက်နက်သစ်တစ်မျိုးကိုလည်း စမ်းသပ်အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြီးခဲတဲ့လမှာ ထုတ်ဖော်ပြောဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့တဲ့ ဗီယက်နမ်ထိပ်သီးဆွေးနွေးပြီးနောက်ပိုင်း ပထမဆုံး ဒုံးပျံစမ်းသပ်မှုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း တာတိုပစ်ဒုံးပျံတွေပစ်ခတ်တာဟာ မြောက်ကိုရီးယားရဲ့ ကတိက၀တ်ဖြစ်တဲ့ တာဝေးပစ်ဒုံးပျံ ဒါမှမဟုတ် နျူကလီးယားဒုံးပျံတွေ မစမ်းသပ်ဘူးဆိုတဲ့ ကတိကို…
Read Moreအရပ်သားတွေကို စစ်ဆေးတဲ့အခါ ဂျပန်ခေတ်ကလို ရွာတစ်ရွာလုံးကိုခေါ် ၊ နေပူပြင်မှာစုထားတာမျိုးတွေမလုပ်ဘဲ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း
စစ်တွေ၊ မေ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသက ပြည်သူတွေကို သံသယနဲ့စစ်ဆေးမှု တွေ ပြုလုပ်တဲ့အခါမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ကို အရေးကြီး အဆိုတစ်ရပ်အဖြစ် ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းကဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်ကျောက်တန်းကျေးရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေး ပဉ္စမနေ့မှာ အရေးကြီးအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ “သံသယနဲ့စစ်ဆေးမှုတွေကို မလုပ်နဲ့လို့ကျွန်တော်တို့က မပြောဘူး။ သံသယရှိတယ်ဆိုရင် ဖမ်းပါ၊ ဆီးပါ၊ စစ်ဆေးပါ။ ဒါပေမယ့် ဥပဒေနဲ့အညီလုပ်ဖို့ကိုပဲ ပြောတာပါ။ အခုရွာသားတွေ သေဆုံးမှုတွေရှိနေတယ်။ ထိခိုက်နစ်နာနေရတယ်။ဂျပန်ခေတ်တွေမှာလိုပဲ ရွာတစ်ရွာကိုဝင်လာလို့ရင် တစ်ရွာလုံးလာကြ ခေါ်ပြီးတော့ နေပူပြင်မှာစုထားတယ်။ ထမင်းမစားရဘူး။ ရေမသောက်ရဘူး။ ဥပဒေနဲ့အညီလုပ်ဖို့ကို ညွှန်ကြားပေးဖို့အတွက် အစိုးရကိုတိုက်တွန်းတာ ဖြစ်ပါတယ်။”လို့ အဆိုတင်သွင်းသူ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က…
Read Moreမင်းကင်း-ကလေး ခရီးသည်တင်ယာဉ်တိမ်းမှောက် လူ ၄ဦး ဒဏ်ရာရ
မင်းကင်း၊ မေ ၄ ၊၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း၊ မင်းကင်း နဲ့ ကလေး ပြေးဆွဲနေတဲ့ ရောင်နီယာဉ်လိုင်း အသင်းက ခရီးသည် ၁၃ ဦး တင်ဆောင် မောင်းနှင်လာတဲ့ ကားတိမ်းမှောက်ရာကနေ ခရီးသည် ၄ ဦး ဒဏ်ရာ ရတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ မနက် ၁၀ နာရီ အချိန်လောက် က ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းမြို့မရဲစခန်းကနေ သိရပါတယ်။ ရောင်နီယာဉ်လိုင်း ကားအသင်း က ကိုချမ်းမြေ့သူ (၂၂) နှစ် မောင်းနှင်လာတဲ့ ကားဟာဆိုရင် မင်းကင်းမြို့နဲ့ မြို့မကျေးရွာ မိုင်တိုင်အမှတ် ၁၂၁ နဲ့ ၁၂၂ အကြား တောင်ကုန်းအတက်မှာ စလစ်ဖြစ်ပြီး နောက်ပြန်လျောကျရာကနေ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဒီလိုတိမ်းမှောက်တာကြောင့် ကားပေါ်ပါ ခရီးသည် ၁၃ ဦးထဲကနေ…
Read More