ကလေး မေ ၃၊ ၂၀၁၉ မိုင်ချယ်ရီ- ( VOM) စစ်ကိုင်းတိုင်း ကလေးမြို့နယ် အတွင်းမှာရှိတဲ့ တွင်းရေတွေ ခမ်းခြောက်ပြီး သောက်သုံးရေ ရှားပါးတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရခြင်းက ရာသီဥတု ပုံမမှန်တာကြောင့် ဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ကလေးခရိုင်ရုံးရဲ့ ခရိုင်ဦးစီးအရာရှိ ဦးတင်စိုး က သုံးသပ် ပြောကြားလိုက်ပါတယ်။ ကလေးခရိုင် မိုးလေ၀သ နှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရုံး ရဲ့ ကလေးမြို့အတွက် နေ့အပူချိန်တွေကို တွက်ချက်ထားတဲ့ အချက်အလက်တွေ အရ ဒီနှစ် ဧပြီလ မှာ ဆိုရင် ၈ ရက်ဆက်တိုက် နေ့အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်လွန်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို နေ့ရက်ဆက်တိုက် နေ့အပူချိန်တွေ ပူပြင်းခဲ့တဲ့ အပြင် မိုးရွာသွန်းမှုဟာဆိုရင်…
Read MoreMonth: May 2019
ပါကစ္စတန်မှာ လူ ၉၀ ကျော် အိပ်ခ်ျအိုင်ဗီ ကူးစက်အောင်လုပ်တဲ့ ဆရာဝန်ကို ဖမ်းဆီး
ကရာချီ ၊ မေ-၃-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်နိုင်ငံမှာ ကလေးငယ် ၆၅ ဦးအပါအ၀င် လူပေါင်း ၉၀ ကျော်ကို အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်အောင် မသန့်ရှင်းတဲ့ ဆေးထိုးအပ်ပြွန်အသုံးပြုခဲ့တဲ့ ဆရာဝန်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေက မေ ၃ ရက်မှာပြောပါတယ်။ ဒီလို အိပ်ခ်ျအိုင်ဗီကူးစက်ခံရတဲ့ ဖြစ်စဉ်ဟာ လာကာနာမြို့ တောင်ဘက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ တိုင်ကြားချက်အရ ဆရာဝန်ကိုဖမ်းဆီးလိုက်တယ်လို့ ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ခမ်ရန်နာဝပ်ဇ်က ပြောပါတယ်။ အဲဒီဆရာဝန်မှာလည်း အိပ်ခ်ျအိုင်ဗီ ကူးစက်ခံထားရတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ မြို့ဆင်ခြေဖုံးမှာနေတဲ့ကလေးငယ် ၁၈ ဦးမှာ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်ခံနေရတာကို ပြီးခဲ့တဲ့ အပတ်က စစ်ဆေးတွေ့ရှိပြီးနောက် အာဏာပိုင်တွေက ပထမဆုံးအကြိမ် သတိပေးခဲ့ပြီး ကျန်းမာရေးတာဝန်ရှိသူတွေက ချက်ချက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ လူကိုးဆယ်ကျော်မှာ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်ခံနေရတာကို…
Read Moreအပစ်ခတ်ရပ်စဲရေးကာလတိုးပြီး ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာသင့်တော်တယ်လို့ RCSS ထုတ်ပြန်
မေ ၃-၂၀၁၉ သစ်တော် (VOM) ရှမ်းပြည်လည်ထူးထောင်ရေးကောင်စီ (RCSS) က တပ်မတော်ကနေ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကာလ ထပ်မံတိုးမြှင့်တာနဲ့ပတ်သတ်ပြီး ကြိုဆိုကြောင်းကို မနေ့ မေလ ၂ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃၀ရက်မှာ အပစ်အခတ် ရပ်စဲရေး ကာလကို ဇွန်လ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့တာနဲ့ပတ်သက်ပြီး VOM ဆက်သွယ်မေးမြန်းမှုကိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းတာသင့်တော်တယ် အပစ်အခတ် ရပ်စဲရေး ကာလကို ထပ်မံ တိုးမြှင့်တာကိုလက်ခံတယ်လို့ (RCSS) မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဖ ဒီနေ့ ပြောလိုက်ပါတယ်။ ” ကြိုဆိုတယ်ဆိုတာက ကျွန်တော်တို့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းတာသင့်တော်တယ်ပေါ့ ဒါကြောင့်ကြိုဆိုထောက်ခံတယ် နှစ်လဆိုတာတော့တော်တော်လေးကိုနည်းပါတယ် လေးလ ဖြစ်ဖြစ် ငါးလဖြစ်ဖြစ်ပေါ့…
Read Moreစဥ့်ကိုင်မှာ ရှေ့နေတစ်ယောက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်
စဥ့်ကိုင် မေ ၃ -၂၀၁၉ မောင်တာရာ (VOM) မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့မှာ အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးဌေးကျော်ဆိုသူက ဥပဒေအာဏာ သက်ရောက်မှု အညီအမျှဖြစ်ရေးအတွက် ဒီနေ့ နံနက် ၉ နာရီက စဥ့်ကိုင်မြို့ပေါ်မှာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ”အရင်တခါ ဆန္ဒထုတ်ဖော်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့လုပ်ခဲ့တာ၊ ဒါပေမယ့်လည်း ထိရောက်မှုမရှိခဲ့ဘူး။ တာဝန်ရှိတဲ့လူတွေအားလုံးက လစ်လျှူရှုနေကြတယ် ။ အခုအကြိမ်က တရားဥပဒေ စိုးမိုးမှုမရှိရုံမကဘူး ဥပဒေချိုးဖောက်တဲ့သူများကို အရေးယူရာမှာ ဘက်လိုက်မှု ဖုံးကွယ်မှုများနဲ့ ပြစ်မှုကျူးလွန်သူကို တွေ့ရှိပါလျှက် အမှုဖွင့်ထားရုံမှအပ အရေးယူဆာင်ရွက်မှုတွေ အချိန်ဆွဲနေတာ ” ဟု အထက်တန်းရှေ့နေ ဦးဌေးကျော်က က ပြောပါတယ်။ စဥ့်ကိုင်မြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအလိုက် လုပ်ဆောင်မှုအားနည်းနေမှုအပေါ် အထက်တန်းရှေ့နေ ဦးဌေးကျော်ဟာ တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့်…
Read Moreစစ်ဘေးရှောင်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို မတားဆီးဖို့နဲ့ NGO/INGO တွေကို ခွင့်ပြုပေးဖို့ လွှတ်တော်မှာ အဆိုတင်
စစ်တွေ၊ မေ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံ သုံးသောင်းကျော်ဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ယာယီကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြရတာ ၅ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ဖို့အခက်အခဲတွေရှိနေသလို စားဝတ်နေရေးအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတာကြောင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေကို မတားဆီးဖို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO တွေက အကူအညီပေးတာတွေကို ခွင့်ပြုပေးဖို့အတွက် မေလ ၂ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ “လောလောဆယ်မှာ စစ်ပွဲတွေက ရပ်နိုင်မယ့်အနေအထားမတွေ့ရဘူး။ စစ်ဘေးရှောင်တွေကလည်းတိုးလာနေတယ်။ ဒါကြောင့် ရေရှည်မှာအခက်အခဲတွေ ပိုပြီးတော့ကြုံရနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတာအဖွဲ့အစည်းတွေက ကူညီခွင့်ရမှပဲ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုကိုတင်သွင်းရတာဖြစ်ပါတယ်။”လို့ အဆိုတင်သွင်းသူ ဦးအောင်ကျော်ထွီးကပြောပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေကို…
Read Moreဇာတ်ကားအတူရိုက်ဖို့ နေတိုးကို ရှိန်နေတယ်ဆိုတဲ့ နေခြည်ဦး
ရန်ကုန် မေ ၃- ၂၀၁၉ သင်းသဒ္ဒါ (VOM) Beauty Blogger တယောက်ကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ နေခြည်ဦးကတော့ ရို့မန့်ဇာတ်ကားရိုက်ဖို့ နေတိုးကို ရှိန်နေတယ်လို့ ဆိုပါတယ်။ ”ဒီဇာတ်ကားမရိုက်ခင် ကိုနေတိုးနဲ့တွဲသရုပ်ဆောင်ရမယ် ဆိုတော့ ဟုတ်ရောဟုတ်ရဲ့လားပေါ့။ နေခြည်လို အသစ်တစ်ယောက်ကို လက်ခံရိုက်ကူးမယ်ဆိုတော့ ကိုယ့်လိုအသစ်တစ်ယောက်အတွက် ဇာတ်လမ်းအတွက် လိုအပ်ချက်တွေရှိနေရင် စိတ်များငြိုငြင်မလားပေါ့။ စွယ်စုံရမင်းသားတစ်ယောက်လို့ နေခြည်က သတ်မှတ်ထားတယ်။ ဒီရို့မန့်ကားဆိုတော့ နေခြည်က ကိုနေတိုးကို နည်းနည်းတော့ရှိန်ပါတယ်။ သူ့က ကိုယ့်ကိုအရမ်း ချစ်ပြရမှာလေ။ ကိုယ့်အရမ်းလေးကြိုက်တဲ့မင်းသား၊ အရမ်းလေးစားရတဲ့ မင်းသားရိုက်ရမှာ ကာရိုက်တာထဲ မုဒ်မ ရောက်မှာနေခြည် စိတ်ပူပါတယ်”လို့ဆိုပါတယ်။ သူမကတော့ဒါရိုက်တာ ( အာရုဏ်ဦး) ပွင့်သိဂီဇော် က ရိုက်ကူးမယ့် ”အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားမှာတော့ နေရွှေသွေးအောင်က ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ပြီးတော့ နေတိုး…
Read Moreရသေ့တောင်မြို့နယ်မှာ ပစ်ခတ်ခံရတဲ့ ကျောက်တန်းကျေးရွာသား ၆ ဦး စစ်တွေဆေးရုံကိုရောက်ရှိ
စစ်တွေ၊ မေ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေစဉ် မေလ ၂ ရက်နေ့ မနက် ၂ နာရီကျော်မှာ တပ်မတော်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ ပါတယ်။ အဲ့ဒီဒဏ်ရာရရှိသူတွေကို ဒဏ်ရာပြင်းထန်တဲ့အတွက် ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ်ဆေးရုံကနေ စစ်တွေ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တဲ့အတွက် မေလ ၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ကို ဧပြီ ၃၀ ရက်နေ့မှာ အစည်းအဝေးလုပ်မယ်ဆိုပြီးခေါ်တယ်။ တစ်ရွာလုံးစာသင်ကျောင်းကို လာရမယ်လို့ခေါ်တယ်။ အဲ့ဒီမှာ ယောက်ျားတွေကို ဖမ်းဆီးထားတယ်။ တစ်ယောက်မှ ပြန်မလွှတ်ဘူး။ နောက်တော့ ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေကို လွှတ်ပေးလိုက်တယ်။ ရွာသား…
Read More၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး တမူး မြို့တွင်း လှည့်လည် တောင်းဆို
တမူး မေ၃-၂၀၁၉ သစ်တော် (VOM) တမူးခရိုင် တမူးမြို့မှာ ဒီနေ့မနက် ၉နာရီက ဗိုလ်ချုပ်ပန်းခြံကနေ တမူးမြို့အတွင်းကို လူအင်အား၃၀၀၀်ခန့်ဟာ မြို့တွင်းလှည့်လည်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဒါအပြင် အဲ့ဒီဗိုလ်ချူပ်ပန်းခြံအတွင်းမှာလည်း စာရေးဆရာ ထင်လင်းဦးနဲ့ တောင်လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီးဟောပြောခဲ့ကြတယ်လို့သိရပါတယ်။ ”တို့အတွက်ဘယ်သူကတန်ဖိုးရှိတယ် ဘယ်သူဘယ်ပါတီက လုပ်ပေးနိုင်တယ်ဆိုတာ သေခြာစဉ်းစားပြီးထောက်ခံပါ”လို့ စာရေးဆရာ တောင်လုံးပြန်က ပြောပါတယ်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တမူးမြို့ကဦးဆောင်သူတစ်ဦးဖြစ်သူ ဒေါ်ချိုချိုအောင်ကတော့ ” ပြည်သူ့ဆန္ဒမပါဘဲရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့ထပ်တူကျအောင်ပြင်ဆင်စေချင်ပါတယ် ဒါမှလဲ ဒီမိုကရေစီရဲ့အနှစ်သာရကို ပြည်သူတွေအပြည့်အဝခံစားနိုင်မယ်လို့” လို့ပြောပါတယ် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ပြီးလုပ်နေတာကိုလည်း ထောက်ခံကြောင်း ဆန္ဒပြသူတွေက ထုတ်ဖေါ်ခဲ့ကြပါတယ်။ #voiceofmyanmar #တမူး #၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး
Read Moreအမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.David Hale ရခိုင်ပြည်နယ်ခရီး ဘာတွေလုပ်ခဲ့သလဲ
စစ်တွေ၊ မေ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.David Hale နဲ့အဖွဲ့တို့ဟာ မေလ ၂ ရက်နေ့ကနေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။ အဲ့ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ခွင့်ရရှိရေးနဲ့ပတ်သက်လို့ အခုလိုလာရောက် လေ့လာမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်တွေမြို့ပေါ်အောင်မင်္ဂလာရပ်ကွက်က ဘင်္ဂါလီတွေနဲ့တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့လည်း တွေ့ဆုံတွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှကတွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်းရင်းကို ပြောပြတာက “သူတို့ပြောတာက အဓိကအကြောင်းအရာ နှစ်ခုပါပဲ။ ပထမက ဘင်္ဂါလီတွေကိစ္စပါ။ နောက်တစ်ခုက AA နဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စဖြစ်ပါတယ်။ ဒီနှစ်ခုကိုပဲ ဆွေးနွေးသွားတာပါ။ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ဖို့ အခြေအနေတွေက ဘယ်လိုရှိလဲဆိုတာကို မေးမြန်းတယ်။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက် ဖြေကြားပေးလိုက်ပါတယ်။”လို့ ပြောကြားပါတယ်။ ဒါ့အပြင် ဘင်္ဂါလီတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာတော့ ဘင်္ဂါလီတွေဘက်က စားရေးသောက်ရေးအခက်အခဲ ဖြစ်နေတဲ့အတွက် အောင်မင်္ဂလာရပ်ကွက်က…
Read Moreဇလုံတောင်တော် ခြေရင်းက ခမိုး ကားဝင်းကုမ္ပဏီကို ဒေသခံတွေက ဆန္ဒဖော်ထုတ်
ဗန်းမောက်- မေ ၃-၂၀၁၉ နိုင်ကြီး – ကသာ + စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော် ခြေရင်းက ခမိုး ကားဝင်း နှင့် အနားယူအပန်းဖြေစခန်းကို တည်ဆောက်ထားတဲ့ တာရင်း ကုမ္ပဏီကို ကျေနပ်မှုမရှိတာကြောင့် ဒေသခံ အင်အား(၁၀၀၀)ကျော် တို့က မေလ(၃)ရက်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်ကာ ဗန်းမောက်မြို့တွင်းမှာ လှည့်လည်ပြီး တာရိန်း ကုမ္ပဏီကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ် ။ ဗန်းမောက်မြို့နယ် ဇလုံတောင်တော် ခရီးသွားလုပ်ငန်း နှင့် စီးပွားရေးတို့ကို ကုမ္ပဏီက ခြယ်လှယ်လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည်ဟု ဆိုကာ ဗန်းမောက်မြို့နယ်ရှိ ဒေသခံ (၁၀၀၀)ကျော် တို့က မေလ(၃)ရက်နေ့ နံနက်မှာ ဗန်းမောက်မြို့ မြို့မအနောက်ရပ်မှာ လူစုဝေးပြီး မြို့တွင်းကို လှည့်လည် ခဲ့ကြတာပါ ။…
Read More