အချုပ်ကျနေတဲ့သားကို ထမင်းလာပို့တဲ့ အမေဆီက မူးယစ်​​ဆေးဝါးဖမ်းမိ

ကျောက်​ဆည်​၊ ​ဇွန်​ – ၁ – ၂၀၁၉

မောင်တာရာ(VOM)

 

မန္တ​လေးတိုင်း၊ ​ကျောက်​ဆည်​မြို့မရဲစခန်းမှာ  အချုပ်​ကျခံနေရတဲ့သားကို  ဒီနေ့ မနက်ပိုင်း ၁၁ နာရီကျော်က ထမင်းလာပို့တဲ့ အမေဆီကနေ မူးယစ်​​ဆေးဝါးအချို့ဖမ်းမိခဲ့တယ်လို့ အဲဒီရဲစခန်းက သိရပါတယ်။

 

ကျောက်​ဆည်​မြို့မရဲစခန်းမှာ တစ်လင်​တစ်​မယားအမှုနဲ့ အချုပ်​ကျနေတဲ့ ကိုကိုကြီးကို  လာ​ရောက်​​တွေ့ဆုံတဲ့ မိခင်​ဖြစ်​သူ ဒေါ်လှလှ​မော်​ စီးလာ​တဲ့ ဆိုင်​ကယ်​ကို  မူးယစ်​​ဆေးသတင်းအရ ​ကျောက်​ဆည်​မြို့ရဲစခန်း နယ်​ထိန်း​ခေါင်း​ဆောင်​နဲ့ အဖွဲ့ကနေ ရှာဖွေစစ်​ဆေးခဲ့​ပါတယ်။

 

”သူက မူးယစ်ဆေးဝါးတွေကို မြို့ပေါ်မှာ ရောင်းချနေတယ် သတင်းရထားတာရှိတယ်။ အဲဒီမှာ အချုပ်ကျနေတဲ့ သူ့သားဆီ ထမင်းချိုင့်လာပို့တာ တွေ့တော့ အဲမှာ သက်သေတွေခေါ်၊ အမျိုးသမီးရဲမေတွေနဲ့ စစ်ဆေးတော့ သူစီးလာတဲ့ ဆိုင်ကယ်ထဲက မူးယစ်ဆေးဝါးတွေကို တွေ့တယ်။”လို့ ကျောက်ဆည်မြို့မရဲစခန်း နယ်ထိန်ခေါင်းဆောင် ဒုရဲအုပ် သက်ဆွေက ပြောပါတယ်။

 

အဲဒီလို ရှာဖွေစစ်​​ဆေးရာမှာ  ဆိုင်​ကယ်​ယာဘက်​ ဖရိန်​တန်းမှာ တိပ်အနက်​နဲ့ ပတ်​ထားတဲ့ ပယ်​နယ်​ဆလင်​ပုလင်းထဲမှာ ဘိန်းဖြူလို့ ယူဆရတဲ့  ဖြူ /၀ါ​ရောင်​အမှုန့်​ ၀.၂ ဂရမ်ပါ​ တစ်ပုလင်း (ငွေကျပ်​ ၁၄၀၀၀)၊ အပြာရောင် ကပ်ခွာအိတ်အတွင်း 88/1 စာတန်း တစ်ဖက်စီပါ ပန်း​ရောင်​စိတ်​ကြွ​ဆေးပြား ၄၄ ပြား (ကျပ်​ ၁၃၂၀၀၀)ကို သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ​ဒေါ်လှလှ​မော်​ကို စစ်​​ဆေး​ရာ အဲဒီမူးယစ်ဆေးဝါးများတွေကို  ပြန်လည်ရောင်းချဖို့  ​ဒီနေ့ မနက်​အ​စောပိုင်းက လက်​ပန်​​ကျေးရွာနေ အမျိုးသားတစ်​ဦးဆီက ၅ သောင်းကျပ်နဲ့ ၀ယ်​ယူခဲ့​တာလို့ စစ်ဆေးသိရှိရတဲ့အတွက်  ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ​ကျောက်​ဆည်​မြို့မရဲစခန်းက သိရပါတယ်။

 

ဒီအမှုနဲ့ပတ်သက်ပြီး  ​ဒေါ်လှလှ​မော်​ကို ကျောက်ဆည်မြို့မရဲစခန်းကနေ   မယ(ပ)၂၉/၂၀၁၉၊ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို ​ပြောင်းလဲ​စေတတ်​​သော ​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ ၁၉(က) အရ အမှုဖွင့်​ထား​တယ်လို့ သိရပါတယ်။

#voiceofmyanmar # အချုပ်ကျနေတဲ့သားကိုထမင်းလာပို့တဲ့အမေဆီကမူးယစ်ဆေးဝါးဖမ်းမိ #ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW