ကျေးရွာ ခုနစ်ရွာလောက် မှီခိုနေတဲ့ ​ကျေးလက်​ကျန်းမာ​ရေးစင်​တာ ပြောင်းရွှေ့တဲ့အပေါ် မကျေနပ်လို့ ​ ဆန္ဒထုတ်​​ဖော်

မိုးညိ၊ ဇွန်​ – ၁ – ၂၀၁၉

မိုးယံ (VOM)

 

ကျေးရွာ ၇ ရွာက ​လူဦး​ရေ ၂၅၀၀ ဝန်းကျင်​လောက် မှီခိုအားထား​နေရတဲ့ ကရင်​​ချောင်းကုန်း ကျန်းမာ​ရေးစင်​တာ ပြန်​လည်​ချထား​ပေးဖို့ ​ဒေသခံရာနဲ့ချီပြီး ဒီ​နေ့ မနက်​က မိုးညိုမြို့နယ်​မှာ ဆန္ဒထုတ်​​ဖော်​ခဲ့ပါတယ်​။

 

“၂၀၁၅ ခုနှစ်​ကတည်းက ကျန်းမာ​ရေး ဆရာမ​တွေနဲ့ ​ဆေးကုသ​စောင့်ရှောက်​မှုခံလာတာ ငါးနှစ်​ရှိပါပြီ။ ဒီ​နေ့ဒီချိန်​ကျမှ ပြောင်းလဲမှုတွေ ဖြစ်​လာတယ်။ တခြား​ဆေးခန်းကို ​ရွှေ့တယ်​၊ ကျ​မတို့က​တော့ မူလ ကရင်​​ချောင်​ကုန်း ကျန်းမာ​ရေးစင်​တာဘဲ ပြန်​လိုချင်​တဲ့အတွက်​ အခုလို ဆန္ဒထုတ်​​ဖော်​ရခြင်းဖြစ်​တယ်​။” လို့ ဒေသခံ  ​ဒေါ်ညိုက ​ပြောပါတယ်​။

 

ကရင်ချောင်းကုန်း ကျန်းမာရေးစင်တာကို ၂၀၁၄ ခုနှစ်လောက်မှာ အရင်အစိုးရက ချထားပေးခဲ့တာဆိုပေမယ့် ပြည်ထောင်စုအမည် မပေါက်တဲ့အတွက် လက်ရှိမှာ အဲဒီ ကျန်းမာရေးစင်တာကို ပိတ်ထားပြီး နှစ်မိုင်လောက်အကွာမှာရှိတဲ့ နေရာမှာ ကျန်းမာရေးဌာနခွဲကို ဖွင့်လှစ်ပေးထားပါတယ်။

 

ဒါပေမယ့် အဲဒီပိတ်လိုက်တဲ့ မူလကျန်းမာရေးစင်တာ တည်နေရာကသာ ငကျီး၊ လှေချောင်း၊ ကရင်ချောင်ကုန်း၊ ရွာသစ်ကုန်း၊ တောရကျောင်း၊ သက်ရင်းကုန်း၊ မြောက်တောင်ယာတော ကျေးရွာတွေက ဒေသခံတွေအတွက် အဆင်ပြေနေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကလည်း  ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ပဲခူးမြို့မှာ သွားရောက်ဆွေးနွေးခဲ့ပေမယ့် ဖြေရှင်းပေးမှု မရတာကြောင့် ခုလို ဆန္ဒထုတ်ဖော်ရတာလို့ ဆိုကြပါတယ်။

 

ဒါ့အပြင် ကရင်ချောင်းကုန်း ကျန်းမာရေးစင်တာကို ရွှေ့ပြောင်းတာနဲ့ ပတ်သက်လို့ ပြည်သူ့မျက်နှာမကြည့်ဘဲ သြဇာသုံးဆောင်ရွက်တယ်ဆိုပြီး ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ကိုလည်း  ပြစ်တင်ပြောဆိုမှုတွေ ရှိပါတယ်။

 

“ပြီးခဲ့တဲ့ အစိုးရကချပေးတာပါ၊ နေရာလွဲမှားပြီး ချပေးတာပါ။ ကျနော်ကနေ မလျော်သြဇာ သုံးပြီး လုပ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါစွပ်စွဲတာပါ။ ပြည်ထောင်စု အမည်ပေါက်တာက အခုဆေးခန်းအသစ် ကရင်ချောင်း ကျေးလက်ကျန်းမာရေးစင်တာပါ။” လို့ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းက ပြောပါတယ်။

 

၂၀၁၅ခုနှစ်​တည်းက တရားဝင်​ချထား​ပေးခဲ့​သော ကရင်​​ချောင်းကုန်း ​ကျေးလက်​ကျန်းမာ​ရေးစင်​တာ ပြန်​လည်​ချထား​ပေးရန်​ နဲ့ ကျန်းမာ​ရေးဝန်​ထမ်းပြန်​လည်​ခန့်​ထား​ပေး​ရေး (ဒို့အရေး )၊ ပြည်​သူအချင်းချင်း​စိတ်​ဝမ်းကွဲ​အောင် ​ဥပ​ဒေကို မျက်​ကွယ်​ပြု ​ဆောင်​ရွက်​​နေ​သော မိုးညိုမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ကျော်​မျိုးမင်း(အလိုမရှိ) စတာ​တွေကို ​​ကြွေး​ကြော်​ပြီး ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။

 

မိုးညိုမြို့ ဗိုလ်​ချုပ်​​ကြေးရုပ်​က​နေ ဗိုလ်​ချုပ်​​အောင်​ဆန်းလမ်းမကြီးအတိုင်း မြို့နယ်​ကျန်းမာ​ရေးဦးစီးဌာနရှေ့ လှည့်​လည်​ပြီး​​ လမ်း​လျှောက်​ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်​ပါတယ်​။

 

အဲဒီ မူလကျန်းမာရေးစင်တာကို ဆယ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်မပေးပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ ဒေသေခံတွေက ပြောပါတယ်။

 

 

#voiceofmyanmar #ကျေးရွာခုနစ်ရွာလောက်မှီခိုနေတဲ့ကျန်းမာရေးစင်တာပြောင်းရွှေ့တဲ့အပေါ်မကျေနပ် #ဆန္ဒထုတ်ဖော်  #ပဲခူး #မိုးညို

Related posts

Leave a Comment

VOM News

FREE
VIEW